Friday, June 5, 2026

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဇယ်ဆီ HSD...

ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း...

မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းဒေသများတွင်...

မုတ်သုံလေအားကောင်းနေမှုကြောင့် နိုင်ငံတစ်ဝန်းဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေသည့် ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၅ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင်...

စစ်ကိုင်းမြို့ရှိ လ.ဝ.က ရုံး၌ ပေါ-က်ကွဲမှုဖြစ်...

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ ပါရမီရပ်ကွက်ရှိ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနရုံးဝင်းအတွင်း၌ ယနေ့ ဇွန် ၅ ရက်နံနက် ၁၀ နာရီခွဲခန့်က ပေါ-က်ကွဲမှုဖြစ်ပွားခဲ့ကြောင်း လုံခြုံရေးအဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။ အဆိုပါ...
HomeMovies“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို...

“နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” လူငယ်စကားဝိုင်းကျင်းပ

လူငယ်များအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကြရန် ပြည်ထောင်စုဝန်​ကြီး တိုက်တွန်း

နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတွင် လူငယ်များ တက်ကြွစွာပါဝင်လာစေရန် ရည်ရွယ်၍ “နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းအခမ်းအနားကို ဇွန်လ (၄) ရက်နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး သာကေတမြို့နယ်ရှိ လူငယ်စင်တာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ ဒုတိယဥက္ကဌ(၁)၊ လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်း၊ ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဌနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌနှင့် ဒုတိယဥက္ကဌများ၊ တာဝန်ရှိသူများ၊ လူငယ်ကိုယ်စားလှယ်များ၊ လူမှုကူညီရေးအဖွဲ့အစည်းများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

အဖွင့်အမှာစကားပြောကြားရာတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမောင်သင်းက လူငယ်များသည် နိုင်ငံ၏ အဖိုးတန်သက်ရှိသယံဇာတများဖြစ်ကြောင်း၊ လူငယ်များအတွက် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံအနာဂတ်အတွက် အကောင်းဆုံးရလဒ်များ ဖော်ဆောင်နိုင်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် လူငယ်များ၏ အရည်အသွေးမြင့်မားရေး၊ ဝေဖန်ပိုင်းခြားတွေးခေါ်နိုင်စွမ်းနှင့် ခေါင်းဆောင်မှုအရည်အသွေးများ တိုးတက်စေရန် လူငယ်ဖိုရမ်များနှင့် စကားဝိုင်းများကို အလေးထားဆောင်ရွက်နေကြောင်း၊ လူငယ်များအနေဖြင့် စည်းလုံးညီညွတ်မှုဖြင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ကြရန် တိုက်တွန်းပြောကြားခဲ့သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်လှုပ်ရှားမှု Video Clip ကို ပြသခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက စကားဝိုင်း Moderator/Speaker များနှင့် အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံတိုက်ကွမ်ဒိုအဖွဲ့ချုပ်နှင့် မြန်မာ့ရိုးရာခြင်းလုံးအဖွဲ့တို့က အားကစားသရုပ်ပြအစီအစဉ်များ တင်ဆက်ခဲ့ကြပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြသည်။

ဒုတိယပိုင်းအစီအစဉ်တွင် လူငယ်အဖွဲ့ခေါင်းဆောင်(၅)ဦးက “နိုင်ငံဖွံ့ဖြိုးဖို့ လူငယ်များ၏ အနာဂတ်ကို မြှင့်တင်စို့” ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသည့် လူငယ်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ဒီဇယ်ဆီ HSD (500 ppm) အပေါ် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုရေး လွှတ်တော်သို့ ပေးပို့

ဒီဇယ်ဆီ HSD (500 ppm) အပေါ် ကောက်ခံလျက်ရှိသည့် အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ကင်းလွတ်ခွင့်ပြုနိုင်ရေးအတွက် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ခဲ့ကြောင်း သိရသည်။ ဇွန် ၄ ရက် နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ၌ ကျင်းပသည့် တတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အဆိုပါကိစ္စကို ပေးပို့ခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်သမ္မတထံမှပေးပို့ထားမှုနှင့်ပတ်သက်၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ဒု-ဝန်ကြီးဦးဟန်ဝင်းအောင်က ယခုကာလတွင် အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခများကြောင့် အခြားဒေသတွင်းနိုင်ငံများနည်း တူ နိုင်ငံတော်အစိုးရအနေဖြင့် အခြေခံစားသောက် ကုန်၊...

မုတ်သုံလေအားကောင်းမှုကြောင့် ရန်ကုန်၊ ပဲခူးနှင့် စစ်ကိုင်းဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်နိုင်

မုတ်သုံလေအားကောင်းနေမှုကြောင့် နိုင်ငံတစ်ဝန်းဒေသအများအပြားတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ပြီး မိုးတိမ်တောင်များဖြစ်ထွန်းနေသည့် ဒေသများတွင် မိုးသက်လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဇွန် ၅ ရက်တွင် သတိပေးထုတ်ပြန်ထားသည်။ ထုတ်ပြန်ချက်အရ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)တို့တွင် နေရာကွက်ကျား မိုးရွာနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း သိရသည်။ ထို့ပြင် ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ် မိုးရွာနိုင်ကာ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာနိုင်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊...

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းရေတိုက်စား၍ လမ်းပျက်စီးခဲ့

ဧရာဝတီတိုင်းရှိ ဂျက်ကာ-စိန်တောင် မော်တင်လမ်း၏ တင်းချောင်းတံတား ချဥ်းကပ်လမ်းမှာ ယနေ့ ဇွန် ၅ ရက်နံနက် ၆ နာရီခန့်က ရေတိုက်စား၍လမ်းပျက်စီးခဲ့ကြောင်း သိရသည်။ ဂျက်ကာ-စိန်တောင် မော်တင်လမ်း မိုင်တိုင်အမှတ် ၅၆/၀ နှင့် ၅၆/၁ ကြား တံတားအမှတ်(၁/၅၇) အရှည် (၁၀၀)ပေရှိ တင်းချောင်းတံတားသည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစီးဆင်းရာမှ တံတား၏ပုသိမ်ဘက်ခြမ်းချဉ်းကပ်လမ်းမှာ ရေတိုက်စားကာပျက်စီးမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထို့ကြောင့် သက်ဆိုင်ရာလမ်းဦးစီးဌာနမှ ပြင်ဆင်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071