Thursday, June 11, 2026

ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့...

ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr....

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန်...

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင်...

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု...

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့်...

တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး ဥပဒေမူကြမ်းနှင့် မြို့တော်စည်ပင်သာယာရေး...

နေပြည်တော်ကောင်စီ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် ပြဋ္ဌာန်းကျင့်သုံးနေကြသည့် စည်ပင်သာယာရေး ဥပဒေများဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို Hybrid စနစ်ဖြင့် ယမန်နေ့က ဥပဒေရေးရာဝန်ကြီးဌာနတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ တိုင်းဒေသကြီး၊ ပြည်နယ်စည်ပင်သာယာရေး...
HomeNewsLocal Newsနိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ငြိမ်အေးချမ်းရေးမှာ အရေးကြီးသည့်လုပ်ငန်းတစ်ခုဖြစ်သည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၁၀)နှစ်ပြည့် နှစ်ပတ်လည်နေ့အခမ်းအနားသို့တက်ရောက်၍ မိန့်ခွန်းပြောကြားရာ၌ အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်တွင် မိမိတိုတိုင်းပြည်၏ ပကတိလိုအပ်ချက်သည် တည်ငြိမ်အေးချမ်းရေးဖြစ်ပြီး တည်ငြိမ်အေးချမ်းမှုရှိမှသာ ပြည်သူလူထုသည် ကောင်းမွန်စွာစီးပွားရှာနိုင်ပြီး လုံခြုံစွာနေထိုင်နိုင်မည်ဖြစ်ကာ ခိုင်မာတိုးတက်သောလူမှုစီးပွားဘဝများကိုတည်ဆောက်နိုင်မည်ဟု ပြောသည်။

ထို့ကြောင့် ပြည်သူလူထုနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ခုဖြစ်သော တည်ငြိမ်အေးချမ်းရေးကို အရေးကြီးသည့်လုပ်ငန်းတစ်ခုအဖြစ် မိမိတို့အားလုံး မဆုတ်မနစ်ဆက်လက်ဆောင်ရွက်ကြရမည်ဟု တိုက်တွန်းပြောကြားသည်။

” လွတ်လပ်ရေးရပြီးနောက်ပိုင်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်လမ်းစဥ်ချုပ်ငြိမ်းစေဖို့အတွက် ခေတ်အဆက်ဆက်အစိုးရတွေက နည်းလမ်းမျိုးစုံနဲ့ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ် လက်ရှိအချိန်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ကို ဆက်လက်ကြိုးပမ်းဆောင်ရွက်နေဆဲဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက ပြောသည်။

ထိုသို့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်တွင်း၌ ငြိမ်းချမ်းမည်ကိုမလိုလားသည့် ပြည်တွင်း/ပြည်ပအဖွဲ့အစည်းများက နည်းလမ်းပေါင်းစုံအသုံးပြုကာနှောင့်ယှက်နေကြသဖြင့် အဓိပ္ပာယ်အားဖြင့် လွန်စွာလေးနက်ပြီး အမြဲထာဝရမှန်ကန်နေသည့် အမှန်တရားဖြစ်သော ပြည့်အင်အားသည် ပြည်တွင်းမှာရှိသည်ဆိုစကားအတိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် အလေးထားလိုက်နာရန်လိုအပ်သည်ဟု မြန်မာနိုင်ငံတော် ယာယီသမ္မတက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပညာရေးပြည်ထောင်စုဝန်ကြီးနှင့် UNICEF မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်တို့ တွေ့ဆုံ

ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များဆွေးနွေး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချောချောစိန်သည် ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့(UNICEF)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Yasumasa Kimura အား ယမန်နေ့ က တွေ့ဆုံခဲ့ကြောင်း သိရသည်။ စာတတ်မြောက်မှုနှုန်းနှင့် ကျား၊ မ ကွာဟချက်ဆိုင်ရာ သုတေသနလုပ်ငန်းများတွင် ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး၊ ကျောင်းပြင်ပရောက် ကလေးငယ်များ၏ ပညာသင်ယူခွင့် အခွင့်အလမ်းများနှင့် အရည်အချင်း အသိအမှတ်ပြုမှုဆိုင်ရာ ကိစ္စရပ်များ၊ စာသင်ကျောင်းများနှင့် ကလေးငယ်များအတွက် ဘေးကင်းလုံခြုံသောနေရာ ဖြစ်စေရေးအတူတကွ ဆက်လက်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း...

သမိုင်းဝင်သန်လျင်ကျိုက်ခေါက်စေတီတော်မြတ်ကြီးရှိ ဘိုးဘိုးကြီးနန်းနှင့် စောင်းတန်းပြန်လည်ပြုပြင်နေ ကုသိုလ်တော်ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်ရန်ကုန်မြို့၏ တစ်ဖက်ကမ်း သန်လျင်မြို့တွင် ကိန်းဝပ်စံပယ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ကျိုက်ခေါက်စေတီတော်မြတ်ကြီး၌ ဘုရားဖူးပြည်သူများ စိတ်အေးချမ်းသာစွာ ဝတ်ပြုကြည်ညိုနိုင်စေရန်အတွက် ဘိုးဘိုးကြီးနန်းနှင့်နတ်ရှင်နောင်အုတ်ဂူ တည်ရှိရာဖက် ​စောင်းတန်း အခြမ်းအား ပြန်လည်ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါစောင်းတန်းအခြမ်းရှိ ဟောင်းနွမ်းပျက်စီးနေသော အစိတ်အပိုင်းများကို ဖယ်ရှားကာ ရေရှည်တည်တံ့ခိုင်မြဲစေမည့် ပြုပြင်မွမ်းမံမှုများကို လုပ်ဆောင်နေခြင်းဖြစ်ပြီး၊ ဘုရားဖူးဧည့်သည်များ သွားလာရအဆင်ပြေစေရန် စနစ်တကျ ပြင်ဆင်နေခြင်း ဖြစ်သည်။ကျိုက်ခေါက်စေတီတော်တွင် ရှေးခေတ်မွန်နှင့် မြန်မာလက်ရာများစွာ ရှိသည့်အပြင်၊ သမိုင်းဝင် တောင်ငူခေတ် နတ်ရှင်နောင်၏ အုတ်ဂူမှာလည်း ယခုပြုပြင်နေသည့် ဘိုးဘိုးကြီးစောင်းတန်းအနီးတွင် တည်ရှိသဖြင့် သမိုင်းဝင်လက်ရာများ ပေါကြွယ်ဝသော ဘုရားကြီးလည်း ဖြစ်သည်။ မိမိတို့ တတ်စွမ်းသမျှ ပါဝင်လှူဒါန်းခြင်းဖြင့် ရှေးဟောင်းသမိုင်းဝင် စေတီတော်မြတ်ကြီး၏ သာသနာ့အဆောက်အအုံများ ရေရှည်တည်တံ့စေရေးတွင် လက်တွဲကူညီကြပါရန် နှိုးဆော်အပ်ပါသည်။

ဧရာဝတီနှင့် ချင်းတွင်းမြစ်အပါအဝင် မြစ်ကြီးအချို့တွင် ရေမှတ်များသိသိသာသာမြင့်တက်လာနိုင်ဟု မိုးဇလသတိပေး

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇွန်လ ဒုတိယ(၁၀)ရက်ပတ်အတွက် မြစ်ရေအခြေအနေခန့် မှန်းချက်များအရ မြန်မာနိုင်ငံရှိ အဓိကမြစ်ကြီးများနှင့် ၎င်းတို့၏ မြစ်လက်တက်များတွင် မြစ်ရေများသိသိသာသာမြင့်တက်လာနိုင်ကြောင်း သိရသည်။ ဧရာဝတီမြစ်ရေသည် အထက်ပိုင်းနှင့် အလယ်ပိုင်းမြို့ကြီးများတွင် အမြင့်ဆုံးအခြေအနေအထိမြင့်တက်လာနိုင်ကာ (၆)ပေမှ(၁၂)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မြစ်ကြီးနား၊ ဗန်းမော်၊ ရွှေကူ၊ ကသာ၊ သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးနှင့် ချောက်မြို့တို့ဖြစ်ကြောင်း သိရသည်။ (၂)ပေမှ (၄)ပေခန့်အထိမြင့်တက်နိုင်သည့်မြို့များမှာ မင်းဘူး၊ မကွေး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟင်္သာတနှင့် ဇလွန်မြို့တို့ဖြစ်ပြီး ချင်းတွင်းမြစ်ရေသည်လည်း မြစ်ဝှမ်းဒေသတစ်လျှောက်တွင် (၈)ပေမှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071