သုခဒဂုံ ပြည့်သူ့အငှါးအိမ်ရာအတွင်း တရားဝင်နေထိုင်ခွင့်ရသူမှအပ ထပ်ဆင့်ငှါးရမ်းခြင်း၊ အခန်းများ အရောင်းအဝယ်လုပ်ခြင်းများ စစ်ဆေးပေါ်ပေါက်ပါက အခန်းငှါးရမ်းနေထိုင်ခွင့်ကို ပယ်ဖျ-က်၍ ဥပဒေနှင့်အညီ အရေးယူခံရမည်
သုခဒဂုံပြည်သူ့အငှားအိမ်ရာမှ အခန်းများကို တရားမဝင် ရောင်းဝယ်သည့် လူပုဂ္ဂိုလ် (၃) ဦးကို ထောင်ဒ-ဏ်ချမှတ်အရေးယူခဲ့ကြောင်း သုခဒဂုံပြည်သူ့အငှားအိမ်ရာ အိမ်ခန်းနေရာအငှားချထားရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ သိရသည်။
သုခဒဂုံ ပြည်သူ့အငှားအိမ်ရာသည် နေရေး အခက်အခဲရှိသော ပြည်သူ အငြိမ်းစားဝန်ထမ်းနှင့် တာဝန်ထမ်းဆောင်ဆဲ ဝန်ထမ်းများကို (၅) နှစ် ငှါးရမ်း နေထိုင်ခွင့်ပေးသည့် ပြည်သူ့အငှါးအိမ်ရာ ဖြစ်သည်။
သို့သော် အချို့သော ငှားရမ်း နေထိုင်ခွင့် ရရှိသူများသည် က်ိုယ်တိုင် နေထိုင်ခြင်းမရှိဘဲ ထပ်ဆင့် ငှါးရမ်းခြင်း၊ ငှါးရမ်းခွင့်စာရင်းတွင် မပါဝင်သူများကို နေထိုင်စေခြင်း၊ တစ်ချို့မှာ မိမိမပိုင်သော အခန်းများကို လက်ညှိုးထိုး ရောင်းစားခြင်း၊ စျေးဆိုင်ခန်းများကို လက်ညှိုးထိုး ရောင်းစားခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံပိုင် အခန်းများကို ခွင့်ပြုချက်မရှိ ဥပဒေမဲ့ ရောင်းစားသူများနှင့် ပူးပေါင်းပါဝင်သူများကို တရားစွဲဆိုခဲ့ရာ ၃ ဦးကို တရားရုံးမှ ပြည်သူပိုင်ပစ္စည်း ကာကွယ်ရေးဥပဒေ ပုဒ်မ -၆(၁) အရ ပြစ်မှု ကျူးလွန်သဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁) နှစ် ကျခံစေခဲ့ကြောင်း သိရသည်။
ထို့ပြင် ဌာနမှလည်း အိမ်ခန်းငှါးရမ်းခွင့်ပယ်ဖျ-က်ပြီး အခန်းကို ပြန်လည် သိမ်းယူခဲ့ပြီးဖြစ်သည်ဟုဆိုသည်။
သို့ဖြစ်ပါ၍ သုခဒဂုံ ပြည့်သူ့အငှါးအိမ်ရာအတွင်း တရားဝင် နေထိုင်ခွင့်ရသူမှ အပ ထပ်ဆင့်ငှါးရမ်းခြင်း၊ အိမ်ငှါးစာချုပ်တွင် မပါဝင်သူများကို နေထိုင်စေခြင်းနှင့် အခန်းများ အရောင်းအဝယ် လုပ်ခြင်းများကို ရှောင်ကျဉ်ကြရန် နှင့် စစ်ဆေး ပေါ်ပေါက်ပါက အခန်းငှါးရမ်းနေထိုင်ခွင့်ကို ပယ်ဖျ-က်၍ ဥပဒေနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း အသိပေးထားသည်။