Monday, August 17, 2026

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က်...

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး...

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control...

တောင်ကိုရီးယားတောင်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် တစ်ဦး‌ေ-သဆုံး၊...

တောင်ကိုရီးယားနိုင်ငံတောင်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြေပြိုမှုဖြစ်ပွားခဲ့ရာ လူတစ်ဦး‌ေ-သဆုံးပြီး သုံးဦး ဒ-ဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းမီဒီယာများက တနင်္လာနေ့တွင် ဖော်ပြခဲ့သည်။ ဂျောင်ဆန်တောင်ပိုင်းပြည်နယ်၊ ဂျီယိုဂျဲမြို့ရှိ လူနေတိုက်ခန်းအဆောက်အအုံတစ်ခုတွင် မြေပြိုမှုဖြစ်ပွားခဲ့ပြီး...
HomeMoviesနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တွေ့ဆုံကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေး မြန်မာ-အိ န္ဒိယ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

မြန်မာ-အိန္ဒိယနှစ်နိုင်ငံ စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေရေးတို့နှင့်ပတ်သက်၍ အိန္ဒိယနိုင်ငံသို့ တရားဝင်ခရီးစဥ်ရောက်ရှိနေသည့် နိုင် ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန် ကြီးချုပ် H.E. Shri Narendra Modi တို့ ယနေ့ ဇွန် ၁ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ရှိ Hyderabad House တွင်တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

နိုင်ငံတော်သမ္မတနှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ကုန်သွယ်ရေးနှင့် စီးပွားရေးအရဆက်ဆံရေး၊ ကာ ကွယ်ရေးနှင့် လုံခြုံရေး၊ နယ်စပ်ဒေသစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးရေးအကူအညီများနှင့် ယဉ်ကျေးမှုဆိုင်ရာဖလှယ်မှုများအပါအဝင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာအားကောင်းလာစေရန်အရေးကြီးကြောင်းကို ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် မြန်မာ-အိန္ဒိယဆွေးနွေးလျက်ရှိသည့် နားလည် မှုစာချွန်လွှာများ၏ အခြေအနေကိုမှတ်သားထားပြီး အမြန်ဆုံးလက်မှတ်ရေးထိုးနိုင်ရေး၊ နှစ်နိုင်ငံလမ်းပန်းဆက်သွယ်ရေးပိုမိုကောင်းမွန်လာပါက ဒေသတွင်း၌ အပြန်အလှန်အကျိုးရှိစေမည့် စီးပွားရေးချိတ်ဆက်မှုများနှင့် နှစ်နိုင်ငံစည်ပင်ထွန်းကားလာစေမည်ဖြစ်၍ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးဖြတ်သန်းသယ်ယူပို့ဆောင်ရေးစီမံကိန်းနှင့် အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတို့အပြီးသတ်နိုင်ရေးအတွက် နီးကပ်စွာပူးပေါင်းဆောင်ရွက်ရန်လည်း ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က ၂၀၂၆ ခုနှစ်မှစတင်၍ မြန် မာကျောင်းသားများအတွက် မဲခေါင်-ဂင်္ဂါ ICCR ပ ညာသင်ဆုများကို လက်ရှိပေးအပ်လျက်ရှိသော ပညာသင်ဆု(၃၆)ခုမှ ပညာသင်ဆု(၁၀၀)အထိ တိုးမြှင့်ပေးမည်ဟု အသိပေးပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် အိန္ဒိယနိုင်ငံဝန်ကြီးချုပ်တို့သည် ရူပီး-ကျပ်ငွေပေးချေမှုစနစ် အပါအဝင် နှစ်နိုင်ငံကုန်သွယ်မှုကို ပိုမိုလွယ်ကူချောမွေ့စေရန်နှင့် တိုးမြှင့်ဆောင်ရွက်ရန် ဆွေးနွေးသဘောတူခဲ့ကြပြီး သက်ဆိုင်ရာ ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စိုက်ပျိုးရေးအခြေခံကုန်ထုတ်လုပ်မှု၊ ရေနံ၊ စွမ်းအင်၊ သတ္တုတွင်းကဏ္ဍများကဲ့သို့ အပြန်အလှန် အ ကျိုးဖြစ်ထွန်းသည့် နယ်ပယ်များတွင်ပိုမိုနီးကပ်သော ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပူးပေါင်းဆောင် ရွက်ရေး၊ အချုပ်အခြာအာဏာပိုင်နယ်မြေ တစ်ဖက်နိုင် ငံ၏ လုံခြုံရေးထိခိုက်နစ်နာစေမည့် မလျော်ကန်သောဆောင်ရွက်မှုများကိုတားဆီးကာကွယ်ရန်တို့ကိုလည်း ဆွေးနွေးခဲ့ကြသည်။

အိန္ဒိယနိုင်ငံဝန်ကြီးချုပ်က မြန်မာနိုင်ငံ၏ အချုပ်အ ခြာအာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့်ထောက်ခံကာ အိန္ဒိယနိုင်ငံအနေဖြင့် မြန် မာနိုင်ငံအတွက် ခိုင်မာပြီးယုံကြည်စိတ်ချရသော မိတ်ဖက်နိုင်ငံအဖြစ် နှစ်နိုင်ငံကြား လုံခြုံရေးဆိုင်ရာပူး ပေါင်းဆောင်ရွက်မှုများပိုမိုနက်ရှိုင်းစေရန်ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် မြန်မာဦးဆောင်သောကြိုးပမ်းအား ထုတ်မှုများကိုထောက်ခံကာ နှစ်နိုင်ငံကြား အပြန်အ လှန်လေးစားမှုနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကိုအခြေခံ၍ ကူညီပံ့ပိုးမှုများနှင့် ပူးပေါင်းဆောင်ရွက်မှုများကိုဆက်လက်ပေးအပ်သွားမည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က မြန်မာနိုင်ငံ၏ နယ်မြေအား အိန္ဒိယနိုင်ငံ၏ လုံခြုံရေးကိုထိခိုက်စေရန် အသုံးပြုခွင့်ပြုမည်မဟုတ်ဘဲ အိန္ဒိယနိုင်ငံ၏ အပြုသ ဘောဆောင်သည့် ပံ့ပိုးကူညီမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ၊ အိန္ဒိယနိုင်ငံခရီးစဉ်အတွင်း နိုင်ငံတော်သမ္မတနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့အား နွေးထွေးပျူငှာစွာ ဧည့်ဝတ်ကျေပွန်မှုတို့အတွက် ဝန်ကြီးချုပ် ရှရီ နာရန်ဒရာ မိုဒီအား အထူးကျေးဇူးတင်ကာ အိန္ဒိယနိုင်ငံဝန်ကြီး ချုပ်အနေဖြင့် နှစ်ဖက်အဆင်ပြေမည့်ကာလတွင် မြန် မာနိုင်ငံသို့လာရောက်ရန်လည်း ဖိတ်ကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဘယ်လာရုစ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ်ဂုဏ်ပြုညစာစားပွဲ ရန်ကုန်မြို့တွင်ကျင်းပ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(USDP)၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌ Ms. H.E VOLHA CHAMADANAVA ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ချစ်ကြည်ရေးခရီးအဖြစ်ရောက်ရှိနေသည်။ ထိုသို့ ရောက်ရှိနေရာ သြဂုတ် ၁၆ ရက်ညပိုင်းက ရန်ကုန်မြို့ရှိ Park Royal Hotel ၌ ဘယ်လာရုစ်-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေးအထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်နှင့် တာဝန်ရှိသူများ၊ ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြသည်။ ဂုဏ်ပြုညစာသုံးဆောင်ပြီးချိန်တွင် ရန်ကုန်တိုင်းလွှတ် တော်ဥက္ကဋ္ဌနှင့် ဘယ်လာရုစ်နိုင်ငံ Belaya Rus ပါတီဥက္ကဋ္ဌတို့က ကပြဖျော်ဖြေခဲ့ကြသည့် ယဉ်ကျေးမှုအဖွဲ့များနှင့် ကျောင်းသား/သူများအား...

ရန်ကုန်-မော်လမြိုင်သွားကားလမ်းတွင် ကားကြီးတစ်စီးနှင့် အဌားကားတစ်စီး မျက်နှာချင်းဆိုင်တို-က် (၂)ဦး‌ေ-သဆုံးခဲ့မှု ဝေါမြို့နယ်တွင်ဖြစ်ပွား

ပဲခူးတိုင်း၊ ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းပေါ်တွင် ယနေ့ သြဂုတ် ၁၇ ရက်နံနက် ၇ နာရီ ၁၅ မိနစ်ခန့်က ကားကြီးတစ်စီးနှင့် အဌားကား(Taxi)တစ်စီး မျက်နှာချင်းဆိုင်တို-က်မိခဲ့ကြောင်း သိရသည်။ အဆိုပါ ကားကြီးနှင့် အဌားကား (Taxi)တို့သည် ဝေါမြို့နယ်ရှိ ရန်ကုန်-မော်လမြိုင်သွားကားလမ်းမကြီး၏ မိုင်တိုင်အမှတ် ၈/၃ တွင်မျက်နှာချင်းဆိုင်တို-က်မိခဲ့ခြင်းဖြစ်ပြီး အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့မှာ အခင်းဖြစ်နေရာ၌‌ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ ထို့ကြောင့် ရုပ်အလေ-ာင်းများအား ဝေါလူမှုကူညီရေးအသင်းက ဝေါမြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုကြောင့် ဒဂုံအရှေ့နှင့် ဒဂုံမြောက်ပိုင်းတို့၌ ရေဖြန့်ဖြူးပေးဝေရေးပိုက်လိုင်းကွန်ရက်များအတွင်းရေအားနည်းမှုများဖြစ်ပေါ်‌နိုင်

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်တို့သို့ ရေပေးပို့နေသော   ရေပေးဝေရေးစခန်းဇုန်(၇)ရှိ  66/6.6 kV, 4MVA ဓာတ် အားခွဲရုံနှင့် ရေတွန်းစက်ကြီးများ၏ Control ပိုင်းတို့တွင် သြဂုတ် ၁၆ ရက်ည ၆ နာရီခန့်က လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ထိုသို့ ဖြစ်ပေါ်ခဲ့ခြင်းကို ရန်ကုန်မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာန(ရေနှင့် သန့်ရှင်းမှု)က သြဂုတ် ၁၆ ရက်ညပိုင်းတွင် အသိပေးထုတ်ပြန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ လျှပ်စစ်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် လိုအပ်သည့်စစ်ဆေးပြုပြင်ထိန်းသိမ်းခြင်းများကို အမြန်ဆုံးပြီးစီးနိုင်ရေးဆောင်ရွက်နေချိန်တွင် ရေတွန်းစက်ကြီးများအား ခေတ္တရပ်နားထားရမည်ဟုလည်းအသိပေးခဲ့ကြောင်း သိရသည်။ ရေတွန်းစက်ကြီးများ ခေတ္တရပ်နားထားရချိန်၌ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071