စီရမ်ရိ၊ စက်တင်ဘာ ၁၂ ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် စီရမ်ရိပြည်နယ်ရှိ ကမ္ဘာ့အမွေအနှစ် အန်ကောဒေသအတွင်းရှိ ဘာယွန်ဘုရားကျောင်း (Bayon Temple) သို့ သွားရောက်ကြည့်ရှုလေ့လာခဲ့သည်။ နိုင်ငံတော်သမ္မတသည် ဘာယွန်ဘုရားကျောင်းအတွင်းရှိ ရှေးဟောင်းဗိသုကာလက်ရာများနှင့် ကျောက်ဆစ်လက်ရာများကို လှည့်လည်ကြည့်ရှုလေ့လာခဲ့ပြီး ဘုရားကျောင်းအား နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုဖြင့် ပြုပြင်ထိန်းသိမ်းစောင့်ရှောက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြမှုများကို လေ့လာခဲ့သည်။ ဘာယွန်ဘုရားကျောင်း ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းများကို UNESCO/Japanese Funds-in-Trust for the Preservation of World Cultural Heritage အစီအစဉ်အောက်တွင် ဂျပန်အစိုးရ၏ ပံ့ပိုးမှုဖြင့် Japan and APSARA Safeguarding Angkor (JASA) က ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းကာလကို ၂၀၂၆ ခုနှစ်မှ ၂၀၂၉ ခုနှစ်အထိ သတ်မှတ်ထားကြောင်း သိရသည်။
