ဖနောင်ပင်၊ စက်တင်ဘာ ၁၂
ကမ္ဘောဒီးယားနိုင်ငံသို့ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့ စက်တင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ဖနောင်ပင်မြို့ရှိ Techo အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ဆီရမ်ရိမြို့သို့ အထူးလေယာဉ်ဖြင့် ဆက်လက်ထွက်ခွာခဲ့သည်။
နိုင်ငံတော်သမ္မတအား လေဆိပ်၌ ခရီးစဉ်တာဝန်ခံဝန်ကြီးဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ ရေအရင်းအမြစ်နှင့် မိုးလေဝသဝန်ကြီး H.E. Mr. THOR Chetha နှင့် ကမ္ဘောဒီးယားအစိုးရ၊ လွှတ်တော်နှင့် သံတမန်ရေးရာ တာဝန်ရှိသူများက ပို့ဆောင်နှုတ်ဆက်ခဲ့ကြပြီး ဂုဏ်ပြုတပ်ဖွဲ့ကလည်း ကော်ဇောနီတစ်လျှောက် ဂုဏ်ပြုပို့ဆောင်နှုတ်ဆက်ခဲ့သည်။
