Sunday, September 6, 2026

တစ်လကို ဘတ် ၁၅,၀၀၀ ပေးမယ့်...

ထိုင်းနိုင်ငံမှာတော့ တစ်လကို လစာနဲ့ ထောက်ပံ့ကြေး စုစုပေါင်း ဘတ် ၁၅,၀၀၀ ပေးမယ့် စေတနာ့ဝန်ထမ်း စစ်မှုထမ်းစနစ်ကို ရှေ့ဆက် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ မိမိသဘောဆန္ဒနဲ့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့်...

နေပြည်တော်၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့်...

၂၀၂၇ ဆီးဂိမ်းဝင်ပြိုင်ရေး မြန်မာမြင်းစီးအဖွဲ့ချုပ် ၄၀...

၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် FEI 1 Endu...

ရန်ကုန်-ချုံချင့် တို-က်ရို-က်လေကြောင်းခရီးစဉ် တစ်ပတ် ၄...

ရန်ကုန်၊ စက်တင်ဘာ ၆ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့နှင့် တရုတ်နိုင်ငံ၊ ချုံချင့်မြို့တို့အကြား ပြေးဆွဲနေသည့် တို-က်ရို-က်လေကြောင်းခရီးစဉ်များကို လာမည့် အောက်တိုဘာ ၂၅ ရက်မှစတင်ကာ တစ်ပတ်လျှင်...
HomeNewsLocal Newsနိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ ၆

ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။

နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်အဆင့် တရားဝင်ကြိုဆိုပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့သို့ တက်ရောက်ခဲ့သည်။

ထို့ပြင် ဟိုချီမင်းဂူဗိမာန် ၊အမျိုးသားသူရဲကောင်းများနှင့်အာဇာနည်များဗိမာန်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ဗီယက်နမ်နိုင်ငံ၏ စက်မှုနှင့် နည်းပညာကဏ္ဍများဖြစ်သည့် VinFast မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံနှင့် Viettel ဆက်သွယ်ရေးကုမ္ပဏီတို့သို့ သွားရောက်လေ့လာခြင်း၊ မြန်မာ-ဗီယက်နမ် စီးပွားရေးဖိုရမ်သို့ တက်ရောက်ခြင်းနှင့် ဗီယက်နမ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပညာသင်များအား တွေ့ဆုံခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။

အဆိုပါခရီးစဉ်သည် မြန်မာ-ဗီယက်နမ် နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မာစေရေးနှင့် စီးပွားရေး၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာနှင့် အခြားကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်နိုင်ရေးတို့အတွက် အထောက်အကူပြုသည့် ခရီးစဉ်တစ်ရပ်ဖြစ်သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး၊ မြန်မာကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော်လေဆိပ်သို့ ပြန်လည်ရောက်ရှိလာရာ အစိုးရအဖွဲ့တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်သံရုံးမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တစ်လကို ဘတ် ၁၅,၀၀၀ ပေးမယ့် “စေတနာ့ဝန်ထမ်း စစ်သည်”အစီအစဉ် ထိုင်းအကောင်အထည်ဖော်

ထိုင်းနိုင်ငံမှာတော့ တစ်လကို လစာနဲ့ ထောက်ပံ့ကြေး စုစုပေါင်း ဘတ် ၁၅,၀၀၀ ပေးမယ့် စေတနာ့ဝန်ထမ်း စစ်မှုထမ်းစနစ်ကို ရှေ့ဆက် အကောင်အထည်ဖော်နေပြီ ဖြစ်ပါတယ်။ မိမိသဘောဆန္ဒနဲ့ စစ်မှုထမ်းချင်သူတွေအတွက် ထိုင်းနိုင်ငံ ကြည်းတပ်က ခေါ်ယူမယ့် “စေတနာ့ဝန်ထမ်း စစ်သည်” အစီအစဉ်အတွက် လျှောက်လွှာတွေကို ၂၀၂၆ ခုနှစ် စက်တင်ဘာလ (၁၀) ရက်နေ့ကနေ ၂၀၂၇ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့အထိ လက်ခံသွားမှာပါ။ ဒီအစီအစဉ်မှာ ပါဝင်သူတွေအနေနဲ့ ဆေးဝါးကုသခွင့်၊ အသက်အာမခံနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ထောက်ပံ့ကြေးတွေ ရရှိမယ့်အပြင်၊ စစ်ရေးလေ့ကျင့်မှု၊...

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဗီယက်နမ်နိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ်အပြီး နေပြည်တော်သို့ ပြန်လည်ရောက်ရှိ

နေပြည်တော်၊ စက်တင်ဘာ ၆ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံသို့ နိုင်ငံတော်အဆင့် တရားဝင်ချစ်ကြည်ရေးခရီးစဉ် (Official Visit) သွားရောက်ခဲ့သည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် ယနေ့ စက်တင်ဘာ ၆ ရက်တွင် အထူးလေယာဉ်ဖြင့် နေပြည်တော်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် ဗီယက်နမ်နိုင်ငံသို့ ရောက်ရှိနေစဉ် ဗီယက်နမ်နိုင်ငံခေါင်းဆောင်များနှင့် တွေ့ဆုံ၍ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်အဆင့် တရားဝင်ကြိုဆိုပွဲနှင့် ဂုဏ်ပြုညစာစားပွဲတို့သို့ တက်ရောက်ခဲ့သည်။ ထို့ပြင် ဟိုချီမင်းဂူဗိမာန် ၊အမျိုးသားသူရဲကောင်းများနှင့်အာဇာနည်များဗိမာန်တွင် လွမ်းသူ့ပန်းခွေချခြင်း၊ ဗီယက်နမ်နိုင်ငံ၏...

၂၀၂၇ ဆီးဂိမ်းဝင်ပြိုင်ရေး မြန်မာမြင်းစီးအဖွဲ့ချုပ် ၄၀ ကီလိုမီတာ ခရီးရှည်မြင်းစီး အရည်အချင်းစစ်ပြိုင်ပွဲကျင်းပမည်

၂၀၂၇ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပမည့် (၃၄)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (SEA Games) တွင် မြန်မာနိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် FEI 1 Endu rance Qualification 40km ခရီးရှည်မြင်းစီးအားကစား အရည်အချင်းစစ်ပြိုင်ပွဲကို စက်တင်ဘာ ၆ ရက်တွင် နေပြည် တော်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အရည်အချင်းစစ်ပြိုင်ပွဲကျင်းပမည့် အခြေအနေများနှင့် မြန်မာနိုင်ငံမြင်း စီးအားကစားအဖွဲ့ချုပ်၏ လှုပ်ရှားဆောင်ရွက်မှုများကို မြန်မာနိုင်ငံမြင်းစီးအားကစားအဖွဲ့ချုပ် အလုပ်အမှုဆောင်များက စက်တင်ဘာ ၄ ရက်တွင် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ်ရှိ မြင်းစီးအားကစားကွင်း၌ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071