Thursday, June 12, 2025

ရင်သွေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါ အမှတ်မမှားစေချင်ပါ

ဝဿန်ကာလ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရင်သွေးငယ်များအတွက် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်တာမို့ အလွန်ဂရုစိုက်ရမယ့် အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဟာ နှာခေါင်းသွေးလျှံတာ၊ ဝမ်းမဲမဲသွားတာ၊...

ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက်...

ရွေးကောက်ပွဲတွင်အသုံးပြုမည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက် လက်တွေ့စမ်းသပ်မဲမေးခြင်းကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အ စိုးရရုံးတွင် ဇွန်လ (၁၁)...

မြဝတီတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတောင်ကိုးရီးယား နိုင်ငံသားများကို ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား (၃)ဦးကို ထိုင်းနိုင်ငံမှတဆင့် ဇွန် (၁၀)ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ...

မြန်မာ့လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးပုံဖေါ်ခြင်းကိုတရုတ်ကန့်ကွက်

ကုလသမဂ္ဂ၊ ဇွန် ၁၁ မြန်မာနိုင်ငံ၏လူ့အခွင့်အရေးကိစ္စရပ်များကိုနိုင်ငံရေးအရပုံဖေါ်ခြင်းကိုတရုတ်နိုင်ငံက ကန့်ကွက်‌ကြောင်းတရုတ်သံတမန်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယအမြဲတမ်းကိုယ်စားလှယ်ဆန်းလီ မြန်မာနိုင်ငံနှင့်ပတ်သက်သော ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးတွင်...
HomeNewsLocal Newsနိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နယ်နိမိတ်ချင်းထိစပ်နေသည့်...

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးတွင် နယ်နိမိတ်ချင်းထိစပ်နေသည့် နိုင်ငံများကလည်း အိမ်နီးချင်းကောင်း ပီသရန်လိုအပ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်နိုင်ငံတည်း ကြိုးစားနေရုံဖြင့် မရဘဲ နယ်နိမိတ်ချင်း ထိစပ်နေသ ည့် နိုင်ငံများအနေဖြင့်လည်း အိမ်နီးချင်းကောင်း ပီသရန် လိုအပ်ကြောင်း နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ယနေ့ ဇန်နဝါရီ (၂၁) ရက် ညပိုင်းက ရန်ကုန်မြို့ရှိ သုဝဏ္ဏ အားကစားရုံ (၁) တွင် ကျင်းပသည့် တရုတ်နှစ်သစ်ကူးပွဲ တော်တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“လူတစ်ယောက်ရဲ့ ဘဝလမ်းခရီး ကောင်းမွန်စွာလျှောက်လှမ်းနိုင်ဖို့အတွက် ကာယကံရှင်တစ်ဦး တစ်ယောက် တ ည်း ကောင်းနေရုံနဲ့မရပါဘူး။ အဲဒီလူနဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင် လူ့အဖွဲ့အစည်းတွေလည်း ကောင်းဖို့ လိုအပ်ပါတယ်။ဒီလိုပါပဲ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင်လည်း အဲဒီနိုင်ငံက ကောင်းအောင် ကြိုးစားနေရုံမက သူ့နိုင်ငံရဲ့နယ်နမိတ်နဲ့ထိစပ်​နေတဲ့ အိမ်နီးချင်း​တွေဟာလည်း အိမ်နီးချင်း​ကောင်းဖြစ်ဖို့ လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

” မြန်မာနိုင်ငံဟာ တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ တရုတ်လူမျိုးများ၊တရုတ်နွယ်ဖွားမြန်မာနိုင်ငံသားများအတွက်မျက်နှာနှစ်ဖက်ဆက်ဆံ​ရေးမျိုးမရှိတဲ့ ယုံကြည်စိတ်ချရတဲ့အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်ပါတယ်။တရုတ်နိုင်ငံသည်လည်း မြန်မာနိုင်ငံအတွက် အရေးကြီးတဲ့အိမ်နီးခြင်းနိုင်ငံတစ်ခုဖြစ်သလို ဘက်စုံမဟာဗျူဟာ​မြောက်ပူး​ပေါင်း​ဆောင်ရွက်​ရေး မိတ်ဖက်နိုင်ငံတစ်ခုဖြစ်​ကြောင်း”​ပြောကြားရင်း တရုတ်နွယ်ဖွားအားလုံး အတွက်နှစ်သစ်ဆု​မွန်​ကောင်းများတောင်း​ပေးခဲ့သည်။

မြန်မာနိုင်ငံအနေဖြင့် ၁၉၄၉ ခုနှစ် ဒီဇင်ဘာလ (၁)ရက်တွ င် တရုတ်ပြည်သူ့သမ္မတ နိုင်ငံအား အသိအမှတ်ပြုသည့် ‌ ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၅၀ ဇွန်လ (၈) ရက်တွင် စတင်ခဲ့ကြောင်းလည်း နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ယင်းကဲ့သို နှစ်နိုင်ငံ သံတမန်နည်းအရ ဆက်ဆံခဲ့သည် မှာ လာမည့် ၂၀၂၃ ခုနှစ် ဇွန်လ (၈) ရက်တွင် နှစ်ပေါင်း (၇၃) နှစ် ပြည့်မြောက်တော့မည်ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံမှ ၂၀၂၂ သြဂုတ်လ (၁၀) ရက်တွင် ထုတ်ပြန်ခဲ့သည့် ထိုင်ဝမ်နှင့် ပတ်သက်သည့် တတိယအကြိမ် စက္ကူဖြူစာတမ်းပါ One China Policy ကို ထောက်ခံ​ကြောင်း​ နိုင်ငံတော် ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ထို့အပြင် ရှန်ဟိုင်းပူး​ပေါင်း​ဆောင်ရွက်​ရေးအဖွဲ့တွင် မြန် မာနိုင်ငံကို​ ဆွေး​နွေးဖက်အဖြစ် သတ်မှတ်​ပေးခဲ့ခြင်းကိုလည်း ကျေးဇူးတင်ရှိ​ကြောင်း ထည့်သွင်း​ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ရင်သွေးငယ်များအတွက် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါ အမှတ်မမှားစေချင်ပါ

ဝဿန်ကာလ မိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် ရင်သွေးငယ်များအတွက် ခြင်ကတဆင့် ကူးစက်နိုင်တဲ့ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားတတ်တာမို့ အလွန်ဂရုစိုက်ရမယ့် အချိန်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ သွေးလွန်တုပ်ကွေး ရောဂါလက္ခဏာဟာ နှာခေါင်းသွေးလျှံတာ၊ ဝမ်းမဲမဲသွားတာ၊ သွေးအန်တာ၊ တကိုယ်လုံးအေးစက်ပြီး သွေးပေါင်ချိန် အလွန်အမင်းကျဆင်းတာမျိုးများဖြစ်တတ်လို့ ပြည်သူ့ကျန်းမာရေးဌာန အသိပေးချက်တွေက ဆိုထားပါတယ်။ မိဘများအနေနဲ့ မိမိတို့ရဲ့ ရင်သွေးငယ်တွေဟာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားတာနဲ့ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားတာမတူညီဘူးဆိုတာကို ဒီစာစုကနေအမှတ်မမှားအောင် အသိပေးချင်တာဖြစ်ပါတယ်။ အချို့သော မိဘများဟာကျန်းမာရေးအသိ အားနည်းချက်တွေကြောင့် သွေးလွန်တုပ်ကွေးနဲ့ ရာသီတုပ်ကွေးရောဂါဖြ စ်ပွားမှုအပေါ် မခွဲခြားတတ်ဘဲ အချိန်လင့်မှ ဆေးရုံဆေးခန်းရောက်လာလို့ ရင်သွေးငယ်အချို့ အသက်ဆုံးရှုံးခဲ့ရတဲ့ သာဓကတွေကလည်း ဒုနဲ့ဒေးပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး...

ရွေးကောက်ပွဲတွင် အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက် (MEVM) လက်တွေ့စမ်းသပ်မဲပေးခြင်း အစီအစဉ်ကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်

ရွေးကောက်ပွဲတွင်အသုံးပြုမည် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက် လက်တွေ့စမ်းသပ်မဲမေးခြင်းကို ရှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့ရှိ ပြည်နယ်အ စိုးရရုံးတွင် ဇွန်လ (၁၁) ရက်က ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှမ်းပြည်နယ်ဝန်ကြီးချုပ်ဦးအောင်အောင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်မင်းလတ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဖိတ်ကြားထားသူ များတက်ရောက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ်ကမြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့် ပတ်သက်၍ ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက...

မြဝတီတွင် အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်သူတောင်ကိုးရီးယား နိုင်ငံသားများကို ပြန်ပို့

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၌ အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်မှုကြောင့် ဖမ်းဆီးခဲ့သည့် တောင်ကိုရီးယားနိုင်ငံသား (၃)ဦးကို ထိုင်းနိုင်ငံမှတဆင့် ဇွန် (၁၀)ရက်က ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ကိုရီးယားနိုင်ငံသား (၃)ဦးကို မြဝတီမြို့- ရွှေကုက္ကို၊ မဲ့ထော်သလေး(KK Park)နှင့် ကျောက်ခတ်နယ်မြေများရှိ အွန်လိုင်းလောင်းကစားမှုများနှင့်လိမ်လည်မှုများကို ဖော်ထုတ်မှုအတွင်း ဖမ်းဆီးမိခဲ့ခြင်းလည်း ဖြစ်သည်။ ၎င်းတို့အား ထိုင်း - မြန်မာ ချစ်ကြည်ရေးတံတား အမှတ် ၂ မှ တဆင့် ယမန်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်းလည်းဖြစ်သည်။ ဇန်နဝါရီလကုန်မှ ဇွန်လဆန်းပိုင်းအထိ ပြည်ပနိုင်ငံသား အယောက် (၉၀၀၀)ကျော်ကို ထိုင်းနိုင်ငံမှတဆင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071