Monday, April 20, 2026

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃...

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ...

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ...

အနာဂတ်စီးပွားရေးဆက်ဆံရေးအတွက် အမေရိကနှင့် စကားပြောဖို့ အချိန်ကျပြီ–လက်ဗရော့ဗ်

       ရုရှားနှင့် အနာဂတ်စီးပွားရေးဆက်ဆံရေးကို ဝါရှင်တန်ဘက်က မည်သို့အမြင်သဘောထားရှိသည်နှင့်ပတ်သက်၍ အမေရိကနှင့် ဆွေးနွေးရန် အချိန်ကျရောက်ပြီဟု တုကီ‌ယေးနိုင်ငံ အန်တာလီယာမြို့တွင် ကျင်းပသော ထိပ်သီးအစည်းအဝေးတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗရော့ဗ်က...
HomeInternationalနိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက...

နိုင်ငံတကာ လေကြောင်းခရီးစဥ် နှောင့်နှေးပါက ပြန်လည်ရရှိမည့်အခွင့်အရေးများ

မေလ ၂၀ရက်နေ့မှ စတင်၍ ထိုင်းနိုင်ငံရှိ နိုင်ငံတကာလေကြောင်းခရီးသည်များ လေယာဥ်ခရီးစဥ် နှောင့်နှေးသည့်အခါတွင် အခြေအနေအလိုက် အခွင့်အရေးများ ခံစားရရှိအောင် ဝန်ဆောင်ပေးတော့မည်ဖြစ်သည်။

အသေးစိတ် အချက်အလက်များကို ပြည်သူ့ဆက်ဆံရေးဦးစီးဌာန FB စာမျက်နှာတွင် ယနေ့ ထုတ်ပြန်ထားသည်။ပုံပါဇယားတွင်လည်း ပါရှိသည်။

ထိုင်းနိုင်ငံသည် လေကြောင်းခရီးသွားများကို အကာအကွယ်ပေးရန် အရှိန်မြှင့်လုပ်ဆောင်နေပြီဖြစ်သည်။ CAB ၏ညွှန်ကြားချက် အမှတ်စဥ် ၁၀၁ အရ နိုင်ငံတကာလေကြောင်းခရီးစဉ်များအသိပေးခြင်းမရှိဘဲ နှောင့်နှေးခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများရှိပါက  ခရီးသည်များအား အစားအသောက်၊ သယ်ယူပို့ဆောင်ရေး၊ ငွေကြေးလျော်ကြေး၊ ပြန်အမ်းငွေ၊ ပြန်လည်ဘွတ်ကင်လုပ်ခြင်း သို့မဟုတ် ဟိုတယ်တည်းခိုခွင့်များကိုကြန့်ကြာမှုအချိန်ပေါ်မူတည်၍ ခံစားခွင့်ရှိတော့မည်ဖြစ်သည်။

ထိုင်းနိုင်ငံ၏ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (CAAT) သည် ခရီးသည်များ နစ်နာမှုပါးလျားစေရန် အတွက် ကမ္ဘာ့စံချိန်စံညွှန်းများနှင့် ကိုက်ညီအောင်လုပ်ဆောင်နေပြီဟုဆိုသည်။

Ref:khaosod

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူး ဆင်ဖြူကွင်းအမှိုက်ပုံမီးလေ-ာင်မှုကို အချိန်နှစ်နာရီခွဲကျော်ကြာငြှိမ်းသ-တ်ခဲ့

ပဲခူးတိုင်း၊ ပဲခူးမြို့နယ်ရှိ ဆင်ဖြူကွင်းအမှိုက်ပုံ၌ ယနေ့ ဧပြီ ၁၉ ရက်နေ့လည် ၁ နာရီကမီးလေ-ာင်မှုဖြစ်ပွားရာ ပဲခူးတိုင်းမီးသ-တ်ဦးစီးမှူးရုံးမှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းဝင်များမှငြှိမ်းသ-တ်ခဲ့ကြရာ နေ့လည် ၃ နာ ရီ ၄၀ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

မကွေးတိုင်းပြည်သူ့ဆေးရုံ၌ ဘိုး/ဘွားများကို အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေး

မကွေးတိုင်းရှိ မကွေးတိုင်းပြည်သူ့ဆေးရုံကြီးတွင် မြို့ပေါ်နှင့် ဖန်ခါးမြေဘိုးဘွားရိပ်သာမှ ဘိုး/ဘွားများအား ယနေ့ ဧပြီ ၁၉ ရက်က အခမဲ့မျက်စိစမ်းသပ်ကုသပေးကာ သွားတုအံကပ်များတပ်ဆင်ပေးခဲ့ကြောင်း သိရသည်။ ဘိုး/ဘွားများအား အထူးကုဆရာဝန်ကြီးများမှ အခမဲ့ဆေးကုသပေးခြင်း၊ သွားတုအံကပ်တပ်ဆင်ပေးခြင်း၊ အခမဲ့မျက်စိကုသပေးခြင်းနှင့် လိုအပ်သည့် ကျန်းမာရေး‌စောင့်ရှောက်မှုပေးခြင်းများပြုလုပ်ပေးရာ မကွေး တိုင်းဝန်ကြီးချုပ်ဦးတင်ကိုကိုမှကြည့်ရှု၍ ဆေးဝါးကုသမှုခံယူနေသော ဘိုး/ဘွားများအားတွေ့ဆုံပြီး အာဟာရဖြည့်စွက်စာများနှင့် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။ မကွေးတိုင်းအတွင်းရှိ ဘိုး/ဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် အမြင်အာရုံပြန်လည်ကောင်းမွန်လာပြီး အစားအစာများကိုကောင်းမွန်စွာစားသောက်နိုင်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သောလူမှုဘဝကိုပိုင်ဆိုင်နိုင်စေမည်ဖြစ်ကြောင်း သိရသည်။

ရုရှားရေနံဝယ်ယူလိုသည့် နိုင်ငံများတွင် မလေးရှားလည်း ပါဝင်လာ

          အီရန်နှင့် အမေရိက-အစ္စရေး ပဋိပက္ခကြောင့် စွမ်းအင်အကျပ်အတည်းများကြုံနေရချိန်တွင် ရုရှားထံမှ ရေနံရရှိရန် ကြိုးပမ်းနေသော အရှေ့တောင်အာရှနိုင်ငံများစာရင်းတွင် မလေးရှားနိုင်ငံလည်း ပါဝင်လာခဲ့သည်။         မလေးရှားနိုင်ငံပိုင်ရေနံကုမ္ပဏီ ပက်ထရိုနာ့စ်သည် ပြည်တွင်းသုံးစွဲမှုအတွက် လုံလောက်စွာဖြည့်ဆည်းပေးနိုင်စေရန်နှင့် ရေနံဝယ်ယူရန် ရုရှားနှင့် ညှိနှိုင်းရန်အသင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က စနေနေ့တွင် ပြောကြားခဲ့သည်ဟု သယ်စတား သတင်းစာက ဖော်ပြခဲ့သည်။         ယခင်က ရုရှားကို ပိတ်ဆို့အရေးယူခဲ့သော ဥရောပနှင့် အမေရိကနိုင်ငံများစွာသည်ပင် ယခုအခါ ရုရှားရေနံကို ဝယ်ယူနိုင်ရေး ယှဉ်ပြိုင်နေကြကြောင်း အန်ဝါက ထောက်ပြခဲ့သည်။        ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071