ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယခုလ (၇) ရက်၌ ကျင်းပပြုလုပ်မည့် နိုင်ငံတကာ လက်မောင်းလှဲပြိုင်ပွဲသို့ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အသက် (၁၆) နှစ်အရွယ် မောင်အောင်သူရစံ သွားရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပြိုင်ပွဲတွင် ထိုင်း ၊ စင်္ကာပူ ၊ မလေးရှား စသည့်နိုင်ငံများမှ လာရောက်ယှဉ်ပြိုင်မည်ဟု သိရပြီး၊ မောင်အောင်သူရစံအနေဖြင့် အသက် (၁၈)နှစ်အောက်နှင့် အသက် (၁၈)နှစ်အထက် Open ပွဲများ၌ ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်
ကြောင်း သိရသည်။
၎င်းသည် ယခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလအတွင်းက မန္တလေးမြို့တွင် ပြုလုပ်သည့် 50Kg/ 60Kg/ 70kg လက်မောင်းလှဲပြိုင်ပွဲတွင် 70kg တန်းတွင် ပထမဆု ရရှိထားသူဖြစ်သည်။
လက်မောင်းလှဲ အားကစား ပြိုင်ပွဲအား ပြည်တွင်းအားက စားပြိုင်ပွဲများအတွင်း ပြိုင်ပွဲတရပ်အဖြင့် မရှိသေးသော်လည်း ဝါသနာရှင်လူငယ်များ စုပေါင်း၍ ပြိုင်ပွဲများပြုလုပ်ပြီး ရန်ကုန်၊ မန္တလေးတို့ရှိ ဝါသနာရှင်များ ဝင်ရောက်ယှဉ်ပြိုင်နေကြသည်ကို တွေ့မြင်ရသည်။
