Thursday, May 22, 2025

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ...

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀)...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇...

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa...

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း...

အကျပ်အတည်းကြားမှတိုးတက်လာသောမြန်မာကိုမလေးကချီးကျူး

ပူထရာဂျယာ၊ မေ ၂၂ ဝန်ကြီးချုပ် ဒါတွတ် ဆရီ အန်ဝါ အီဘရာဟင်မ် က မြန်မာနိုင်ငံ အကျပ်အတည်းနှင့် ပတ်သက်သည့် မကြာသေးမီက ဖြစ်ပျက်ခဲ့သောတိုးတက်မှုများကို...
HomeNewsLocal Newsနိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် အကြပ်အတည်းများ...

နိုင်ငံတကာ၏ ပိတ်ဆို့မှုများကြောင့် အကြပ်အတည်းများ ရှိခဲ့ကြောင်း  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြော

၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက်နောက်ပိုင်း နစက တာဝန်ယူချိန်မှ စတင်ကာ အနောက်အင်အားကြီးနိုင်ငံအချို့က မြန်မာနိုင်ငံအပေါ်  ပိတ်ဆို့မှုများပြုလုပ်ခဲ့သည့်အတွက် နိုင်ငံတကာနှင့်ဆက်ဆံရာတွင် အကြပ်အတည်းများ ရှိခဲ့ကြောင်း နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည်။

ဇန်နဝါရီ (၂၇) ရက် က နေပြည်တော်တွင် ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၃) တွင် ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ (၁) ရက် ၊ တတိယအကြိမ် လွှတ်တော် စတင်ခေါ်ယူမည့်နေ့တွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက က နိုင်ငံတော် အာဏာကို ထိမ်းကာ လက်ရှိအချိန်ထိ ဆက်လက်အုပ်ချုပ်နေခြင်း ဖြစ်သည်။

၂၀၂၀ ရွေးကောက်ပွဲ ရလာဒ်အပေါ်အငြင်းပွားကာ တပ်မတော်က နိုင်ငံတော် အာဏာကို ထိမ်းခဲ့သည့်နောက်ပိုင်းမှစတင်ကာ အမေရိကန် အပါအဝင် အနောက် အင်အားကြီး နိုင်ငံအချို့က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့ မှုများ ဆက်တိုက် လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် အာဆီယံအပါအဝင် ဒေသတွင်း နိုင်ငံအချို့ကလည်း မြန်မာနိုင်ငံအပေါ် ဖိအားပေးမှုများဆက်တိုက်လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ပြီး ဘက်မလိုက်သည့် ကြား‌နေနိုင်ငံတစ်နိုင်ငံဖြစ်ပြီး ပြည်ပနိုင်ငံများအနေဖြင့် နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ခြင်း မပြုသင့်ကြောင်း မြန်မာအစိုးရဘက်က မကြာခဏတုန့်ပြန်ပြောဆိုလေ့ရှိသည်။

ပြည်ပနိုင်ငံများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် မြန်မာနိုင်ငံအတွင်း နိုင်ငံရေး မတည်ငြိမ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံတော် ဝန်ကြီးချုပ်က ၎င်းတာဝန်ယူခဲ့သည့် (၂) နှစ်သက်တမ်းအတွင်း တိုင်းပြည်၏ အခြေအနေကို သုံးသပ်ပြောကြားသည်။

ထို့အပြင် လက်ရှိတွင် နိုင်ငံတကာနှင့် ဆက်ဆံရေး ကောင်းမွန်စေရန် အကောင်းဆုံးကြိုးစားနေကြောင်းလည်း ပြည်ထောင်စု အစိုးရအဖွဲ့အစည်းအဝေး (၁/၂၀၂၃) တွင် ဝန်ကြီးချုပ်က ထည့်သွင်း ပြောကြားသွားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့ရှိ ပြုပြင်ရန် လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၂၀၀၀)ဝန်းကျင် ကူညီပံ့ပိုးမည်

မန္တလေးတိုင်း ငလျင်ဒဏ်သင့် မြို့နယ် (၆)မြို့နယ်ဖြစ်သည့် ရမည်းသင်း၊ ပျော်ဘွယ်၊ သာစည်၊ ဝမ်းတွင်း၊ မြစ်သား၊ကျောက်ဆည်မြို့နယ်များအတွင်းရှိ ပြုပြင်ရန်လိုအပ်သည့် စာသင်ကျောင်းများအတွက် ကျပ်သိန်း (၁,၉၅၀) ကူညီပံ့ပိုးသွား စီစဉ်ထားရှိကြောင်း The Spirit of Brotherhood Missiom(TSBM)အဖွဲ့ ထံမှ သိရသည်။ လက်ရှိတွင် ကျောက်ဆည်မြို့နယ် ငလျင်ကြောအနီးရှိကျေးရွာစာသင်ကျောင်းအချို့ ပညာသင်ကြားရေးစတင်နိုင်ရန် ကျပ်သိန်း (၂၅၀)အသုံးပြု၍ တာဝန်ယူဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အဖွဲ့သည် စစ်ကိုင်းပြတ်ရွေ့ နှင့်ပတ်သက်သော surface rupture များ ပေါ်ပေါက်ခြင်း ၊ မြေရွေ့ခြင်းများကြောင့် မြန်မာ့ဘူမိသိပ္ပံဆိုင်ရာ...

ထိုင်းတွင် လမ်းဘေးအစားအစာရောင်းချမှုဖြင့် မြန်မာ ၇ ဦး အဖမ်းခံရ

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ခေါင်ဆန်လမ်းနှင့် အနီးတဝိုက်မှ ရမ်ဘဘွတ်ထရီလမ်းများပေါ်တွင် လမ်းဘေးအစားအစာများကို တရားမဝင်ရောင်းချနေသည့် မြန်မာနိုင်ငံသား ခုနစ်ဦးနှင့် တူကီယေးနိုင်ငံသား တစ်ဦးတို့ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။ အဆိုပါ စီမံချက်ကို လူဝင်မှုကြီးကြပ်ရေးဌာနခွဲ(၁) နှင့် ချာနာဆွန်ကရမ်ရဲစခန်းတို့က ပူးတွဲဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီမံချက်သည် ဘန်ကောက်၏ အဓိကခရီးသွားခရိုင်များတွင် တရားမဝင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားများကို နှိမ်နင်းမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ လူဝင်မှု ကြီးကြပ်ရေးနှင့် အလုပ်သမားဥပဒေများကို ချိုးဖောက်သည်ဟု သံသယရှိသော စီးပွားရေးလုပ်ငန်းများနှင့် ဈေးရောင်းသူများ အထူးသဖြင့် လူကု-န်ကူးမှုများနှင့် ပြည်ပအလုပ်သမားများကို ခေါင်းပုံဖြ-တ်သည့် လုပ်ရပ်များအပေါ် တာဝန်ရှိသူများက...

ငလျင်ကြောင့် ပြိုကျခဲ့သည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် လက်ဝတ်ရတနာနှင့် မိုးကုတ်ကျောက်များ ထပ်မံတွေ့ရှိ

မတ်(၂၈)ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေး ငလျင်ကြီးကြောင့် ပြိုကျပျက်စီးခဲ့ရသည့် Sky Villa ကွန်ဒိုမှ ရုပ်အလေ-ာင်းနှင့် မိုးကုတ်ကျောက်များကို ယနေ့ မေ(၂၂)ရက်တွင် ထပ်မံတွေ့ရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ယန္တရားများနှင့်အတူ ရုပ်အလေ-ာင်းကျန်ရှိနေသော မန္တလေးမြို့ Sky Villa အဆောက်အဦ(B)အဆောင်နှင့် (C) အဆောင်များအား ဖယ်ရှားရှင်းလင်းခြင်းနှင့် ရုပ်အလေ-ာင်းထုတ်ယူနိုင်ရေး ဆောင်ရွက်လျက်ရှိနေခြင်း ဖြစ်သည်။ ထိုသို့ရှာဖွေစဉ် (B)အဆောင်၊ G(8) အခန်းမှ တွေ့ရှိသော မြန်မာငွေ (၂၆၃၂၈၀၀၀)ကျပ်၊ ရွှေလက်ကောက် (၂၀)ကွင်း၊ ရွှေလက်စွပ်(၂၄)ကွင်း၊ရွှေဆွဲကြိုး (၉)ကုံး၊ ရွှေနားကပ် (၁၆)...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071