Thursday, May 14, 2026

အရှင်ရေထွက်ကုန်တင်ပို့မှု မြှင့်တင်နိုင်ပါက နိုင်ငံခြားဝင်ငွေ တိုးတက်လာမည်ဟု...

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်ဒေသများမှ ထွက်ရှိသည့် ရေငန်ထွက်ကုန်များကို အေးခဲတင်ပို့မှုအစား အရှင်အဖြစ် တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုတိုးမြင့်လာနိုင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးသည် ငါး၊...

Build-Smart & Biggest Myanmar...

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ...

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ...

ဌက်အော်စမ်းလူငယ်သင်တန်း‌ကျောင်းတွင် လူငယ် ၄၀၉ ဦးကို...

ကလေးများသည် အနာဂတ်ကို ပုံဖော်ကြမည့်သူများဖြစ်သောကြောင့် စနစ်တကျနှင့် ကောင်းမွန်စွာပြုစုစောင့်ရှောက်ပေးရန် ဒုဝန်​ကြီးပြော ရန်ကုန်တိုင်းဒေသကြီး ဌက်အော်စမ်း လူငယ်သင်တန်းကျောင်းတွင်း လူငယ် (၄၀၉) ဦးကို ထိန်းသိမ်းစောင့်ရှောက်ထားကြောင်းသိရသည်။ ကော့မှူးမြို့နယ် ဌက်အော်စမ်းသင်တန်းကျောင်းတွင် ...
HomeNewsLocal Newsနိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့်...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam တို့မှာထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက် အုတ်နံရံအချို့ ပလာစတာကွဲအက်၊ ကွာကျနေခြင်းတို့သာရှိ၍ ဇွန်လကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီအပြီးပြုပြင်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ဆဲဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက်လုပ်ဆဲ(၆)ထပ်ဆောင်တို့မှာလည်း အင်ဂျင်နီယာအသင်းချုပ်၊ အင်ဂျင်နီယာကောင်စီနှင့် ငလျင်ပညာရှင်များ၏စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီးအဆောက်အဦများနှင့်ဆောက်လုပ်ဆဲ အဆောက်အဦများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အ တိုင်း ရစ်(ခ်)တာစကေး(၇)ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး(၈)အထိခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အရှင်ရေထွက်ကုန်တင်ပို့မှု မြှင့်တင်နိုင်ပါက နိုင်ငံခြားဝင်ငွေ တိုးတက်လာမည်ဟု လုပ်ငန်းရှင်များဆို

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းနှင့် မြိတ်ဒေသများမှ ထွက်ရှိသည့် ရေငန်ထွက်ကုန်များကို အေးခဲတင်ပို့မှုအစား အရှင်အဖြစ် တင်ပို့နိုင်ပါက နိုင်ငံခြားဝင်ငွေ ပိုမိုတိုးမြင့်လာနိုင်ကြောင်း ရေထွက်ကုန်လုပ်ငန်းရှင်များထံမှ သိရသည်။ တနင်္သာရီတိုင်းဒေသကြီးသည် ငါး၊ ပုစွန် စသည့် ရေထွက်ကုန်များကို နှစ်စဉ် တိုးမြှင့်တင်ပို့လျက်ရှိပြီး ၂၀၂၄–၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် တစ်နိုင်ငံလုံးအနေဖြင့် ရေထွက်ပစ္စည်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၇၂၅ သန်းခန့် ရရှိခဲ့ရာ ယင်းအနက် တနင်္သာရီတိုင်းဒေသကြီးမှ ဒေါ်လာ ၃၀၃ ဒသမ ၆၂ သန်းဖိုး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ရေဖြူမြို့နယ်၊ ကျွန်းစုမြို့နယ်၊ ပုလောမြို့နယ်နှင့် ကော့သောင်းမြို့နယ်တို့တွင်...

Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲ ရန်ကုန်မြို့၌ ၃ ရက်ကြာ ကျင်းပမည်

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ အသင်းချုပ် (MCEF) ၏ နှစ်(၃၀) ပြည့် ပုလဲရတုအထိမ်းအမှတ်အဖြစ် “Build-Smart & Biggest Myanmar Production Expo 2026” ပြပွဲကို ရန်ကုန်မြို့ရှိ Yangon Convention Centre (YCC) တွင် မေလ ၁၅ ရက်မှ ၁၇ ရက်အထိ ၃ ရက်ကြာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြပွဲတွင် ပြည်တွင်း၊ ပြည်ပကုမ္ပဏီများစွာ ပါဝင်ပြသမည်ဖြစ်ပြီး ဆောက်လုပ်ရေးနည်းပညာများ၊ စက်မှုလုပ်ငန်းသုံးပစ္စည်းများ၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ...

လွိုင်လင်မြို့နယ်အတွင်းမှ ကျေးရွာများအတွက် အိမ်သုံးဆိုလာ အစုံ ၂၅၀ ထောက်ပံ့

ရှမ်းပြည်နယ်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် အိမ်သုံးဆိုလာအစုံ ၂၅၀ ကို ဒေသခံတိုင်းရင်းသားပြည်သူများထံ လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။ လွိုင်လင်မြို့နယ် ဆနင်းကျေးရွာအုပ်စု နားဟီးကျေးရွာအတွက် အိမ်သုံးဆိုလာ ၁၂၅ စုံ၊ နားမွမ်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၇၆ စုံ၊ဝမ်ကျောင်းကျေးရွာအတွက် အိမ်သုံးဆိုလာ ၄၉ စုံ၊ စုစုပေါင်း ဆိုလာအစုံ ၂၅၀ စုံကို ထောက်ပံ့ခဲ့ပြီး အသုံးပြုပုံများကိုလည်း ရှင်းလင်းခဲ့ကြောင်း နယ်စပ်ရေးရာဝန်ကြီးဌာနမှ သိရသည်။ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တစ်နိုင်ငံလုံး အကြားအလပ်မရှိ စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေပြီး အစိုးရ၏ လမ်းညွှန်ချက်ဖြင့် ပြည်သူအတွက် ပထမရက် ၁၀၀...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071