Monday, June 23, 2025

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင်...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁)...

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန်...

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊...

အမေရိကကိုလက်တုန့်ပြန်မည်–အီရန်သမ္မတ

တေရန်၊ဇွန် ၂၂ အီရန်နျူကလီးယားစက်ရုံများကို အမေရိက,က တို-က်ခို-က်ခဲ့သည့်အတွက် လက်တုန့်ပြန်မည်ဖြစ်ကြောင်း အီရန်သမ္မတ မာဆွတ်ဒ် ပီဇက်ခီယန်က ဇွန်လ ၂၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ ၎င်းသည် ပြင်သစ်သမ္မတနှင့်...
HomeNewsLocal Newsနိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့်...

နိုင်ငံတကာသတ်မှတ် SOP အတိုင်းဆောက်လုပ်ခဲ့သည့် Naypyitaw State Academy ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိပြီး ဇွန်လကျောင်းဖွင့်ချိန်အမှီ ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့် ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အတိုင်း ရစ်(ခ်)တာစကေး(၇)အထိခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့သော နေပြည်တော်ရှိ Naypyitaw State Academy တွင်ထိခိုက်ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ထိခိုက်ပျက်စီးမှုအနည်းငယ်အား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဧပြီ ၂၀ ရက်မွန်းလွဲပိုင်းက ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

နစက ဒု-ဥက္ကဋ္ဌမှ ဘွဲ့လွန်နှင့်အုပ်ချုပ်မှုဆိုင်ရာ ပင်မဆောင်၊ ဆေးပညာသင်ကြားရေးဆောင်၊ စီးပွားရေးပညာသင်ကြားရေးဆောင်၊ ဝိဇ္ဇာနှင့်သိပ္ပံ ပညာ သင်ကြားရေးဆောင်(၂)ဆောင်နှင့် စီးပွားရေးနှင့်လူမှုရေးပညာသင်ကြားရေးဆောင်တို့၏ ထိခိုက်ပျက်စီးမှုများကိုကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စစ်ဆေးချက်များအရ ပင်မ Column တိုင်နှင့် Beam တို့မှာထိခိုက်မှုလုံးဝမရှိဘဲ အဆောင်လိုက် အုတ်နံရံအချို့ ပလာစတာကွဲအက်၊ ကွာကျနေခြင်းတို့သာရှိ၍ ဇွန်လကျောင်းစတင်ဖွင့်လှစ်ချိန် မတိုင်မီအပြီးပြုပြင်ရန်မှာကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆောက်လုပ်ဆဲဘွဲ့နှင်းသဘင်ခန်းမနှင့် ဆောက်လုပ်ဆဲ(၆)ထပ်ဆောင်တို့မှာလည်း အင်ဂျင်နီယာအသင်းချုပ်၊ အင်ဂျင်နီယာကောင်စီနှင့် ငလျင်ပညာရှင်များ၏စစ်ဆေးချက်အရ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

Naypyitaw State Academy အတွင်းရှိ ဆောက်လုပ်ပြီးအဆောက်အဦများနှင့်ဆောက်လုပ်ဆဲ အဆောက်အဦများကို ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ၂၀၂၀ ပြည့်နှစ်၊ နိုင်ငံတကာသတ်မှတ် SOP အ တိုင်း ရစ်(ခ်)တာစကေး(၇)ခံနိုင်သည့် ဒီဇိုင်းပုံစံအတိုင်းဆောက်လုပ်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ အသစ်ပြန်လည်ရေးဆွဲလျက်ရှိသည့် ရစ်(ခ်)တာစကေး(၈)အထိခံနိုင်သည့် အဆောက်အဦဒီဇိုင်းပုံစံအတိုင်း ဆောက်လုပ်နိုင်ရန် ပညာရေးဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်ခဲ့သည့် မြန်မာနိုင် ငံသား (၄၁)ဦးကို ထိုင်းရဲတပ်ဖွဲဖမ်းဆီး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ကန်ချနာဘူရီပြည်နယ် ထောင်ဖာဖုန်ဒေသအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား(၄၁)ဦးကို ယနေ့ ဇွန်လ(၂၃) ရက်၌ ထိုင်းရဲတပ်ဖွဲ့ ဖမ်းဆီးခဲ့ကြောင်း ထိုင်း- မြန်မာနယ်စပ်‌နေထိုင်သူ သတင်းရင်း မြစ်တစ်ဦးထံက သိရသည်။ ဖမ်းဆီးခံရသူ မြန်မာနိုင်ငံသား (၄၁) ဦးအနက် မလေးရှားနိုင်ငံသို့ ဆတ်လက်ထွက်ခွာမည့် အမျိုးသား (၃၃) ဦးပါဝင်ပြီး၊ အမျိုးသမီး (၈)ဦးမှာ ဘန်ကောက်မြို့သို့ သွားရောက်မည်ဖြစ်ကြောင်း သိရသည်။ ထိုင်းနိုင်ငံမှတဆင့် မလေးရှာနိုင်ငံသို့ ဆက်လက် ထွက်ခွာမည့်အမျိုးသား (၃၃)ဦးမှာ တစ်ဦးလျှင် ပွဲစားခဘတ် (၅၅,၀၀၀)ပေးခဲ့ရပြီး ၊ အမျိုးသမီး (၈)ဦးမှာ...

နေပြည်တော်အနီး ဗဟိုပြု၍ အင်အား (၃.၁) အဆင့်ရှိ ငလျင်လှုပ်

ယနေ့ ဇွန်လ (၂၃) ရက် နေ့လယ်ပိုင်းက နေပြည်တော်ကို ဗဟိုပြုပြီး အင်အား ရစ်(ခ်) တာစကေး (၃.၁) အဆင့်ရှိငလျင်တစ်ခု လှုပ်ခတ်သွားသည်ဟု ထိုင်းမြေငလျင် သတင်းဌာနက ဆိုသည်။ ထိုသို့လှုပ်ခတ်မှုကို နေပြည်တော်တွင် နေထိုင်သည့် မြို့ခံများလည်း ခံစားသိရကြောင်း လူမှုကွန်ရက်များတွင် မျှဝေထားကြသည်။ အဆိုပါ ငလျင်လှုပ်ခတ်မှုနှင့် ပတ်သက်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက သတင်းတစ်စုံတရာ ထုတ်ပြန်ထားခြင်းတော့ မရှိသေးပေ။ အလားတူ ယနေ့ နံနက်အစောပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်မြို့၏ အရှေ့ဘက် (၉) မိုင်ခန့်အကွာအနက် ၁၇ ကီလိုမီတာကို...

ငလျင်ဒဏ်ထိ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူရှင်များဖိတ်ခေါ်

အင်အားပြင်း မန္တလေးငလျင်ကြီးကြောင့် ထိခို-က်ပျ-က်စီးခဲ့သည့် ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင်မွမ်းမံရန် အလှူ ရှင်များဖိတ်ခေါ်ထားသည်။ မတ် (၂၈)ရက်တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်ကောင် စီနယ်မြေတို့တွင် ရှေးဟောင်းစေတီ၊ ပုထိုး၊ ဂူဘုရားနှင့် ယဉ်ကျေးမှု အမွေအနှစ်အဆောက်အအုံ (၁၇၈၁)ဆူနှင့် ဘုရားစေတီ၊ သာသနိကအဆောက်အအုံ(၄,၉၉၈)ခု၊ စုစုပေါင်း (၆,၇၇၉)ဆူ ထိခို-က်ပျ-က်စီးခဲ့ကြောင်း သိရသည်။ အဆိုပါ ဘုရား၊ ပုထိုးများကို ပြန်လည်ပြုပြင် မွမ်းမံရန်အတွက် ဘုရား၊ စေတီတစ်ဆူလုံးကိုဖြစ်စေ သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။ စေတီ၊ ဘုရားများပြုပြင်ရန်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071