Wednesday, April 8, 2026

ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်း...

ဗိုလ်တထောင်မှ ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းကို လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ "ပျော်ဘွယ်ကြီးထိ ရောက်မယ်၊ ဂိတ်ဖျားက ပျော်ဘွယ်ကြီး ဖြစ်သွားပြီ" ဟု...

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ...

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မဟာသင်္ကြန်ကို ကမ်းနားလမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်အပါအဝင်...

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်

တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန် အစည်း အဝေးများလည်း ယနေ့ ဧပြီလ (၈) ရက်တွင် ပြီးဆုံးပြီ ဖြစ်သည်။ ယနေ့ကျင်းပခဲ့သော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ...

မြောက်ကိုရီးယား ဒုံးကျည်ပစ်လွှတ်မှူအပေါ် အမေရိကန် အင်ဒို-ပစိဖိတ်...

မြောက်ကိုရီးယားနိုင်ငံသည် ဗုဒ္ဓဟူးနေ့တွင် ဘောလစ်စတစ်ဒုံးကျည် အမြောက်အမြားကို ထပ်မံပစ်လွှတ်ခဲ့ပြီး၊ ၎င်းမှာ ယခင်နေ့က ပစ်လွှတ်မှုအပေါ် ထပ်တိုးလုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့သည်။ ယခုကဲ့သို့ ဆက်တိုက်စမ်းသပ်မှုများကြောင့်...
HomeNewsLocal Newsနိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ(IFR-2026)နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း(MILAN-2026) တက်ရောက်ခဲ့သော...

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ(IFR-2026)နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း(MILAN-2026) တက်ရောက်ခဲ့သော တပ်မတော်(ရေ)မှစစ်ရေယာဉ် (အောင်ဇေယျ)ပြန်လည်ရောက်ရှိ

နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ(IFR-2026)နှင့် နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း(MILAN-2026)တို့ကို အိန္ဒိယနိုင်ငံ၊ Visakhapatnam မြို့၌ ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၅ ရက်အထိကျင်းပခဲ့ရာ မြန်မာ့တပ်မတော် (ရေ)မှ အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချုပ်ကျော်စွာထက် ဦးဆောင်သော စစ်ရေယာဉ်(အောင်ဇေယျ)လည်း ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါ နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ (IFR-2026)သို့ အိန္ဒိယသမ္မတ ဒရူပါဒီမာမူတက်ရောက်ခဲ့ပြီး မြန်မာ့တပ်မတော်(ရေ)မှအဖွဲ့ခေါင်းဆောင်အဖြစ် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒု-ဗိုလ်ချုပ်ကြီးအေးမင်းထွေး ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တက်ရောက်ခဲ့သည်။

တွေ့ဆုံပွဲသို့ နိုင်ငံပေါင်း(၇၄)နိုင်ငံမှ အဆင့်မြင့်ရေတပ်အရာရှိကြီးများ၊ နိုင်ငံတကာရေတပ်များ၊ ဒေသတွင်း ရေတပ်များနှင့်အိမ်နီးချင်းရေတပ်များမှ စစ်ရေယာဉ်များတက်ရောက်ခဲ့ကြပြီး တစ်ဆက်တစ်စပ်တည်းပြု လုပ်သည့် အိန္ဒိယသမုဒ္ဒရာရေတပ်ဆိုင်ရာ စာတမ်းဖတ်ပွဲနှင့် ဂိုအာပင်လယ်ရေကြောင်းဆိုင်ရာသီးသန့်ဆွေး နွေးပွဲများကိုလည်း တပ်မတော်(ရေ)မှ စစ်ဦးစီးအရာရှိချုပ်(ရေ)ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တက်ရောက်ခဲ့ကြသည်။

ထိုသို့ တက်ရောက်ခဲ့ပြီးနောက် ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ်(၄)ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့ပြန်လည်ရောက်ရှိလာရာ နယ်မြေခံရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးနှင့် တပ်မတော်(ရေ) မှ အရာရှိ၊ စစ်သည်၊ မိသားစုများကကြိုဆိုခဲ့ကြသည်။

ဖရီဂိတ်စစ်ရေယာဉ်(အောင်ဇေယျ)သည် ဖေဖော်ဝါရီ ၁၈ ရက်တွင်ပြုလုပ်သော နိုင်ငံတကာစစ်ရေယာဉ်များတွေ့ဆုံပွဲ(IFR-2026)တွင်ပါဝင်ဆောင်ရွက်ခြင်း၊ ဖေ ဖော်ဝါရီ ၁၉ ရက်မှ ၂၅ ရက်အထိကျင်းပသော နိုင်ငံပေါင်းစုံရေတပ်လေ့ကျင့်ခန်း(MILAN-2026)၏ ဖွင့်ပွဲအခမ်းအနားတက်ရောက်ခြင်း၊ ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း(၇၄) နိုင်ငံနှင့်အတူတက်ရောက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။

ထို့ပြင် စစ်ရေယာဉ်များပေါ်သို့ အပြန်အလှန်လေ့လာလည်ပတ်ခြင်း၊ ဘာသာရပ်ဆိုင်ရာကျွမ်းကျင်သူများ တွေ့ဆုံဆွေးနွေးပွဲတက်ရောက်ခြင်း၊ ရေအောက်နစ် မြုပ်မှုရှာဖွေရေးရေယာဉ်စနစ်သရုပ်ပြမှုအားလေ့လာခြင်း၊ မြို့တွင်းလေ့လာရေးခရီးသွားခြင်း၊ နိုင်ငံတကာတပ်ဖွဲ့ဝင်များနှင့်အတူ စစ်ရေးပြအခမ်းအနားတွင်ပါ ဝင်ဆောင်ရွက်ခြင်း၊ အရာရှိငယ်များ အပြန်အလှန်ပူး ပေါင်းဆောင်ရွက်ခြင်း၊ ချစ်ကြည်ရေးအားကစားပြိုင် ပွဲများ၌ ပါဝင်ဆင်နွှဲခြင်း၊ Agra မြို့နှင့် ဗုဒ္ဓဂါယာသို့ သွားရောက်ဖူးမြော်လေ့လာခြင်း၊ ညစာစားပွဲအခမ်းအ နားတွင် ရိုးရာယဉ်ကျေးမှုအကပဒေသာများဖြင့် ကပြဖျော်ဖြေရာတွင် ပါဝင်ဆင်နွှဲခြင်း၊ နိုင်ငံတကာစစ်ရေယာဉ်များနှင့်ပူးပေါင်း၍ ပင်လယ်ပြင်လက်တွေ့လေ့ ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြသည်။

စစ်ရေယာဉ်(အောင်ဇေယျ)၏ ရန်ကုန်-အိန္ဒိယ-ရန်ကုန် ခရီးစဉ်နှင့် ပင်လယ်ပြင်လက်တွေ့လေ့ကျင့်ခန်းများတွင်မောင်းနှင်ခဲ့သည့် စုစုပေါင်းရေမိုင်မှာ(၂,၃၇၇ ဒသ မ ၄)မိုင်ရှိခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်း လမ်းကြောင်း တိုးချဲ့

ဗိုလ်တထောင်မှ ဒလသို့ ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်းကို လမ်းကြောင်း တိုးချဲ့ပြေးဆွဲပေးမည်ဖြစ်ကြောင်း သိရသည်။ "ပျော်ဘွယ်ကြီးထိ ရောက်မယ်၊ ဂိတ်ဖျားက ပျော်ဘွယ်ကြီး ဖြစ်သွားပြီ" ဟု ယာဉ်လိုင်းမောင်းနှင်သူတစ်ဦးက ပြောသ ည်။ ထို့ကြောင့် ဗိုလ်တထောင်ဘုရားကို ဂိတ်ရင်းထား၍ ဒလမြို့၊ ပျော်ဘွယ်ကြီး အထိပြေးဆွဲပေးမည် ဖြစ်ကာ နှစ်ဘက်လုံးမှ နံနက် (၆) မှ ည (၆) အဖြစ် ထွက်ခွာပေးမည်ဟု သိရသ ည်။ ဒလမြို့အတွက် ပြေးဆွဲပေးနေသည့် YBS ယာဉ်လိုင်း (၂) လိုင်းရှိကာ ဗိုလ်တထောင်ဘုရားမှ ပျော်ဘွယ်ကြီးထိ...

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်း ကျင်းပမည်

ပုသိမ်မြို့မဟာသင်္ကြန်တွင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာ မဏ္ဍပ်များပါ ထည့်သွင်းပြီး စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မဟာသင်္ကြန်ကို ကမ်းနားလမ်းတစ်လျှောက် ဗဟိုမဏ္ဍပ်အပါအဝင် ဌာနဆိုင်ရာ မဏ္ဍပ် ၅ ခုဖြင့် ပေ၃၀၀၀အရှည်ရှိ လမ်းလျှောက်သင်္ကြန်ကိုစည်ကားသိုက်မြိုက်စွာ ကျင်းပမည် ဖြစ်သည်။ ထို့ပြင် သနပ်ခါးမဏ္ဍပ်၊ ထမင်းနှဲစတုဒီသာမဏ္ဍပ်နှင့် လက်ဖက်စတုဒီသာမဏ္ဍပ်များပါဝင်မည်ဟု ပုသိမ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူက ပြောကြားသည်။ ``လူပျိုတို့ရွာ´´အမည်ဖြင့် ပုဂ္ဂလိက မဏ္ဍပ်တစ်ခုမှလည်း DJများ၊ dancer အဖွဲ့များဖြင့် အများပြည်သူလာရောက်အနားယူအပန်းဖြေနေချိန် မနက် ၁၀ နာရီမှ ညနေ ၄နာရီအထိ...

ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးများ ပြီးဆုံးပြီ ဖြစ်

တတိယအကြိမ် ပြည်သူ့လွှတ်တော်၏ ပထမပုံမှန် အစည်း အဝေးများလည်း ယနေ့ ဧပြီလ (၈) ရက်တွင် ပြီးဆုံးပြီ ဖြစ်သည်။ ယနေ့ကျင်းပခဲ့သော အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက လွှတ်တော်ကိုယ်စားလှယ်များကို ပြည်သူ့အကျိုးဖော်ဆောင်ရာတွင် မိမိတို့ရွေးကောက်ခံရသော နယ်မြေအလိုက် ပြည်သူ့အသံကို နားထောင်ပြီး ပြည်သူ့အကျိုးကို ဦးတည်ဆောင်ရွက်ကြရန် အလေးပေးမှာကြားခဲ့သည်။ ထို့ပြင် ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်ရန်နှင့် ပါတီစုံဒီမိုကရေစီစနစ် အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေးအတွက် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို ၂၀၂၆ ခုနှစ် မတ်လ (၁၆) ရက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071