Tuesday, May 26, 2026

ပဲခူးတိုင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံ...

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ပဲခူးတိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရကျောင်းအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(၅၀၀)ကျောင်း၊ အလယ်တန်းကျောင်း (၂,၁၅၉)ကျောင်း၊ မူလတန်းကျောင်း(၁,၈၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေ ခံပညာအလယ်တန်းကျောင်း(၆၇)ကျောင်း၊...

မုံရွာမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၁၀၁) ကျောင်းအပြင် ကိုယ်ပိုင်ကျောင်းနှင့်...

လာမည့် ဇွန် ၁ ရက်မှစတင်မည့် ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အခြေခံပ ညာစာသင်ကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင်...

ကချင်ပြည်နယ် ခရီးသွားကဏ္ဍ အရှိန်မြင့်တက်၊ ၅...

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဟိုတယ်အသစ် ၂၂ လုံး၊ တည်းခိုရိပ်သာအသစ် ၂၃ လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီအသစ် ၄၆ ခုတို့အား လိုင်စင်အသစ်များ...

လာအိုတွင်ဂူထဲပိတ်မိသူများထံ ကယ်ဆယ်ရေးသမားများ ရောက်လုနီးလာ

လာအိုနိုင်ငံရှိ ဂူတစ်ခုအတွင်း ရက်များစွာ ပိတ်မိနေခဲ့သူ ခုနစ်ဦးထံသို့ ကယ်ဆယ်ရေးအဖွဲ့ရောက်ရှိရန် နီးကပ်လာပြီဖြစ်ကြောင်း ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲက ပြောကြားခဲ့သည်။ တစ်ရက်အတွင်း ၁၅ မီတာခန့်ရှိ အတားအဆီးများကို...
HomeMoviesနိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန်...

နိုင်ငံခြားသားများကို ကိဗ်မှ ထွက်ခွာရန် ရုရှား သတိပေး

ရုရှားတပ်များက ယူကရိန်းမြို့တော်ကို အကြီးအကျယ်တိုက်ခိုက်ပြီးနောက်တွင် နိုင်ငံခြားသားများကို ကိဗ်မြို့တော်မှ ထွက်ခွာကြရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္လာနေ့တွင် တိုက်တွန်းခဲ့သည်။

 ရုရှားတပ်များသည် ဒရုန်းများကို ဒီဇိုင်းထုတ်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ပရိုဂရမ်ရေးသားခြင်း၊ စစ်ဆင်ရေးအတွက် ၎င်းတို့ကို ပြင်ဆင်ခြင်း အပါအဝင် ယူကရိန်းကာကွယ်ရေးစက်မှုလုပ်ငန်း၏ လုပ်ငန်းဌာနများကို အစီအစဉ်တကျ၊ စဉ်ဆက်မပြတ် တိုက်ခိုက်လျက်ရှိကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပြီး ယူကရိန်းတပ်များသည် သောကြာနေ့က ရုရှားတက္ကသိုလ်တစ်ခုကို တိုက်ခိုက်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။

တိုက်ခိုက်မှုများသည် ဆုံးဖြတ်ချက်ချမှတ်ရေးဌာနများနှင့် အမိန့်ပေးရေးစခန်းများကို ပစ်မှတ်ထားသွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ဆက်လက်ပြောကြားခဲ့သည်။ အထက်ဖော်ပြပါ အဆောက်အအုံများသည် ကိဗ်မြို့တစ်ဝန်းတွင် ပြန့်ကျဲတည်ရှိသောကြောင့် သံတမန်ရေးရာမစ်ရှင်များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ဝန်ထမ်းများအပါအဝင် နိုင်ငံခြားသားများ မြို့မှ အမြန်ဆုံးထွက်ခွာရန် လိုအပ်ကြောင်းကို မိမိတို့ အသိပေးကြောင်း ဖော်ပြခဲ့သည်။

ကိဗ်မြို့ခံများအနေဖြင့် ယူကရိန်းစစ်ဘက်နှင့် အစိုးရအဆောက်အအုံများ အနီးသို့ မသွားရောက်ရန်လည်း ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီ လက်ဗရော့ဗ်တို့သည် တနင်္လာနေ့တွင် ဖုန်းပြောဆိုခဲ့ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားသည်။ ၎င်းတို့နှစ်ဦးသည် ရုရှား-ယူကရိန်းစစ်ပွဲအရေးနှင့် အီရန်ပဋိပက္ခများကို ဆွေးနွေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

 ရုရှားတပ်များသည် ကိဗ်မြို့မှ မိုင် ၅၀ ခန့်အကွာရှိ ယူကရိန်းအလယ်ပိုင်းရှိ မြို့တစ်မြို့ဖြစ်သည့် Bila Tserkva မြို့သို့ Oreshnik ပဲ့ထိန်းဒုံးကျည်တစ်စင်း ပစ်လွှတ်တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။ ယင်းသည် ကိဗ်ကို အဓိကပစ်မှတ်ထားခဲ့သည့် ယူကရိန်းအပေါ် ပိုမိုကြီးမားသည့် တိုက်ခိုက်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ဇလန်းစကီးက မှတ်ချက်ပြု ပြောကြားခဲ့သည်။

Ref: သယ်ဟီးလ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပဲခူးတိုင်း၌ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အခြေခံ ပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းဖွင့်လှစ်မည်

၂၀၂၆-၂၀၂၇ ပညာသင်နှစ်၌ ပဲခူးတိုင်းအတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၄,၆၇၁)ကျောင်းကိုဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အစိုးရကျောင်းအနေဖြင့် အခြေခံပညာအထက်တန်း ကျောင်း(၅၀၀)ကျောင်း၊ အလယ်တန်းကျောင်း (၂,၁၅၉)ကျောင်း၊ မူလတန်းကျောင်း(၁,၈၂၃)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအနေဖြင့် အခြေ ခံပညာအလယ်တန်းကျောင်း(၆၇)ကျောင်း၊ မူလတန်းကျောင်း(၅)ကျောင်း၊ ပုဂ္ဂလိကကျောင်းအနေဖြင့် အ ခြေခံပညာအထက်တန်းကျောင်း(၈၇)ကျောင်း၊ အ လယ်တန်း(၁၆)ကျောင်းနှင့် မူလတန်း(၁၄)ကျောင်းတို့ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ အခြေခံပညာကျောင်းများ၏ ၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယနေ့ မေ ၂၆ ရက်နံနက်ပိုင်းကကျင်းပရာ ပဲခူးတိုင်းဝန် ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့တက်ရောက်ခဲ့ကြကြောင်း သိရသည်။ တိုင်းဝန်ကြီးချုပ်က ကျောင်းအပ်နှံပေးခြင်းသည် သား သမီးများ၏ ဘဝတစ်သက်တာအတွက် အကောင်းဆုံးလက်ဆောင်တစ်ခုပေးခြင်းဖြစ်ပြီး...

မုံရွာမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၁၀၁) ကျောင်းအပြင် ကိုယ်ပိုင်ကျောင်းနှင့် ဘုန်းတော်ကြီးသင်ကျောင်းများဖွင့်လှစ်မည်

လာမည့် ဇွန် ၁ ရက်မှစတင်မည့် ၂၀၂၆ -၂၀၂၇ ပညာ သင်နှစ်တွင် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၌ အခြေခံပ ညာစာသင်ကျောင်း(၁၀၁)ကျောင်းအပြင် ကိုယ်ပိုင် ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ကျောင်းများဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။ အထက်တန်းကျောင်း(၁၃)ကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)(၉)ကျောင်း၊ အလယ်တန်းကျောင်း(၂) ကျောင်း၊ အလယ်တန်းကျောင်း(ခွဲ)(၁၀)ကျောင်း၊ မူလတန်း(လွန်)ကျောင်း(၁၇)ကျောင်း၊ မူလတန်းကျောင်း (၅၀)ကျောင်းတို့အပြင် ကိုယ်ပိုင်ကျောင်း(၁၉)ကျောင်း ၊ ဘုန်းတော်ကြီးသင်ကျောင်း(၁၁)ကျောင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ကျောင်းသား/သူများအား ကျောင်းအပ်လက်ခံခြင်းကို မေ ၂၅ ရက်မှစတင်ပြုလုပ်လျက်ရှိပြီး နိုင်ငံတော်အစိုးရကအခမဲ့ထောက်ပံ့သည့် ကျောင်းသုံးပစ္စည်းများကို ကျောင်းသား/သူများအားပေးအပ်လျက်ရှိကြောင်း သိရသည်။

ကချင်ပြည်နယ် ခရီးသွားကဏ္ဍ အရှိန်မြင့်တက်၊ ၅ နှစ်အတွင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းလိုင်စင်သစ် ၉၁ ခု ချထားပေး

ကချင်ပြည်နယ်အတွင်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း ဟိုတယ်အသစ် ၂၂ လုံး၊ တည်းခိုရိပ်သာအသစ် ၂၃ လုံးနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီအသစ် ၄၆ ခုတို့အား လိုင်စင်အသစ်များ ထုတ်ပေးခဲ့ကြောင်း သိရသည်။ ယင်းသို့ တိုးချဲ့ဆောင်ရွက်မှုများကြောင့် လက်ရှိတွင် ကချင်ပြည်နယ်၌ ဟိုတယ် ၆၆ လုံး၊ တည်းခိုရိပ်သာ ၃၁ လုံး၊ အခန်းစုစုပေါင်း ၂,၉၅၀ ခန်းနှင့် ခရီးသွားလှည့်လည်ရေးကုမ္ပဏီ ၈၁ ခုအထိ ဖွင့်လှစ်လည်ပတ်လျက်ရှိကြောင်း သိရသည်။ ထို့ပြင် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်၍ အာဆီယံအသိအမှတ်ပြု နိုင်ငံအဆင့်ဆရာဖြစ် သင်တန်းလက်မှတ်ရရှိထားသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071