မြန်မာ-ယူအေအီးနှစ်နိုင်ငံအကျိုးတူပူးပေါင်းဆောင် ရွက်မှုများမြှင့်တင်ရန်ဆွေးနွေး
နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကိုကိုကျော်နှင့် မြန်မာနိုင်ငံဆိုင်ရာ အာရပ်စော်ဘွားများပြည်ထောင်စုနိုင်ငံ(ယူအေအီး)သံအမတ်ကြီး မစ္စတာ မူတာ့ဇ် အဗ္ဗဒူလာ အဗ္ဗဒူလ်ဂျာလဲလ် မိုဟာမက် အယ်လ်ဖာဟင်းမ်တို့ မတ် ၃၀ ရက်ကတွေ့ဆုံခဲ့ကြသည်။
တွေ့ဆုံစဉ် မြန်မာ-ယူအေအီးနှစ်နိုင်ငံကြား ရှိရင်းစွဲချစ် ကြည်ရင်းနှီးမှုပိုမိုခိုင်မာစေရေး၊ ကုန်သွယ်ရေးနှင့်ရင်း နှီးမြှုပ်နှံမှုကဏ္ဍများအပါအဝင် နှစ်နိုင်ငံအကျိုးတူပူး ပေါင်းဆောင်ရွက်မှုများမြှင့်တင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
