Wednesday, January 22, 2025

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night...

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန...

အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ်(၃)ခုအတွက် မြန်မာ...

အိန္ဒိယ အစိုးရ၏ အသေးစား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအသစ် (၃)ခုအတွက် ပံ့ပိုးကူညီမှုဆိုင်ရာနားလည်မှု စာချွန်လွှာကို နေပြည်တော်တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။ အစိုးရ၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနညွှန်ကြားရေးမှူးချုပ်...
HomeNewsLocal Newsနိုင်ငံခြားစာစစ်ဌာန အပါအဝင် ၂၀၂၃...

နိုင်ငံခြားစာစစ်ဌာန အပါအဝင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၁) သိန်းကျော်ရှိ

ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၏ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် နိုင်ငံခြားစာစစ်ဌာန အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် ဝင်ရောက်ဖြေဆိုသူ ၁၆၁၈၅၀ ဦးရှိသည့်အနက် စာမေးပွဲအောင်မြင်သူ ၁၀၉၈၅၁ ဦးရှိ၍ အောင်ချက်ရာခိုင်နှုန်း ၆၇ ဒသမ ၈၇ ရှိခဲ့ကြောင်း မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏စာရင်းများအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနက် မန္တလေးတိုင်းဒေသကြီးမှ ၁၆၀၁၈ ဦးဖြင့် အများဆုံးရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးမှ ၁၅၂၈၅ ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၃၆၃၀ ဦးရှိခဲ့ကြောင်း စာရင်းများအရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးမှ ၆၅၂၀ ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ ၂၆၅၈ ဦး၊ နေပြည်တော်မှ ၄၁၈၀ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၈၅၃၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၉၃၂၁ ဦးနှင့် နိုင်ငံခြားစာစစ်ဌာနမှ ၁၀ ဦး အသီးသီးအောင်မြင်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ကချင်ပြည်နယ်မှ ၇၀၇၅ ဦး၊ ကယားပြည်နယ်မှ ၆၃၇ ဦး၊ ကရင်ပြည်နယ်မှ ၁၆၆၅ ဦး၊ ချင်းပြည်နယ်မှ ၂၀၄၅ ဦး၊ မွန်ပြည်နယ်မှ ၄၁၇၂ ဦး၊ ရခိုင်ပြည်နယ်မှ ၉၉၆၄ ဦး၊ ရှမ်းပြည်နယ်မှ ၈၂၃၀ ဦး အောင်မြင်ခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တိုင်းနှင့်ပြည်နယ်အသီးသီးရှိ စာစစ်ဌာနကျောင်းများတွင် ဇွန်လ ၉ ရက်၊ နံနက် ၆ နာရီမှစတင်၍ ကပ်ထားခဲ့ပြီး မြန်မာနိုင်ငံစာစစ်ဦးစီးဌာန၏ Website ဖြစ်သည့် www.myanmarexam.org တွင်လည်း နံနက် ၄ နာရီမှစတင်၍ အသိပေးထုတ်ပြန်ခဲ့သည်။

ထို့အတူ ဝေးလံသောဒေသများရှိ စာစစ်ဌာနများနှင့်အင်တာနက်အဆက်အသွယ်ကောင်းစွာမရရှိသော စာစစ်ဌာနများ၏ အောင်စာရင်းများကိုလည်း မြန်မာ့အသံရေဒီယိုအစီအစဉ် မှတစ်ဆင့် ကြေညာပေးလျက်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုနေ့၌ စတင်ဖွင့်လှစ်ရန်စီစဉ်နေသည့် တာချီလိတ်ညဈေး(Tachileik Night Market)

ဖေဖော်ဝါရီ ၁၂ ရက်(ပြည်ထောင်စုနေ့)တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ တာချီလိတ်ညဈေး(Tachileik Night Market)ကိုဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိရာ တာချီလိတ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဈေးရောင်းချမည့်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို ဇန်နဝါရီ ၂၁ ရက်မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ မြန်မာ-ထိုင်း နယ်စပ်မြို့တစ်မြို့၏အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရေး၊ ယာဉ်ကြောပိတ်ဆို့မှုမဖြစ်ပေါ်စေရေး၊ ခရီးသွားလုပ်ငန်းအထောက်အကူပြု တာချီလိတ်ညဈေးကြီးဖြစ်ပေါ်လာစေရေး၊ တာချီလိတ်မြို့လမ်းမကြီးများပေါ်တွင် နေရာအနှံ့ပြန့်ကျဲရောင်းချနေသော လမ်းဘေးပျံကျဈေးရောင်းချသူများအား နေရာအတည်တကျဖြင့် စည်းကမ်းတကျရောင်းချနိုင်စေရေးတို့အတွက် တာချီလိတ်ညဈေး(Night Market)ကို ဂေါက် ကွင်းလမ်း၌ဖွင့်လှစ်နိုင်ရန်စီစဉ်ဆောင်ရွက်ထားသည်ဟု ပြောကြားခဲ့သည်။ ထို့ပြင် တာချီလိတ်မြို့နယ်စည်ပင်မှတာဝန်ရှိသူက ညဈေးတွင် ဆိုင်ခန်းများအား မဲစနစ်နှင့်နေရာချထားရေး၊အမှိုက်နှင့်သန့်စင်ခန်းများ ဆောင်ရွက်ရေး၊ တာချီလိတ်ညဈေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူမှ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊...

ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင်အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် အာမခံထားရှိနိုင်

အာမခံအမျိုးအစားသစ်များဖြစ်သည့် ပြည်ပပါဆယ် အာမခံအမျိုးအစားသစ် အပါအဝင် အာမခံအမျိုးအစားသစ်ခြောက်မျိုးတွင် ပြည်သူများအနေဖြင့် အာမခံထားရှိနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ (၃၈) ကြိမ်မြောက်အစည်းအဝေးမှ သိရသည်။ အာမခံကုမ္ပဏီများအနေဖြင့် အာမခံအမျိုးအစားများကို ဝင်ငွေနည်းပြည်သူများ အာမခံဝန်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရန်နှင့် အာမခံဝန်ဆောင်မှုပေးရာတွင် သတ်မှတ်ထားသည့် ဥပဒေစည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်သွားရန်လိုကြောင်း အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က ပြောသည်။ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အနေဖြင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ (၂၇) ရက်တွင် မြန်မာနိုင်ငံအာမခံ ဈေးကွက်အတွင်းရှိ အာမခံလုပ်ငန်းလုပ်ကိုင်သူများ၏ ဘဏ္ဍာရေးခိုင်မာမှုရှိစေရန် လိုက်နာရမည့်ညွှန်ကြားချက်သုံးခုကိုထုတ်ပြန်ခဲ့ပြီး အများပြည်သူကျန်းမာရေးစောင့်ရှောက်မှု အကာအကွယ်ပေးနိုင်ရန်အတွက်...

ကျောက်ဖြူရေနက်ဆိပ်ကမ်း လုပ်ငန်းများပြီးစီးအောင် ဆောင်ရွက်ရန်ညွှန်ကြား

ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group ဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကုမ္ပဏီလီမိတက်တို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ်သက်တမ်း သတ်မှတ်ရက်မရောက်ခင် လုပ်ငန်းများကိုပြီးစီးအောင်ဆောင်ရွက်ရန် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာကံဇော်က ပြောသည်။ ကျောက်ဖြူ အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် မြန်မာဘက်နှင့် CITIC ဘက်မှ နှစ်ဖက်ကြိုတင်ဖြည့်ဆည်းရမည့်အချက်များ (Conditions Precedent) နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ (၁) ၌ ကျင်းပခဲ့သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီနှင့် တရုတ်နိုင်ငံ CITIC Group...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071