Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeNewsLocal Newsနိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံများ ပြည်ပမှအသုံးစရိတ်များ...

နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံများ ပြည်ပမှအသုံးစရိတ်များ လွှဲပြောင်းသုံးစွဲရာတွင် ဗဟိုဘဏ်၏ စည်းမျဉ်းစည်းကမ်းများနှင့်အညီဆောင်ရွက်ရမည်

အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းက နိုင်ငံတော်ဖွံဖြိုးတိုးတက်ရန် CMP လုပ်ငန်းများအရေးကြီးခြင်းနှင့်ပတ် သက်၍ ပြောကြားရာ၌ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

အလုပ်သမားဝန်ကြီးဌာန CMP လုပ်ငန်းများကြီး ကြပ်ရေးကော်မတီမှ CMP လုပ်ငန်းများ ငွေကြေးဆိုင်ရာအဆင်ပြေချောမွေ့စွာလည်ပတ်နိုင်ရန် ဇန်နဝါရီ ၁၁ ရက်ကပြုလုပ်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံရှိ CMP စက်ရုံ၊အလုပ်ရုံ ၇၃၈ ရုံ၏ နိုင် ငံခြားငွေဝင်ရောက်မှုများကို ဗဟိုဘဏ်နှင့်တိုက် ဆိုင်စစ်ဆေးခဲ့ရာ ၂၀၂၂ ခုနှစ်၊စက်တင်ဘာ ၂၂ ရက်မှနိုဝင်ဘာ ၁၄ ရက်အထိ ငွေစာရင်းဖွင့်လှစ်ထားသည့် စက်ရုံများတွင် နိုင်ငံခြားငွေဝင်ရောက်သည့် စက်ရုံ ၃၆၂ ရုံရှိပြီး နိုင်ငံခြားငွေဝင်ရောက်ခြင်းမရှိသည့် စက်ရုံ ၂၈၄ ရုံခဲ့သည်ဟု ပြော သည်။

ထို့ပြင် ငွေစာရင်းဖွင့်လှစ်ထားခြင်းမရှိသည့် စက် ရုံ ၉၂ ရုံအားတွေ့ရှိခဲ့ရ၍ ယင်း စက်ရုံများငွေ ကြေးလည်ပတ်သုံးစွဲရာတွင် ဘဏ်စနစ်အသုံးပြုရမည်ဟု မှာကြားခဲ့သည်။

“နိုင်ငံခြားငွေ ဝင်ရောက်ခြင်းမရှိတဲ့ စက်ရုံတွေဟာ ပြည်ပကအသုံးစရိတ်တွေ လွှဲပြောင်းသုံးစွဲရာမှာ ဗဟိုဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အ ညီဆောင်ရွက်ရပါမယ်”ဟု ပြည်ထောင်စုဝန်ကြီးဒေါက်တာပွင့်ဆန်းကပြောသည်။

ထို့ပြင် နိုင်ငံတော်၏ ဘဏ္ဍာရေးလုပ်ငန်းစဉ်များတွင် နိုင်ငံခြားဝင်ငွေစီးဆင်းမှုသည် နိုင်ငံတော် စီး ပွားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးကြီးသောက ဏ္ဍမှပါဝင်သည်ဟု ပြောသည်။

CMP လုပ်ငန်းများကြီးကြပ်ရေးကော်မတီသည် CMP လုပ်ငန်းများအား စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှထုတ်ပြန်သည့် အမိန့်ကြော်ငြာစာများနှင့်အညီ လိုက်နာခြင်း ရှိ/မရှိ၊သတ်မှတ်ညွှန် ကြားချက်များနှင့်အညီ အခွန်ပေးဆောင်ခြင်း ရှိ/မရှိ၊ရရှိသောလုပ်ခများကို ဘဏ်သို့ မှန်ကန်စွာပေးသွင်းခြင်း ရှိ/မရှိ အလုပ်သမားများ ရသင့်ရထိုက်သည့် လုပ်ခခံစားခွင့်များ အပြည့်အဝထုတ် ပေးခြင်း ရှိ/မရှိ၊ စာရင်းဇယားများ စနစ်တကျ ထားရှိခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြပ်မတ်ဆောင် ရွက်လျက်ရှိသည်ဟု ပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071