Thursday, August 14, 2025

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...

လပေါ်တွင်နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မည်–ရုရှား

မော်စကို၊ ဩဂုတ် ၁၃ ရုရှားနိုင်ငံပိုင် အာကာသအေဂျင်စီက လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး ၎င်း၏ လကို စူးစမ်းလေ့လာမည့်...
HomeNewsLocal Newsနိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်)များ ပုံမှန်အတိုင်း...

နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့စ်)များ ပုံမှန်အတိုင်း ပြုလုပ်ပေးနေ

ပွဲစားများမှ ပတ်စ်ပို့များ အမြန်ပြုလုပ်ပေးသည်ဟု လူမှုကွန်ရက်တွင် လိမ်လည်မှုများအားသတိပြု

နိုင်ငံကူးလက်မှတ်စာအုပ်ပြုလုပ်ရာတွင် ကြိုတင်ရက်ချိန်းရမှုကို ပုံမှန်အတိုင်းသာအွန်လိုင်းမှ ပြုလုပ်ပေးနေကြောင်း ပေါ်ပြူလာနယူးစ်မှ စုံစမ်းသိရှိရသည်။

ပတ်စ်ပို့စာအုပ် လျှောက်ထားချက်များနှင့် ပတ်သက်သော ဝန်ဆောင်မှုများအား ၂၀၂၃ ခုနှစ် (၁၂) လပိုင်း (၃၀) ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဟု သတင်းမှားများထွက်ပေါ်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့ကတော့ ပုံမှန်အတိုင်းပဲဆောင်ရွက်ပေးနေတာပေါ့။ ရန်ကုန်မှာလည်း QR code က ၂၅၀၀ ပြုလုပ်ပေးနေတယ်။ နောက်တစ်ခုက Green Channel ပေါ့ ။ အရေးပေါ်၊ အရေးကြီးကိစ္စ၊ ကျန်းမာရေးကိစ္စအတွက် ဥက္ကဋ္ဌ နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့ကို လျှောက်ထားနိုင်တယ်။ အချက်အလက်တွေတော့ မှန်ကန်ဖို့လိုတာပေါ့။ နယ်တွေမှာလည်း တိုင်းနဲ့ပြည်နယ်တွေမှာ လုပ်ပေးနေပါတယ်”ဟု ပြည်ထဲရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထို့ပြင် ယခုရက်ပိုင်းအတွင်း ပတ်စ်ပို့ပြုလုပ်ရန် ကြိုတင်ရက်ချိန်းယူထားသူများမှာ ဧပြီလအထိ ရောက်ရှိနေပြီဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

ယင်းအပြင် ပွဲစားများမှ ပတ်စ်ပို့များ အမြန်ပြုလုပ်ပေးသည်ဟု လူမှုကွန်ရက်တွင် လိမ်လည်မှုများရှိနေသည့်အတွက် သတိထားစေလိုပြီး နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးအဖွဲ့သာ တိုက်ရိုက်ချိတ်ဆက် ဆောင်ရွက်ရန်လည်း သတိပေးထားသည်။

” ပတ်စ်ပို့စာအုပ်အတွက် QR Code တင်တာ ခုထိရသေးတယ်။ အင်တာနက်လိုင်းအခြေအနေကြောင့် နည်းနည်းကြာရင်ကြာမှာပေါ့။ ဘာသံမှတော့ မကြားမိဘူး။ အခုထိတော့ ပုံမှန်ပါပဲ ” ပတ်စ်ပို့လျှောက်ထားသူတစ်ဦးကပြောသည်။

အွန်လိုင်းစနစ်သစ် (Online Appointment System)ဖြင့် နိုင်ငံကူးလက်မှတ် လျှောက်ရန် ရက်ချိန်းယူခြင်းကို ဖေဖေါ်ဝါရီ ၂၄ ရက်က ရန်ကုန်မြို့ရှိ ပတ်စ်ပို့ ထုတ်ပေးရေးရုံးတွင် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။

သို့သော် ပတ်စ်ပို့လျှောက်ထားသူဦးရေသည် အလွန်များပြားနေသည့်အတွက် မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ရန် အချိန် အတော်ကြာခြင်း၊ ဖောင်ဖြည့် ငွေပေးချေပြီးသော်လည်း ရရှိမည့် ရက်ချိန်းအတွက် နေ့ရက်အချိန်ကို လျှောက်ထားသူထံ အကြောင်းပြန်ကြားမှု လက်ခံမရရှိခြင်း၊အုပ်စုလိုက်လျှောက်သူများ အကုန်မရဘဲကျန်ခဲ့ခြင်းစသည့် အဆင်မပြေမှုများသည် လ က်ရှိအချိန်ထိ ကြုံတွေ့နေရကြောင်း လျှောက်ထားသူများကဆိုသည်။

Passport စာအုပ်ကို ယခု (၁၁) လပိုင်းနှင့် (၁၂) လပိုင်းအတွင်းသာ ပြုလုပ်ပေးသော အမြန်ဝန်ဆောင်မှု စနစ်ဖြင့် ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုစနစ်အား လူဦးရေကန့် သတ်ချက်ဖြင့်သာ ဆောင်ရွက်ခြင်းဖြစ်ပြီး ဝန်ဆောင်မှုများကို (၁၂) လပိုင်းအတွင်း နောက်ဆုံးထားပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပတ်စ်ပို့စာအုပ် လျှောက်ထားချက်များနှင့် ပတ်သက်သော ဝန်ဆောင်မှုများအား ၂၀၂၃ ခုနှစ် (၁၂) လပိုင်း (၃၀) ရက်မှစတင်ပြီး ယာယီအကန့်အသတ်မရှိ ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း သတင်းမှားများထွက်ပေါ်နေခြင်း ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည် အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကာ လာမည့် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး အား ကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။ ထို့ပြင် ရာသီဥတုအခြေအနေ(၂)ရပ်ကြောင့် သြဂုတ် ၁၃ ရက်ညမှ သြဂုတ် ၁၇ ရက်အတွင်း ရန် ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ နေပြည် တော်၊ ပဲခူးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071