နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန်အတွက် Online Appointment ရယူရာတွင် ယခင်လို ရက်ချိန်းကို လချီစောင့်ဆိုင်းစရာမလိုဘဲ ရက်ပိုင်းအတွင်းနိုင်ငံကူးလက်မှတ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးပြုလုပ်နိုင်ကြောင်း မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၏ ရက်ချိန်းဖော်ပြထားမှုများအရ သိရသည်။
ရန်ကုန်နိုင်ငံကူး လက်မှတ်ထုတ်ပေးရေးရုံး၊ နေပြည်တော်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ မော်လမြိုင်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ စစ်တွေနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ပုသိမ်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ပဲခူးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ မုံရွာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့တွင် နိုင်ငံကူးလက်မှတ်ကိစ္စနှင့် ပတ်သက်၍ ဩဂုတ် (၁၄) ရက်သို့ ရက်ချိန်းပေးထားပြီး မကွေးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ မန္တလေးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ တောင်ကြီးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ထားဝယ်နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ကျိုင်းတုံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့တွင် ဩဂုတ် (၁၅) ရက်မှ ဩဂုတ် (၂၉)ရက်အထိ နှစ်ပတ်အတွင်း ရက်ချိန်းများချိန်းဆိုထားကြောင်း သိရသည်။
အလားတူ မြစ်ကြီးနားနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ဘားအံနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ ဟားခါးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး၊ လားရှိုးနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးတို့တွင် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ရက်ချိန်းများပေးထားကြောင်း သိရသည်။
ယခင်က နိုင်ငံကူးလက်မှတ်ပြုလုပ်ရန်နှင့် သက်တမ်းတိုးရန်အတွက် Online Appointment ရက်ချိန်းရယူပြီး လနှင့်ချီကာစောင့်ဆိုင်းခဲ့ရခြင်းဖြစ်သည်။
