ရဲနယ်ဂွာ၊ ဇန်နဝါရီ ၉
နိုင်ဂျီးရီးယားနိုင်ငံ တောင်ပိုင်း အဲဒို့ပြည်နယ်ရှိ မီးရထားဘူတာရုံတစ်ခုတွင် AK-47 ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်ထားသော လက်နက်ကိုင်သမားများသည် လူအယောက် ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း အုပ်ချုပ်ရေးမှူးရုံးက ဇန်နဝါရီလ ၈ ရက် တနင်္ဂနွေနေ့တွင် ပြောကြားခဲ့သည်။
ဒယ်တာပြည်နယ်အနီးရှိ ဝါရီမြို့သို့သွားမည့် ရထားအား တွမ်အီကီမီ ဘူတာရုံမှ စောင့်ဆိုင်းနေသည့် ခရီးသည်များအား ညနေ ၄ နာရီတွင် လက်နက်ကိုင်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဘူတာရုံရှိ လူအချို့မှာ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။
အဲဒို့ပြည်နယ် ပြန်ကြားရေးကော်မရှင်နာ ခရစ်အိုစာ နဟီခါရေ က ပြန်ပေးဆွဲသူများသည် လူ ၃၂ ဦးကို ခေါ်ဆောင်သွားခဲ့သော်လည်း တစ်ဦးမှာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
နိုင်ဂျီးရီးယား မီးရထားကော်ပိုရေးရှင်း (NCR) က နောက်ထပ်အမိန့် တစ်စုံတရာမထုတ်ပြန်မချင်း အဆိုပါ ဘူတာရုံကို ပိတ်ထားမည်ဟု ထုတ်ပြန်ခဲ့သည်။
Source: CNA
Photo : Reuters