
မိုးကောင်းတဲ့ရာသီကို ရောက်ရှိ လာပြီဆိုတာနဲ့ ရေကြီးခြင်းဒုက္ခကို ရင်ဆိုင်နေကြရတာဟာ နှစ်စဉ်နှစ် တိုင်း ဖြစ်ပေါ်ကြုံတွေ့နေတာမို့လို့ မဆန်းတော့ဘူးဆိုပေမယ့် တကယ် ဒုက္ခရောက်နေကြတဲ့သူတွေရဲ့ အပူ ကို ကိုယ်ချင်းစာကြည့်လို့ ရနိုင် ပါတယ်။ နေရေး၊ ထိုင်ရေး၊ စားရေး၊ သောက်ရေးတို့အတွက် ဒုက္ခရောက် ကြရတယ်။ တချို့ဒေသတွေမှာ ရေ တအားကြီးလွန်းတဲ့အတွက် သွားရေး၊ လာရေးတွေ အဆင်မပြေဘူး။ ဒီလို သဘာဝဘေးအန္တရာယ်တွေ ကြုံ တွေ့လာတဲ့အခါမှာ တစ်ယောက်နဲ့ တစ် ယောက်လူသားအချင်းချင်း စာနာထောက်ထားမှု၊ ကူညီစောင့် ရှောက်မှုတွေ သိပ်ကို လိုအပ်ပါတယ်။ စေ တနာသဒ္ဓါတရားသိပ်ကို ရက် ရောလွန်းကြတဲ့ မြန်မာလူမျိုးတွေ အဖို့ ပရဟိတအဖွဲ့လေးတွေ စုဖွဲ့ပြီး ရေကြီးရာဒေသလေးတွေမှာ အစား အသောက်တွေနဲ့ လိုအပ်တဲ့ပစ္စည်း တွေကို သွားရောက်လှူဒါန်းကြတဲ့ မြင်ကွင်းတွေလည်း တဖွဲဖွဲပဲ။ ပရ ဟိတနဲ့ ပတ်သက်လို့ကတော့ အများ ပြည်သူအကျိုးကို စွမ်းစွမ်းတမံ သယ် ပိုးရွက်ဆောင်နေကြတဲ့ ဦးကျော် သူတို့ နာရေးကူညီမှုအသင်း(ရန် ကုန်)၊ ပြီးတော့ ကိုဝေဠုကျော်တို့ ဖောင်ဒေးရှင်းစသဖြင့် သူတို့တွေရဲ့ ပရဟိတဆောင်ရွက်ချက်တွေက လည်း မြင်ရ၊ တွေ့ရသူတွေအဖို့ သာ ဓုခေါ်စရာပါပဲ။
”လူ့လောကထဲရောက်တာ လူသားအကျိုးပြုလုပ်ငန်းတွေလုပ်မှ။ ဒါမှလည်း လူဖြစ်ရကျိုးနပ်မှာ။ လူ တိုင်း၊ လူတိုင်းမှာ အသိတရားတွေရှိဖို့ လို တယ်။ လူသားတွေရဲ့ ဖြစ်လာတဲ့ ဒုက္ခတွေကို ကိုယ်တတ်နိုင်တဲ့ဘက် ကနေ ကူညီရမှာပဲ”လို့ နာရေးကူညီ မှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော် သူက ပြောပြပါတယ်။ ဦးကျော်သူတို့ နာရေးကူညီမှုအသင်း(ရန်ကုန်) အ နေနဲ့ကတော့ ကယ်ဆယ်ရေးအဖွဲ့ တွေ မရောက်ရှိသေးတဲ့ ဒေါန တောင်ခြေကိုလည်း ရောက်ရှိခဲ့ တယ်။
”နောင်ခွီးကျေးရွာအုပ်စု၊ တ ကုကလောကျေးရွာရှိ ရေဘေးဒုက္ခ သည်များရှိရာသို့ ဘားအံမြို့ရှိ ကမ္ဘာ လုံးဆရာတော်မှတစ်ဆင့် အများ ပြည် သူတို့ လာရောက်လှူဒါန်းထား သော လှူဖွယ်ပစ္စည်းများအား နာရေးကူညီမှုအသင်း (ရန်ကုန်)မှ သွားရောက်ပို့ဆောင်ရန်ပြင်ဆင်နေ ကြပြီဖြစ်သည်” လို့ ဦးကျော်သူက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားတာလည်း တွေ့ရှိရပါ တယ်။ နှစ်စဉ် ရေဘေးဒုက္ခကို ခံစား နေရတဲ့ ပဲခူးမြို့ကိုလည်း သွားရောက် ခဲ့သေးကြောင်းကို ဦးကျော်သူက …
”ယနေ့ ဇူလိုင်လ ၂၈ရက်၊ နံနက် ၁ဝ နာရီအချိန်ခန့်တွင် ရန်ကုန်-မန္တလေးလမ်းမကြီးဘေး၊ ပဲခူးမြို့၊ ဥဿာမြို့သစ်၊ရပ်ကွက်ကြီး ၇၊ ဒက္ခိဏာသာခါဘုန်းကြီး ကျောင်းဝင်းအတွင်း၊ ကျိုက်ပေါ်စေ တီတော် ဘုရားဝန်းအတွင်းရှိ ရေ ဘေးသင့် မိသားစုများထံသို့ နာ ရေးကူညီမှု အသင်း(ရန်ကုန်)မှ ‘အ များပြည်သူအတွက် အများပြည်သူ ကောင်းမှု’ အဖြစ် သွားရောက်လှူဒါန်း ခဲ့ရာ ရုပ်ရှင်သရုပ်ဆောင် နာ/ကူ (ရန်ကုန်) အသင်းသား ထွန်းကိုကိုမှ သီးစုံပဲ ကုလားဟင်းနှင့် ထမင်း၊ မော်ဒယ်လ် သရုပ်ဆောင် ဟန်တီ (Miss Myanmar 2018) မှ နာရေးကူညီမှု အသင်း(ရန်ကုန်)နှင့် ပူးပေါင်း၍ ဘီစကစ်၊ ခေါက်ဆွဲ ခြောက်များဖြင့် အိမ်ထောင်စုပေါင်း ၁၂ဝ ခန့် လူဦး ရေ ၆ဝဝ ကျော်တို့ အား လက်ဝယ်အရောက် လှူဒါန်း ပေးခဲ့ပါသည်” လို့လည်း ရေးသား ထားပါတယ်။
မျိုးမောင်
