Tuesday, February 18, 2025

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို...

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို...

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန်...

တယ်လီကွန်းလိ-မ်လည်မှုများပြင်းထန်စွာနှိမ်နင်းရန်အရေးကြီး–တရုတ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇ တရုတ်နှင့်မြန်မာကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် တယ်လီကွန်းနှင့်အွန်လိုင်းလိ-မ်လည်မှု၊လူကုန်ကူးမှုတို့ကဲ့သို့သော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်သဘောတူခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလေ-ာင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုကဲ့သို့သော တရားမဝင်ရာဇဝတ်မှုများအား...

အမေရိက-ရုရှားဆွေးနွေးပွဲ၌ ယူကရိန်းပါဝင်မည်မဟုတ်–ဇလန်းစကီး

ကီယက်ဗ်၊ ဖေဖော်ဝါရီ ၁၇ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး က ယခုသီတင်းပတ်အတွင်း ဆော်ဒီအာရေဗျတွင် ပြုလုပ်မည့် အမေရိက-ရုရှား ညှိနှိုင်းဆွေးနွေးပွဲတွင် ကိယက်ဗ် မှ...
HomeInternationalနယ်နှင်သူများတင်လာသောကန်စစ်လေယာဉ် မက္ကဆီကို ဆင်းသက်ခွင့်...

နယ်နှင်သူများတင်လာသောကန်စစ်လေယာဉ် မက္ကဆီကို ဆင်းသက်ခွင့် မပြု

နေရပ်ပြန်ပို့သည့် ရွှေ့ပြောင်းအခြေချများ ကိုတင်ဆောင်လာသော အမေရိကန်စစ်လေယာဉ်တစ်စင်းကို ဆင်းသက်ခွင့်ပြုရန် သမ္မတဒေါ်နယ်ထရမ့်ပ်အစိုးရ၏ တောင်းဆိုမှုကို မက္ကဆီကို အစိုးရက ငြင်းပယ်ခဲ့သည်ဟု အမေရိကန်နှင့် မက္ကဆီကို အရာရှိများက ရိုက်တာသတင်းဌာနကို ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် ဇန်နဝါရီလ ၂၄ ရက်‌ေန့က ရွှေ့ပြောင်းအခြေချသူ ၈၀ စီ လိုက်ပါခဲ့သော အလားတူ လေယာဉ်ခရီးစဉ်နှစ်ခုဖြင့် ဂွါတီမာလာသို့ နေရပ်ပြန်ပို့မှုလုပ်ဆောင်ခဲ့သည်။

ဂွါတီမာလာနိုင်ငံသား စုစုပေါင်း၂၆၅ ဦးသည် စစ်ဘက်လေယာဉ်နှစ်စင်း၊ စင်းလုံးငှားလေယာဉ်တစ်စင်းတို့ပါဝင်သော ခရီးစဉ်သုံးကြောင်းဖြင့် ဆိုက်ရောက်လာခဲ့သည်ဟု ဗဟိုအမေရိကနိုင်ငံ၏ ရွှေ့ပြောင်းအခြေချမှုဆိုင်ရာ အင်စတီကျူ့က ပြောကြားခဲ့သည်။

သို့ရာတွင် ဆင်းသက်ခွင့် ငြင်းပယ်ခံခဲ့ရသဖြင့် မက္ကဆီကိုတွင် C-17 သယ်ယူပို့ဆောင်ရေးလေယာဉ် ဆင်းသက်မည့် အစီအစဉ်ကို အမေရိကန်အစိုးရက ဆက်အကောင်အထည်ဖော်နိုင်ခြင်း မရှိခဲ့ပေ။

အဆိုပါဆုံးဖြတ်ချက်ကိုအမေရိကနှင့် မက္ကဆီကို အရာရှိတစ်ဦးစီက အတည်ပြုခဲ့ကြပြီး အင်န်ဘီစီသတင်းဌာနက ပထမဆုံးသတင်းဖော်ပြခဲ့သည်။

မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီလ ၂၄ ရက် နေ့တွင် ပြောဆိုခဲ့ရာ၌ နိုင်ငံသည် အမေရိကနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်းနှင့် ရွှေ့ပြောင်းနေထိုင်သူများအရေးကဲ့သို့ ကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်ကြောင်း ပြောကြားခဲ့သည်။

လေယာဉ်ဆင်းသက်ခွင့်ကို ငြင်းပယ်ရခြင်း၏ အကြောင်းရင်းကို အထက်ပါ မက္ကဆီကို အရာရှိက ပြောကြားခဲ့ခြင်း မရှိသကဲ့သို့ မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အဆိုပါဖြစ်ရပ်ကို ဖော်ပြခဲ့ခြင်းမရှိပေ။

Ref: သည်စထရိတ်တိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်နိုင်ရေး အာဆီယံ-ကိုင်ရို ကော်မတီ သံရုံးအကြီးအကဲများ ဆွေးနွေး

(၂၇၇)ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ သံရုံးအကြီး အကဲများအစည်းအဝေး၌ အာဆီယံ-ကိုင်ရို စီးပွားရေးကောင်စီ ထူထောင်မည့် ကိစ္စရပ်နှင့် ပတ်သက်၍ ဆွေးနွေးမှု တစ်ရပ်ပြုလုပ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (၂၇၇) ကြိမ်မြောက် အာဆီယံ-ကိုင်ရိုကော်မတီ၏ သံရုံးအကြီးအကဲများအဆင့် အစည်းအဝေးကို ကိုင်ရိုမြို့၊ အင်ဒိုနီးရှား သံအမတ်ကြီး နေအိမ်တွင် ဖေဖော်ဝါရီ (၁၆)ရက်ကကျင်းပခဲ့ရာ အီဂျစ်အာရပ်သမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်တင်ရှိန်က တက်ရောက်၍ ဆွေးနွေးခဲ့ခြင်းလည်း ဖြစ်သည်။ အစည်းအဝေး၌ အာဆီယံ-ကိုင်ရို ကော်မတီ၏ ဆောင်ရွက်ပြီးစီးခဲ့သည့် လုပ်ငန်းစဉ်များ အပေါ် ပြန်လည် သုံးသပ်ခဲ့ကြပြီး ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ...

နိုင်ငံတော်ပိုင်မြေတွင် ပုဂ္ဂလိက အထူးကုဆေးရုံ ဖွင့်လှစ်လိုသူများကို တင်ဒါခေါ်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်ရှိ နိုင်ငံတော်ပိုင်မြေတွင် တည်ဆောက်-လုပ်ငန်းဆောင်ရွက်-လွှဲပြောင်း၊ Built-Operate-Transfer (BOT) စနစ်ဖြင့် ပုဂ္ဂလိကအထူးကုဆေးရုံလုပ်ငန်း တည်ထောင်ဖွင့်လှစ်ရန် လျှောက်ထားလိုသည့် ကုမ္ပဏီများအား စိတ်ဝင်စားမှုအဆိုပြုလွှာ တင်ပြရန် ဖိတ်ခေါ်ထားသည်။ ယင်းအဆိုပြုလွှာကို မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့တွင် ပုဂ္ဂလိက ဆေးရုံများ တည်ထောင်ဖွင့်လှစ်နိုင်ရန် အကောင်အထည်ဖော်ရေး ကော်မတီက ဖိတ်ခေါ်ထားခြင်း ဖြစ်သည်။ ဖိတ်ခေါ်ချက်တွင် ယင်းနိုင်ငံတော်ပိုင်မြေ၌ မျက်စိရောဂါကုသမှု၊ ကင်ဆာရောဂါကုသမှု၊ ဆီးနှင့်ကျောက်ကပ်ရောဂါကုသမှုနှင့် ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု၊ အထွေထွေရောဂါ အထူးကုသမှုစသည်တို့ကို ဦးစားပေးဆောင်ရွက်ခြင်းဖြင့် ပုဂ္ဂလိကကျန်းမာရေးအခန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ပြည်သူလူထုအတွက် လိုအပ်သောကျန်းမာရေးဝန်ဆောင်မှုများ အားဖြည့်ဆောင်ရွက်သွားရန် လိုအပ်ချက်ကြောင့် ဖြစ်သည်ဟု ဆိုသည်။ စိတ်ဝင်စားသော နိုင်ငံသားလုပ်ငန်းရှင်များအနေဖြင့်...

တယ်လီကွန်းလိ-မ်လည်မှုများပြင်းထန်စွာနှိမ်နင်းရန်အရေးကြီး–တရုတ်

ရန်ကုန်၊ဖေဖော်ဝါရီ ၁၇ တရုတ်နှင့်မြန်မာကြား တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန် တယ်လီကွန်းနှင့်အွန်လိုင်းလိ-မ်လည်မှု၊လူကုန်ကူးမှုတို့ကဲ့သို့သော နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများကို ပူးပေါင်းတိုက်ဖျက်ရန်သဘောတူခဲ့ကြကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ကြေငြာချက်တစ်ရပ်ထုတ်ပြန်ခဲ့သည်။ အွန်လိုင်းလေ-ာင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုကဲ့သို့သော တရားမဝင်ရာဇဝတ်မှုများအား ပြင်းပြင်းထန်ထန်နှိမ်နင်းရန် မြန်မာနိုင်ငံဘက်မှ အလေးထားကြောင်း အဆိုပါကြေငြာချက်တွင်ဖော်ပြထားသည်။ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးနှင့် တရုတ်ပြည်သူ့ရေးရာ လုံခြုံရေးလက်‌ထောက်ဝန်ကြီးတို့သည် ဖေဖော်ဝါရီ ၁၄ ရက်က ဒုဝန်ကြီးချုပ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေနှင့် ပြည်ထဲရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်တို့နှင့် အသီးသီး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲအတွင်း မြန်မာဘက်ကအွန်လိုင်းလောင်းကစားနှင့် တယ်လီကွန်းလိ-မ်လည်မှုတိုက်ဖျက်ရေးအတွက် တိကျသည့်အစီအမံများဖြင့် တရုတ်နှင့်နှစ်နိုင်ငံတည်းသာမက အိမ်နီးခြင်း နိုင်ငံများနှင့် နှစ်နိုင်ငံ အကြားနှင့် နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်မှုများပါပြုလုပ်သွားမည်ဖြစ်‌ကြောင်းကြောင်းပြောကြားခဲ့သည်။ ဆက်လက်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071