Looking for something?

Explore the website

Looking for something?

Friday, May 23, 2025

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ...

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ်...

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ...

၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း...

ရန်ကုန်၊ မေ ၂၂ ၅၉ ကြိမ်မြောက် အာဆီယံ အကြီးတန်း သယ်ယူပို့ဆောင်ရေး အရာရှိများ အစည်းအဝေးနှင့် စတုတ္ထအကြိမ်မြောက် အာဆီယံ-အမေရိက အကြီးတန်း သယ်ယူပို့ဆောင်ရေး...
HomeNewsLocal Newsနယ်စပ်မှ ပို့ကုန်ဝင်ငွေများ၏ ၆၅...

နယ်စပ်မှ ပို့ကုန်ဝင်ငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် လဲရမည့်အထဲတွင် ဆန်နှင့်ဆန်ကွဲ မကြာမီ ပါဝင်လာဖွယ်ရှိ

နယ်စပ်ကုန်သွယ်‌ရေးကဏ္ဍမှ တင်ပို့မည့် ကုန်ပစ္စည်းများ၏ ပို့ကုန်ရငွေ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလည်ရမည့် စနစ်တွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ပါဝင်ခြင်းမရှိသေးကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ သိရသည်။

ပြီးခဲ့သောနှစ်က တရုတ်နိုင်ငံ၏ ကိုဗစ်ဆိုင်ရာ ကန့်သတ်မှုများကြောင့် ကားပြောင်းရခြင်း၊ quarantine ကိစ္စ အပါအဝင် ကိုဗစ်လုပ်ငန်းစဉ်များကြောင့် နယ်စပ်တင်ပို့မှုတွင် ဆန်၊ ဆန်ကွဲ ကုန်သည်များ လွယ်ကူချောမွေ့စွာလုပ်ကိုင်နေစေရန် နယ်စပ်တင်ပို့မှုအပေါ် ပို့ကုန်ရငွေ၏ ၁၀၀% အား စျေးကွက်ပေါက်စျေး အတိုင်း လဲလှယ်ခွင့်ပြုထားခဲ့သည်။

ယခုအခါ တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ကန့်သတ်မှုများ ဖြေလျော့ထားပြီ ဖြစ်၍ နယ်စပ်တင်ပို့မှုကို ပင်လယ်ရေကြောင်း တင်ပို့မှုကဲ့သို့ တပြေးညီ ဖြစ်စေရန်စီစဉ်ဖို့ လိုအပ်ကြောင်း ဆန်ကုန်သည် အချို့က ပြောဆို​နေကြပါသည်။

လာမည့် မတ်လ (၁) ရက်မှ စတင်ကာ နယ်စပ်ပို့ကုန်ကဏ္ဍမှ ပို့ကုန်ရငွေများ၏ ၆၅ ရာခိုင်နှုန်းကို ဗဟိုဘဏ် သတ်မှတ်နှုန်းဖြင့် ပြန်လည်လဲလှယ်ရန် အစိုးရက သတ်မှတ်ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ မူဝါဒအတွင်း ပါဝင်သည့်ကုန်၆ မျိုးမှာ ပဲ၊​​ပြောင်း၊နှမ်း/​မြေပဲ၊ရာဘာ၊​ရေထွက်ပစ္စည်း၊တိရိစ္ဆာန်အရှင်တို့ ဖြစ်သည်။

“အခုလက်ရှိကတော့ နယ်စပ်က (၁၀၀) ရာခိုင်နှုန်းရနေ သေးပါတယ်။ ၆၅/၃၅ စနစ်ထဲမှာ မပါသေးဘူး။ ကျန်တဲ့လယ်ယာထွက်ကုန်​တွေကတော့ ပါတာပေါ့။ ဆန်၊ဆန်ကွဲက မပါသေးဘူး။ ပင်လယ်ရေကြောင်း နဲ့ နယ်စပ်စျေးကွက် နှစ်ခုစလုံးမှာ မျှမျှတတ အညီအမျှ ဖြစ်ခြင်းသည် ဆန်စျေးကွက်တည်ငြိမ်ဖို့ အရေးပါပါတယ်။ ဆိုရှယ်မီဒီယာမှာ ပြောနေတာကတော့ သူတို့ထင်မြင်တာ ပြောနေကျတာပေါ့။ သက်ဆိုင်ရာကထုတ်ပြန်မှပဲ အတိအကျသိရမှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပေါ်ပြူလာနယူး(စ်)သို့ ပြောသည်။

ပို့ကုန်ရငွေ၏ ၃၅ ရာခိုင်နှုန်းကို  တရားဝင်လွှဲပြောင်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်နိုင်ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကို တစ်ရက်အတွင်း ကျပ်ငွေဖြင့်လဲလှယ်ရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ၂၀၂၂ ခုနှစ် သြဂုတ် ၁၆ ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ပို့ကုန် လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် တရုတ်ယွမ်‌ငွေ၊ ထိုင်းဘတ်ငွေနှင့် အိန္ဒိယရူပီးစသည့် နိုင်ငံ ခြားငွေများဖြင့် တိုက်ရိုက်ငွေပေးချေခွင့်ကို ခွင့်ပြုထားပြီးလည်း ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ် ၊ အိန္ဒိယနှင့် ထို င်းနိုင်ငံအပါအဝင် ပြည်ပနိုင်ငံများသို့ နယ်စပ်ကုန် သွယ်ရေးလမ်းကြောင်းများမှ ဆန်၊ ဆန်ကွဲ၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဖရဲ၊ သခွား၊ ငရုတ်၊ ကြက်သွန် အပါအဝင် လယ်ယာထွက်ကုန်ပစ္စည်းများ၊ ကြံ ၊ ရာဘာ၊ ငှက်ပျော စသည့် ခြံထွက် သီးနှံများ ၊ ငါး ၊ ပုဇွန် ၊ ကဏန်း အပါအဝင် ရေထွက်ကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်း အမြောက်အများ တင်ပို့နေခြင်းလည်း ဖြစ်သည်။

ယင်းကဲ့သို့ တင်ပို့နေသည့် ပိုကုန်ပစ္စည်းများ၏ ပို့ကုန်ရ ငွေထဲမှ (၆၅) ရာခိုင်နှုန်းကို လာမည့် မတ်လ (၁) ရက်မှ စတင်ကာ မြန်မာနိုင်ငံ ဗဟိုဘဏ်က သတ်မှတ်သည့် ငွေလဲနှုန်းဖြင့် ပြန်လည်လဲလှယ်ရမည်ဖြစ်သည်။

လက်ရှိတွင် ဗဟိုဘဏ်က သတ်မှတ်ထားသည့် ငွေလဲနူန်းမှာ အမေရိကန် တစ်ဒေါ်လာလျင် ၂၁၀၀ ကျပ် ဖြစ်ပြီး ပြင်ပဈေးကွက်တွင် ၂၈၅၀ ကျပ်ဝန်းကျင်ဖြင့် အရောင်းအဝယ်ပြုလုပ်နေကြခြင်း ဖြစ်သည်။

လက်ရှိတွင် ဖြစ်ပေါ်နေသည့် နိုင်ငံခြားငွေဈေးနှုန်းများအရ တရုတ်တစ်ယွမ်လျင် မြန်မာငွေ ၄၁၀ ကျပ် ဝန်းကျင်၊ထိုင်းဘတ်ငွေ တစ်ဘတ်လျင် မြန်မာငွေ ၈၅ ကျပ်ဝန်းကျင်၊ အိန္ဒိယ တစ်ရူးပီးလျင် မြန်မာငွေ ၃၆ ကျပ်ဝန်း ကျင်ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့တွင် ကျောင်းအပ်နှံသူ ၁ ဒသမ ၂၄၈ သန်းရှိ

ကျောင်းအပ်နှံရေး သီတင်းပတ်၏ ပထမဆုံးနေ့ဖြစ်သည့် ယမန်နေ့တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျောင်းအပ်နှံသူဦးရေ ၁,၂၄၈,၁၂၃ ဦးရှိကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။ ၂၀၂၅ -၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီ တင်းပတ်အဖြစ် မေလ (၂၂) ရက်မှ ဇွန်လ (၁) ရက်အထိ သတ်မှတ်ထားကာ ဇွန် (၂) ရက်မှစတင်၍ အခြေခံပညာဦးစီး ဌာနအောက်ရှိ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းများကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရာတွင်လည်း မည်သည့် အခကြေးငွေမျှ ပေးစရာမလိုကြောင်းနှင့် ကျောင်းသား၊...

တရုတ်ဝန်ကြီးချုပ် အင်ဒိုနီးရှား၊ မလေးရှားသွားမည်၊ အာဆီယံ–ဂျီစီစီ–တရုတ် ထိပ်သီးအစည်းအဝေးတက်ရောက်မည်

ပေကျင်း၊ မေ ၂၂ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝို ဆုဘီယန်တို၏ ဖိတ်ကြားချက်အရ တရုတ်ဝန်ကြီးချုပ် လီကျွင်းသည် မေလ ၂၄ ရက်‌နေ့မှ ၂၆ ရက် နေ့အထိ အင်ဒိုနီးရှားနိုင်ငံသို့ တရားဝင်လာရောက်လည်ပတ်မည်ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြာသပတေးနေ့တွင် သတင်းထုတ်ပြန်သည်။ လီသည် မေလ ၂၆ ရက် နေ့မှ ၂၈ ရက် နေ့အထိ အာဆီယံ-ဂျီစီစီ (ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ)-တရုပ် ထိပ်သီးအစည်းအဝေးကို မလေးရှားနိုင်ငံ ဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ်၏ ဖိတ်ကြားချက်အရ တက်ရောက်မည်ဖြစ်ကြောင်း ကိုလည်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါသည်။ ၇၅ နှစ်ကြာ သမိုင်းဝင်...

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက်ဆွေးနွေး

မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးအတွက် တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့် မြန်မာနိုင်ငံမှတာဝန်ရှိသူများ မေ ၂၂ ရက်နံနက်ပိုင်းက မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂)ချစ်ကြည်ရေးတံတားအစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဥ် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ဆွေးနွေးခဲ့သည့် သုံးနိုင်ငံသဘောတူညီချက်ကို အရှိန်အဟုန်မြှင့်ဆက်လက်ဆောင်ရွက်ရေး၊ မြဝတီဒေသရှိ အွန်လိုင်းလိ-မ်လ-ည်မှုများ ကင်းစင်ပပျောက်သည်အထိ ရှင်းလင်းဆောင်ရွက်ရေးနှင့် အွန်လိုင်းလိ-မ်လ-ည်မှုနှင့် ဆက်စပ်ပတ်သက်သူများကို သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည်လွှဲပြောင်းပေးအပ်ရာတွင် အဆင်ပြေချောမွေ့စေရေး ပူးပေါင်းဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့ကြသည်။ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန၊ ဒု-ညွှန်ကြာရေးမှူးချုပ်နှင့်တာဝန်ရှိသူများသည် မြဝတီမြို့သို့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071