Tuesday, December 16, 2025

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင်...

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌...

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု...

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ...

မန်းရွှေစက်တော်ဘုရားရှိ အောက်စက်တော်ရာ(ခြေတော်ရာ)အားဖူးမြှော်နိုင်ရန် ဘေလီသံပေါင်တံတားထိုးနေ

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအား ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း အောက်စက်တော်ရာ(ခြေတော်ရာ)အား လွယ်ကူအဆင်ပြေစွာဖူးမြှော်နိုင်ရန် ယာယီဘေလီသံပေါင်တံတားတစ်စင်းကို တပ်ဆင်လျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။ အဆိုပါ ယာယီဘေလီသံပေါင်တံတားကို မင်းဘူးခရိုင်နှင့် မြို့နယ်လမ်းဦးစီးဌာနမှတာဝန်ခံများကကြီးကြပ်၍...
HomeNewsLocal Newsနယ်စပ်ဖြတ်ကျော်ခွင့်ပြုပြီဆိုသည့် သတင်းများကြောင့် တရုတ်သို့...

နယ်စပ်ဖြတ်ကျော်ခွင့်ပြုပြီဆိုသည့် သတင်းများကြောင့် တရုတ်သို့ ထွက်ခွာရန် လာရောက်သူ သောင်းနှင့်ချီကာ မူဆယ်တွင်သောင်တင်နေ 

တရုတ် – မြန်မာ နှစ်နိုင်ငံ အစိုးရအကြား ညှိနှိုင်းမှုများအရ ပြီးခဲ့သည့် (၃) နှစ်ဝန်းကျင်ကတည်းက ပိတ်ထားသည့် မူဆယ် နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်ကာ နယ်စပ်ဖြတ်ကျော်ခွင့်ပြုကြောင်း သတင်းများကြောင့် တရုတ်သို့ ထွက်ခွာရန် လာရောက်သူ သောင်းနှင့်ချီကာ မူဆယ်မြို့တွင် ပိတ်မိနေကြောင်း  ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

ယနေ့ ဇန်နဝါရီ (၂၅) ရက်နေ့လယ်ပိုင်း ပေါ်ပြူလာနယူး(စ်)က စုံစမ်းသိရှိရသည့် သတင်းများအရ တရုတ်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရန် လာရောက်စောင့်ဆိုင်းနေသူ အနည်းဆုံး (၁) သောင်းဝန်းကျင် မူဆယ်မြို့အပါအဝင် အနီးပတ်ဝန်းကျင်ရှိမြို့နယ်များ၌ သောင်တင်နေကြောင်း သိရသည်။ 

” ဒီလိုဗျ ၊ ဂိတ်ဖွင့်ပြီဆိုတော့ လူတိုင်းက လာကြတယ်။ ဒါကတော့ အလုပ်အကိုင် လုပ်ချင်ကြတာကိုဗျာ။ ရပ်ဝေးကနေ ဂိတ်ဖွင့်မယ်ဆိုတဲ့ အသံကြားလို့ မြန်မာနိုင်ငံ တနံတလျားက လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေက သောင်းနဲ့ချီတယ်။ သောင်းနဲ့ချီ ရောက်နေတယ်ဗျ။ ပိတ်မိနေတာပေါ့။ အစောကြီးကတည်းက ကျွန်တော်တို့လည်း စေတနာနဲ့ ပြောပါတယ်။ အဲဒီလိုတွေ ဖြစ်မှာစိုးလို့ ။ မူဆယ်မှာ တည်းခိုခန်းတွေက အကုန်ကြပ်ညှပ်နေတာ။ အိမ်ခန်းငှားတာတွေလည်း ကြပ်ညှပ်နေတာပဲ” ဟု မူဆယ်အခြေစိုက် လူသားချင်းစာနာမှု အကူညီပေးရေးကွန်ရက် ဒုဥက္ကဋ္ဌ ဦးစိန်လှအောင်က လက်ရှိအခြေအနေကို ရှင်းပြ သည်။ 

ကိုဗစ် (၁၉) ရောဂါ ထိန်းချုပ်ရေး စီမံချက်များအရ (၃) နှစ်ကြာ ပိတ်ထားခဲ့သည့် မူဆယ် – ကျယ်ခေါင် နယ်စပ်ဂိတ်များကို တရုတ်ဘက်ခြမ်းမှ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည့် ၂၀၂၃ ခုနှစ် ဇန်နဝါရီ (၈) ရက်နောက်ပိုင်းမှ စတင်ကာ ရွှေ့ပြောင်းလုပ်သားများ တရုတ်နိုင်ငံသို့ ထွက်ခွာရန် လာရောက်နေကြခြင်းဖြစ်ပြီး ကန့်သတ်ချက်များကြောင့် လက်ရှိအချိန်ထိ ထွက်ခွာနိုင်ခြင်းမရှိသေးဘဲ မြန်မာနိုင်ငံဘက်ခြမ်းတွင် ပိတ်မိနေခြင်းဖြစ်ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။ 

ယနေ့ ဇန်နဝါရီ (၂၅) ရက် နံနက်ပိုင်းတွင် တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်သွားလာခွင့်စာအုပ်(အနီ) ယာယီ ပတ်စပို့စ် ထုတ်ပေးခြင်းကို မြန်မာဖက်အခြမ်းက စတင် ပြုလုပ်နေပြီ ဖြစ်သော်လည်း မူဆယ်မြို့နယ်အတွင်း နေထိုင်ကြောင်း အိမ်ထောင်စုဇယားရှိသူများကိုသာ ကနဦးအနေဖြင့် ထုတ်ပေးသွားဦးမည် ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ နယ်စပ်ဖြတ်ကျော်သွားလာခွင့် စာအုပ် ယာယီပတ်စပို့စ်နှင့် ပတ်သက်၍လည်း သတင်းအမှားများ ပျံ့နှံ့နေပြီး ရှမ်းပြည်နယ် တစ်ခုလုံးရှိ ပြည်သူများ အားလုံး အကျုံးဝင်သယောင် ရေးသားဖြန့်ဝေမှုများ ရှိနေကြောင်းလည်း သိရသည်။ 

” နယ်ကျော်မပြောနဲ့ မူဆယ်ခရိုင်ထဲက တခြားမြို့တွေတောင် မရနိုင်သေးဘူး။ မူဆယ်သီးသန့်ပဲ ရဦးမယ်။ ဒါကတော့ လူမျိုးရေးခွဲတာတို့ ဘာတို့တော့ ကျွန်တော် မမြင်ဘူး ။ နှစ်နိုင်ငံရဲ့ စနစ်တကျနဲ့  ပဏာမ စမ်းသပ်တဲ့သဘောလို့ပဲ ယူဆတယ်။ ကျွန်တော့်အမြင်ပေါ့” ဟု ဦးစိန်လှအောင်က ပြောသည်။ 

လက်ရှိ မူဆယ်မြို့နှင့် အနီးတဝိုက်တွင် ရောက်ရှိကာ ပိတ်မိနေသည့် နယ်စပ်ဖြတ်ကျော်သွားရောက်အလုပ်လုပ်ကိုင်ကြမည့် ရွှေ့ပြောင်းလုပ်သားများထဲတွင် ရခိုင်ပြည်နယ်ဘက်မှ လာရောက်သူ ပိုမိုများပြားပြီး အခြားပြည်နယ်နှင့် တိုင်းအချို့မှလည်း ပါဝင်နေကြောင်း သိရသည်။ 

ယနေ့ စတင်လက်‌ခံဆောင်ရွက်ပေးနေသည့် နယ်စပ်ဖြတ်ကျော်သွားလာခွင့် ယာယီပတ်စပို့စ်သည် သက်တမ်းအားဖြင့် (၁) နှစ်သက်တမ်းရှိပြီး ရွှေလီ ဧရိယာအတွင်း (၇) ရက် နေထိုင်ခွင့်ရှိကြောင်း သိရသည်။ 

အကယ်၍ (၇) ရက်ပြည့်ပါက မြန်မာနိုင်ငံဘက်ခြမ်းသို့ပြန်လည် ဝင်ရောက်ကာ လဝကထံတွင် ခွင့်ပြုချက် တံဆိပ်တုံးထုခြင်း ဆောင်ရွက်ရန် လိုအပ်ပြီး (၁) နှစ်ပြည့်ပါက စာအုပ်အသစ်ထပ်မံလုပ်ဆောင်ရမည်ဖြစ်ကြောင်း သိရသည်။ 

အဆိုပါ စာအုပ်ထုတ်ယူရန် ကုန်ကျငွေ မည်မျှကျသင့်မည်ကို မသိရှိရသေးသော်လည်း ယနေ့ နံနက်ပိုင်း လာရောက် လျှောက်ထားသူများအနေဖြင့် မြန်မာငွေ (၂၀၀၀) ကျပ်သာ ပေးဆောင်ရကြောင်း သိရသည်။ 

လူမှုကွန်ရက် စာမျက်နှာများတွင် တရုတ်ပြည်သို့ ထွက်ခွာရန် စုံစမ်းနေသူများ အများအပြားတွေ့ရပြီး စာအုပ်ကြေးအနေဖြင့်လည်း အနည်းဆုံး ၂သိန်းခွဲ မှ ၈ သိန်းအထိ ကုန်ကျနိုင်ကြောင်း သတင်းမှား ဖြန့်ဝေနေသူများကိုလည်း တွေ့ရသည်။ 

ထို့အပြင် နယ်စပ်ဖြတ်ကျော်ခွင့် စာအုပ်ကို အခြားတိုင်းနှင့် ပြည်နယ်များတွင် နေထိုင်သူများပါ ထုတ်ယူရရှိနိုင်သယောင် ရေးသားဖြန့်ဝေမှုများနှင့် စည်းရုံးလှုံ့ဆော်မှုများလည်း ရှိနေသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သက်ဆင်၏တူကို ပါတီ၏ဝန်ကြီးချုပ်ကိုယ်စားလှယ်လောင်းလျာထား

ထိုင်းနိုင်ငံ၏ လာမည့်အထွေထွေရွေးကောက်ပွဲတွင် အာဏာပြန်လည်ရရှိရန် ဖြူထိုင်းပါတီက တို-က်ပွဲဝင်နေရချိန်တွင် သက်ဆင်ရှင်နာဝပ်ထရာ၏ တူတော်စပ်သူသည် ဝန်ကြီးချုပ်ရာထူးအတွက် ပါတီ၏ ကိုယ်စားလှယ်လောင်းစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်မည်ဖြစ်သည်။ ဖေဖော်ဝါရီလ ၈ ရက် နေ့ရွေးကောက်ပွဲတွင် ပါတီအနိုင်ရခဲ့ပါက ဝန်ကြီးချုပ်ရာထူးအတွက် ယော့ချနန် ဝေါင်ဆာဝပ်ကို ဖြူထိုင်းက ပထမဦးစားပေးရွေးချယ် အဆိုပြုသွားမည်ဖြစ်ကြောင်း ပါတီခေါင်းဆောင် ဂျူလာပန် အမွန်ဝိဗတ်က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ကိုယ်စားလှယ်လောင်းစာရင်းတွင် အခြားကိုယ်စားလောင်းနှစ်ဦးလည်းပါဝင်မည်ဖြစ်ပြီး ဂျူလာပန်ကိုယ်တိုင်နှင့် ဝါရင့်နိုင်ငံရေးသမား ဆူရီယာ ဂျွန်ရွန်ဂရန်ကစ်တို့ဖြစ်သည်။ “ပါတီတွင်း ဆွေးနွေးမှုတွေအရ ဖြူထိုင်းပါတီအတွက် ဝန်ကြီးချုပ်အဖြစ် အဆိုပြုဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်ဟာ မစ္စတာ...

ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးတွင် ရွေးကောက်ပွဲ အပိုင်း(၁)အတွက် မြို့နယ်(၈)မြို့နယ်တွင် ကျင်းပမည်ဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရသည်။ ထိုနည်းတူ အပိုင်း(၂)နှင့် အပိုင်း(၃)တို့တွင် မြို့နယ်(၂၀)မြို့နယ်၌ ကျင်းပမည်ဟုလည်း သိရသည်။ လက်ရှိ၌ ပဲခူးတိုင်းဒေသကြီးအတွင်း၌ ဒုတိယအကြိမ် မဲစာရင်းကို အခြေခံပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲစာရင်းပါရှိနိုင်ရေး Door to Door မြေပြင်ကွင်းဆင်းစာရင်း တိုက်ဆိုင်စစ်ဆေးပြီးဖြစ်ကာ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျက်ရှိနေကြောင်းလည်း သိရသည်။ Photo- ပဲခူးတိုင်းဌာနေ

ယူကရိန်းသည် ‘နယ်မြေကို ဆုံးရှုံးပြီးသား’ ဟု ထရမ့် ပြောကြား

ယူကရိန်းသည် ၎င်း၏ နယ်မြေအချို့ကို ဆုံးရှုံးပြီးသားဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ ယူကရိန်းအတွက် စီစဉ်ထားသော လုံခြုံရေးအာမခံချက်များသည် ကိယက်ဗ်မှ နယ်မြေဆိုင်ရာ အလျှော့အတင်းပြုလုပ်မည့် အလားအလာနှင့် သက်ဆိုင်ခြင်း ရှိမရှိ မေးမြန်းသောအခါ သူက - "အမှန်အတိုင်း ပြောရရင် သူတို့က နယ်မြေကို ဆုံးရှုံးပြီးသားပါပဲ။ ဆိုလိုတာက နယ်မြေဟာ ဆုံးရှုံးပြီးသားပါ" ဟု ပြောခဲ့ခြင်းဖြစ်သည်။ "ကျွန်တော်တို့က ဥရောပနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။ ဥရောပက အဲဒီထဲမှာ အဓိက အစိတ်အပိုင်းတစ်ခု ဖြစ်လာမှာပါ။ စစ်ပွဲ ထပ်မဖြစ်အောင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071