Monday, June 23, 2025

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု...

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge...

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀...

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက...

ပြန်လည် ပြည့်ဖြိုးမြဲ စွမ်းအင် မှ...

မြန်မာသီလဝါအက်(စ်)အီးဇက် ဟိုးဒင်းပတ်ဘလစ် ကုမ္မဏီ လီမိတက် နှင့် GCL System Integration Technology Co., Ltd. (GCL SI)...
HomeInternationalနယ်စပ်ပြသနာများတွင် နှစ်နိုင်ငံပြည်သူများ သတင်းမှန်...

နယ်စပ်ပြသနာများတွင် နှစ်နိုင်ငံပြည်သူများ သတင်းမှန် သိရှိရေးအရေးပါ

ထိုင်း-ကမ္ဘောဒီးယားကိစ္စနှင့်ပတ်သက်၍ ဇွန်လ၄ ရက် နေ့က ထိုင်းအစိုးရက ကြေညာချက် တစ်ရပ်ကိုထုတ်ပြန်ခဲ့သည်။

ထိုင်းနှင့် အာဆီယံအသိုက်အဝန်းအတွက် ငြိမ်းချမ်းသော နည်းလမ်းများကို အသုံးပြု၍ ပြဿနာအရပ်ရပ်ကို အရေးတကြီး ဖြေရှင်းသွားမည်အကြောင်း အဆိုပါ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။ နှစ်နိုင်ငံ ဝန်ကြီးချုပ်များတို-က်ရို-က်ပြောကြားဆွေးနွေးပြီးဖြစ်ကြောင်း ပါဝင်သည်။

၂၀၂၅ ခုနှစ် မေလ ၂၈ ရက်နေ့တွင် ထိုင်းနိုင်ငံ အူဘွန် ရတ်ချ်ထနီပြည်နယ် ချောင်ဘောက်နယ်မြေတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတပ်များ ထိတွေ့မှုဖြစ်ပွားရာမှ စတင်ခဲ့သည့်ပဋိပက္ခအပေါ် နှစ်နိုင်ငံလုံးက အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို အပြည့်အဝကာကွယ်ရန် အရေးထားဆောင်ရွက်နေခြင်း ဖြစ်သည်။

နှစ်ဖက်စလုံးက အခြေအနေကို ပုံမှန်အတိုင်း ပြန်လည်ထူထောင်ရန်၊ မေလ ၂၉ ရက်နေ့တွင် နှစ်ဘက်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်များ ဆွေးနွေးခဲ့သည့် ပူးတွဲနယ်နိမိတ်ကော်မရှင် (JBC)ယန္တရားကို အသုံးပြုရန်လည်း သဘောတူခဲ့ကြသည်။

ထို့အပြင် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုလွဲမှားမှုများကို တားဆီးရန်အတွက် နှစ်နိုင်ငံအစိုးရသည် ပြည်သူများကိုနားလည်မှုရှိအောင်သတင်းပေး ပြောဆိုရန် အရေးကြီးကြောင်းကိုလည်း နှစ်နိုင်ငံအစိုးရများက အလေးထားပြောကြားခဲ့သည်။

ကမ္ဘောဒီးယားသည် တရားစီရင်ရေးယန္တရား နှင့်ပတ်သက်ပြီး တတိယအဖွဲ့အစည်းကို အားပြုလိုပြီး ထိုင်းနိုင်ငံသည် လက်ရှိနှစ်နိုင်ငံ ယန္တရားများမှတစ်ဆင့် ကမ္ဘောဒီးယားနှင့် စေ့စပ်ညှိနှိုင်းရန် အဆင်သင့်ဖြစ်နေကာ နိုင်ငံတကာဥပဒေ၊ သက်ဆိုင်ရာ စာချုပ်များနှင့် သဘောတူညီချက်များဖြစ်သည့် မြေတိုင်းနှင့် နယ်နိမိတ် သတ်မှတ်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MOU 2000)၊ ဂြိုလ်တုဓာတ်ပုံများ အပါအဝင် အထောက်အထားများကို အဆင်သင့်ပြင်ထားသည်ဟု ဆိုသည်။

လက်ရှိတွင် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တလျှောက် အခြေအနေသည် အလုံးစုံ တည်ငြိမ်နေပြီ ဖြစ်ကြောင်း ထိုင်းက အတည်ပြု ပြောကြာထားသည်။

ထိုင်းအစိုးရသည် ကမ္ဘောဒီးယားနှင့် စေ့စပ်ဆွေးနွေးခြင်းဖြင့် ယင်းကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ကို ထပ်မံအတည်ပြုကြောင်း၊ အိမ်နီးချင်းကောင်းပီသရေး၊ နယ်စပ်ဒေသရှိ ပြည်သူများကျန်းမာရေးနှင့် ဘေးကင်းရေး၊ တသားတည်း ဖြစ်သည့်အာဆီယံမိသားစုအပေါ် အခြေခံ၍ ဤပြဿနာကို ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ဖြေရှင်းနိုင်မည်ဟု ယုံကြည်ထားဆဲဖြစ်ကြောင်းဖော်ပြထားသည်။

ထိုင်းအစိုးရက ကမ္ဘောဒီးယားနိုင်ငံကို တင်းမာမှုများ လျှော့ချရန်နှင့် နှစ်နိုင်ငံပြည်သူများအကြား နားလည်မှုလွဲမှားခြင်းများမဖြစ်စေရန် ပြည်သူများကိုသတင်းမှန်ပေးနိုင်ရန် ကမ္ဘောဒီးယားကို တို-က်တွန်းထားသည်။

Ref: khaosod

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။ Photo- Lin Lin , Yangon Sport

မန္တလေးတိုင်းဝန်ကြီးချုပ်နှင့် UNOPS မှ အမှု ဆောင်ညွှန်ကြားရေးမှူးတို့တွေ့ဆုံ

မန္တလေးတိုင်းဝန်ကြီးချုပ်ဦးမျိုးအောင်သည် ယနေ့ ဇွန် ၂၂ ရက်မွန်းလွဲပိုင်းက ကုလသမဂ္ဂ Under-Secretary- General နှင့် ကုလသမဂ္ဂ စီမံကိန်းဝန်ဆောင်မှုရုံး(UNOPS)မှ အမှုဆောင်ညွှန်ကြားရေးမှူး Mr.Jorge Manuel Lopes Moreira Da Silva အားလက်ခံတွေ့ဆုံခဲ့သည်။ တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ကုလသမဂ္ဂကြား လက်ရှိပူးပေါင်းဆောင်ရွက်နေမှုများ၊ UNOPS မှစီမံခန့်ခွဲလျက်ရှိသည့်ရန်ပုံငွေများဖြင့် ပံ့ပိုးကူညီဆောင်ရွက်ပေးနေမှုများနှင့်ဆက်လက်ဆောင်ရွက်ပေးသွားမည့် အစီအစဉ်များကို ဆွေးနွေးခဲ့ကြသည်။

သိမ်းဆည်းရမိထားသော ဆေးဝါးများကို ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့လှူဒါန်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပိုင်ရှင်မဲ့သိမ်းဆည်းရမိထားသော အင်္ဂလိပ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအား ယနေ့ ဇွန် ၂၂ ရက်နံနက်ပိုင်းက လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ပိုင်ရှင်မဲ့ဆေးဝါးနှင့်ဆက်ဆပ်ပစ္စည်းများအား ပြည်သူ့ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေရန်ရည်ရွယ်လှူဒါန်းရခြင်းဖြစ်ခြင်းကို မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဟန်ဝင်းလှိုင်ကရှင်းလင်းပြောကြားခဲ့ပြီးနောက် ခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးကျော်ဇင်ထွန်းက ဆေးဝါးနှင့် ဆက်ဆပ်ပစ္စည်းများကို သူနာပြုဆရာမကြီးဒေါ်မိုးသီတာဝင်းထံ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။ ရေဦးမြို့နယ် ခုတင်-၁၀၀ ဆန့်ပြည်သူ့ဆေးရုံကြီးသို့ ပေးအပ်လှူဒါန်းသည့် ပိုင်ရှင်မဲ့သိမ်းဆည်းရမိသော(လူသုံး)အင်္ဂလိပ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများသည် ငွေကျပ်သိန်း(၂၀၀)ခန့်ရှိကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071