Tuesday, June 24, 2025

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂...

ကမ္ဘောဒီးယားနှင့် နယ်စပ်ကို ထိုင်းစစ်တပ်က ပိ-တ်လိုက်ပြီ

ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။ ပထမစစ်တိုင်းဌာနနှင့်...

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည်...

အိန္ဒိယလေကြောင်းလိုင်းများကိုဝေဟင်ပိုင်နက်ပိ-တ်ပင်မှုပါကစ္စတန်က တစ်လထပ်တိုး

ပါကစ္စတန်နိုင်ငံက အိန္ဒိယလေယာဉ်များကို၎င်း၏ ဝေဟင်ပိုင်နက်အသုံးပြုခွင့်ပိတ်ပင်ထားမှုကို နောက်ထပ် တစ်လ သက်တမ်းတိုးလိုက်သည်ဟု ပါကစ္စတန်လေဆိပ်များအာဏာပိုင်အဖွဲ့က တနင်္လာနေ့တွင်ကြေညာခဲ့သည်။ အာဏာပိုင်အဖွဲ့က ထုတ်ပြန်သော လေကြောင်းလိုင်းဆိုင်ရာ နို့တစ်(NOTAM) အရ စစ်ဖက်လေယာဉ်များအပါအဝင်...
HomeInternationalနယ်စပ်ပိ-တ်ခြင်းသည် ထိုင်းကိုသာထိခို-က်မည်--ဟွန်ဆန်

နယ်စပ်ပိ-တ်ခြင်းသည် ထိုင်းကိုသာထိခို-က်မည်–ဟွန်ဆန်

ထိုင်းအာဏာပိုင်များက နှစ်နိုင်ငံနယ်စပ် အဝင်အထွက်များကို ကန့်သတ်ရန် ဆုံးဖြတ်ခဲ့ပြီးနောက် ယင်းကိစ္စသည် ထိုင်းပို့ကုန်များအပေါ် အကျိုးသက်ရောက်မှုရှိမည်ဖြစ်ကြောင်း ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က ထိုင်းနိုင်ငံကို သတိပေးခဲ့သည်။ သို့ရာတွင် ယင်းအတွက် ထိုင်းထုတ်ကုန်များကို သပိတ်မှေ-ာက်ရန် ကြိုးပမ်းမှုများကိုမူ သူဆန့်ကျင်ကြောင်း ဟွန်ဆန်က ရှင်းလင်းစွာ ထုတ်ဖော်ပြောဆိုသည်။

ကမ္ဘောဒီးယားမှ တင်သွင်းသော ကုန်ပစ္စည်းများထက် ထိုင်း၏တင်ပို့မှုက ကျော်လွန်သောကြောင့် နယ်စပ်ပိ-တ်ခြင်း၏ သက်ရောက်မှုကို ထိုင်းကသာ အများဆုံးခံရလိမ့်မည်ဟု ဟွန်ဆန်က စနေနေ့ညပိုင်းတွင် ပြောဆိုခဲ့သည်ဟု ခမာတိုင်းမ်သတင်းဌာနက တနင်္ဂနွေနေ့တွင် သတင်းဖော်ပြခဲ့သည်။

ထိုင်းက ကမ္ဘောဒီးယားကို ဒေါ်လာ ၅ ဒဿမ ၂ ဘီလျံကျော် ကုန်ပစ္စည်းတင်ပို့ခဲ့ပြီး တင်သွင်းမှုတွင် ၁ ဒဿမ ၁ ဘီလျံသာရှိခဲ့သည့် ၂၀၂၄ ခုနှစ် ကုန်သွယ်မှုစာရင်းဇယားကို ကိုးကား၍ ဝန်ကြီးချုပ် ဟွန်မာနက်၏ ဖခင်ဖြစ်သော ဟွန်ဆန်က ပြောဆိုခဲ့သည်။

ကမ္ဘောဒီးယားကို ဖိအားပေးသည့်အနေဖြင့် နှစ်နိုင်ငံအကြား ဝင်ပေါက်တစ်ခုဖြစ်သည့် SaKaeo ပြည်နယ် Aranyaprathet စစ်ဆေးရေးဂိတ်အပါအဝင် နေရာများစွာရှိ နယ်စပ်များကို ပိတ်ရန် စနေနေ့အစောပိုင်းတွင် ထိုင်းစစ်တပ်က အမိန့်ထုတ်ခဲ့သည်။ မေလ ၂၈ ရက်နေ့က ဥဘုံရက်ချာဌာနီပြည်နယ် Nam Yuen ခရိုင် Chong Bok အနီးတွင် နှစ်ဖက်တပ်များ ခေတ္တပ-စ်ခ-တ်မှုပေါ်ပေါက်ခဲ့ပြီးနောက် အသစ်တဖန် နယ်စပ်အငြင်းပွားမှုအတွင်း နှစ်နိုင်ငံကျရောက်ခဲ့သည်။

နယ်စပ်ပိတ်ခြင်းကို တန်ပြန်သည့်အနေဖြင့် ထိုင်းကုန်ပစ္စည်းများကို သပိတ်မှေ-ာက်ကြရန် ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင် Duong Chhay က တို-က်တွန်းခဲ့ပြီးနောက် ဟွန်ဆန်၏ သတင်းထုတ်ပြန်ချက်ကို ၎င်း၏ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်တင်ခဲ့ခြင်းဖြစ်သည်။

သပိတ်မှေ-ာက်ခြင်းကို ဆန့်ကျင်ကြောင်းနှင့် ကမ္ဘောဒီးယားနိုင်ငံသားတို့၏ တည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စိတ်ရှည်မှုနှင့် ယဉ်ကျေးမှုတို့ကို ပြသရန်ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်က တောင်းဆိုခဲ့သည်။

“ကမ္ဘောဒီးယားနိုင်ငံသားများအနေနဲ့ ထိုင်းထုတ်ကုန်တွေ မရှိခဲ့ရင် ကမ္ဘောဒီးယားဘုရင့်အစိုးရကို အပြစ်မတင်ပါနဲ့။ ဒီပြတ်လပ်မှုဟာ ထိုင်းနိုင်ငံကနယ်စပ်ကို ပိ-တ်ဖို့ ဆုံးဖြတ်ခဲ့မှုရဲ့ တို-က်ရို-က်ရလဒ်ဖြစ်ပါတယ်” ၎င်းက ပြောဆိုကြောင်း ခမာတိုင်းမ်က ဖော်ပြခဲ့သည်။

“ကျွနုပ်တို့ ဂုဏ်သိက္ခာကို နိုင်ငံခြားသားတွေ ကဲ့ရဲ့စောင်းမြောင်းလာစေနိုင်တဲ့ လုပ်ရပ်မှန်သမျှ အထူးရှောင်ရှားကြဖို့နဲ့ တည်ငြိမ်မှု၊ ရင့်ကျက်မှု၊ စိတ်ရှည်မှု၊ ယဉ်ကျေးသိမ်မွေ့မှုတို့ကို ထိန်းသိမ်းကြဖို့ ကမ္ဘောဒီးယားနိုင်ငံသားတွေကို တို-က်တွန်းပါတယ်” ဟု ဟွန်ဆန်က ဆက်လက်ပြောဆိုခဲ့သည်။

Ref: ဘန်ကောက်ပို့စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုများရှိလာ

တိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ်များရှိ ဆေးရုံကြီးများတွင် ဝမ်းပျ-က်ဝမ်းလျှောရောဂါဖြင့် ဆေးရုံတက်ရောက်ကုသမှုအခြေအနေကို ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားခြင်းဖြစ်သည်။ ထုတ်ပြန်ချက်သည် ဇွန်လ ၁၅ ရက်နေ့မှ ဇွန်လ ၂၂ ရက်နေ့အထိ တွေ့ရှိရသော စာရင်းဖြစ်သည်။ ရန်ကုန်တိုင်းဒေသကြီးတွင်မူ ဝမ်းပျ-က်ဝမ်းလျှောရောဂါ သာမန်ဖြစ်ပွါးသူလူဦးရေ ၆၀ ရှိနေပြီး ပဲခူးတိုင်းတွင်မူ ပြင်းထန်အဆင့်ဖြစ်ပွါးသူ နှစ်ဦး ရှိနေသည်။ မိုးဦးကျကာလဖြစ်သည့်အတွက် ယင်းကာလတွင် ဖြစ်ပွားတတ်သော ပြင်းထန်ဝမ်းပျ-က်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ရန် ကျန်းမာရေးဝန်ကြီး ဌာနက တို-က်တွန်း နှိုးဆော်ထားသည်။ ဝမ်းပျ-က်ဝမ်းလျော ရောဂါဖြစ်ခြင်းသည် မသန့်ရှင်းသောရေ၊ မသန့်ရှင်းသော အစားအသောက်များ စားမိရာမှတဆင့် ဖြစ်ပွားလေ့ရှိပြီး၊ ရောဂါလက္ခဏာများအနေဖြင့်...

ကမ္ဘောဒီးယားနှင့် နယ်စပ်ကို ထိုင်းစစ်တပ်က ပိ-တ်လိုက်ပြီ

ကမ္ဘောဒီးယား၏ ထိုင်းပိုင်နက်ကို ခြိမ်းခြောက်မှုနှင့် အိမ်နီးချင်းနိုင်ငံအတွင်းရှိ ငွေလိမ်ဂိုဏ်းများ၏ ဆိုးကျိုးသက်ရောက်မှုများကို လက်တုန့်ပြန်သည့်အနေဖြင့် ထိုင်းကြည်းတပ်နှင့် ရေတပ်သည် ကမ္ဘောဒီးယားနိုင်ငံနှင့် နယ်စပ်ကို ပိ-တ်လိုက်ကြောင်း သိရသည်။ ပထမစစ်တိုင်းဌာနနှင့် ဒုတိယစစ်တိုင်းဌာနတို့သည် ဘူရီရမ်၊ ဆာကာအို၊ စီဆာကက်နှင့် ဥဘုံရတ်ချာဌာနီပြည်နယ်များရှိ နယ်စပ်တလျှောက်တွင် စီမံချက်ကို အကောင်အထည်ဖော်ခဲ့သည်ဟု ထိုင်းစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဝင်ထိုင်း ဆူဗာရီးက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ စီမံချက်အရ ယာဉ်အားလုံး နယ်စပ်ကို ဖြတ်သန်းခြင်းအား ပိ-တ်ပင်ထားသည်။ ထိုင်းနိုင်ငံသားနှင့် ကမ္ဘာလှည့်ခရီးသွားများအပါအဝင် နိုင်ငံခြားသားများ ခရီးသွားလာခြင်းနှင့် ကုန်သွယ်မှုပုံစံအားလုံးကိုလည်း တားမြစ်ထားသည်။ အရေးပေါ်လူနာများ၊ ကျောင်းသားများနှင့်...

တရုတ်ကဖက်ဆစ်ဂျပန်ကိုအောင်နိုင်မှု နှစ်၈၀ပြည့်အခမ်းအနားကျင်းပမည်

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေးစစ်ပွဲနှင့်တရုတ်၏ ဂျပန်တော်လှန်ရေးအောင်ပွဲွဲနှစ် ၈၀ ပြည့် အခမ်းအနားကို တရုတ်နိုင်ငံက စက်တင်ဘာ ၃ ရက်တွင် ပေကျင်းမြို့လယ်ရှိ တိန့်အန်မင်ရင်ပြင်၌ စစ်ရေးပြချီတက်ပွဲဖြင့် ပြုလုပ်သွားမည်ဖြစ်သည်။ နှစ်ပတ်လည် အထိမ်းအမှတ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြုလုပ်သည့် စစ်ရေးပြချီတက်ပွဲအတွင်း တပ်ဖွဲ့ဝင်များကို သမ္မတ ရှီကျင့်ဖျင်က စစ်ဆေးသွားမည်ဖြစ်သည်။ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးလည်းဖြစ်ပြီး ဗဟိုစစ်ကော်မရှင်ဥက္ကဌလည်းဖြစ်သည့်ရှီသည်စစ်ရေးပြပွဲတွင် မိန့်ခွန်းပြောကြားမည် ဖြစ်သည်။ စစ်ရေးပြချီတက်ပွဲတွင် စစ်သည်များ၊ သံချပ်ကာစစ်ကြောင်းချီတက်ခြင်း၊ လေကြောင်း စုဖွဲ့ပျံသန်းခြင်းနှင့် မောင်းသူမဲ့လေယာဉ်များ၊ ထောက်လှမ်းရေးကိရိယာများအပါအဝင် တို-က်ပွဲဝင်တပ်ဖွဲ့များ၏ စစ်လက်နက်ပစ္စည်းအသစ်များကို ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071