ကမ္ဘာ့ခေါင်းဆောင် ၁၅၀ နီးပါး ကုလသမဂ္ဂ အထွေထွေညီလာခံအတွက် မန်ဟက်တန်သို့ လာရောက်ရန် ပြင်ဆင်နေချိန်တွင် အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေး (Secret Service) အဖွဲ့သည် နယူးယောက်ဧရိယာတစ်ဝန်းလုံးတွင် လျှို့ဝှက်စွာရှိနေသော ကြီးမားသည့်တယ်လီကွန်းကွန်ရက်တစ်ခုကို တိတ်တဆိတ် ဖြိုခွင်းခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ ဤစနစ်သည် မြို့တော်ကို အားအနည်းဆုံးအချိန်တွင် ဆဲလ်တာဝါများကို ရပ်တန့်စေနိုင်ခြင်း၊ ၉၁၁ အရေးပေါ်ဖုန်းခေါ်ဆိုမှုများကို အနှောင့်အယှက်ပေးခြင်းနှင့် ကွန်ရက်များကိုရှုပ်ထွေးအောင် ပြုလုပ်နိုင်ခြင်းတို့ ဖြစ်နိုင်သည်ဟု သိရသည်။။
ကုလသမဂ္ဂ၏ ၅၆ ကီလိုမီတာ (၃၅ မိုင်) ပတ်လည်တွင် စုစည်းထားသည့် ဆင်းမ်ကတ် ၁၀၀,၀၀၀ ကျော် ပါဝင်သော ဆင်းမ်ဆာဗာ ၃၀၀ ကျော်သည် အမေရိကန်မြေပေါ်တွင် တွေ့ရှိခဲ့သမျှ ဆက်သွယ်ရေးဆိုင်ရာ အကြီးမားဆုံး ခြိ-မ်းခြေ-ာက်မှုများထဲမှ တစ်ခုဖြစ်သည်။ ဤစနစ်သည် နေ့စဉ်ဘဝအတွက်သာမက အရေးပေါ်တုံ့ပြန်မှုနှင့် အကြ-မ်းဖ-က်မှုတန်ပြန်ရေးအတွက်ပါ ဆယ်လူလာဝန်ဆောင်မှုအပေါ် မှီခိုနေရသော မြို့တစ်မြို့အတွက် ဆယ်လူလာဝန်ဆောင်မှုအားလုံးကို ပိ-တ်လိုက်နိုင်ကြောင်း စုံစမ်းစစ်ဆေးသူများက သတိပေးသည်။
နိုင်ငံခြားခေါင်းဆောင်များ မြို့လယ်ရှိ ဟိုတယ်များသို့ ရောက်ရှိပြီး မက်ဟက်တန်တွင် မော်တော်ယာဉ်တန်းများဖြင့် ပြည့်နှက်နေချိန်တွင် Secret Service အရာရှိများက အင်္ဂါနေ့က ပြောကြားခဲ့သည်မှာ ဤဖမ်းဆီးမှုသည် ခေတ်မီမြို့တစ်မြို့ကို ချိတ်ဆက်ပေးထားသည့် မမြင်ရသော အခြေခံအဆောက်အအုံကို ပ-စ်မှတ်ထား လုပ်ကြံမှုများကဲ့သို့သော အန္တရာယ်နယ်ပယ်သစ်တစ်ခုကို မီးမောင်းထိုးပြနေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးသူများ၏ အဆိုအရ အစိုးရအကြီးတန်းအရာရှိများကို ပစ်မှတ်ထားသည့် တယ်လီကွန်းခြိမ်းခြောက်မှုများအား Secret Service အဖွဲ့၏ ပိုမိုကျယ်ပြန့်သော စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းအဖြစ် ဤကွန်ရက်ကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
နေရာအများအပြားတွင် ဖြန့်ကျက်ထားသည့် ဤဆာဗာများသည် ဖုန်းအတုများကဲ့သို့ လုပ်ဆောင်နိုင်ပြီး အစုလိုက်အပြုံလိုက် ဖုန်းခေါ်ဆိုမှုများနှင့် စာတိုများပို့ခြင်း၊ ဒေသတွင်းကွန်ရက်များကို လွှမ်းမိုးခြင်းနှင့် ရာဇဝတ်ကောင်များ၏ ကုဒ်ဝှက်ထားသော ဆက်သွယ်မှုများကို ဖုံးကွယ်ပေးနိုင်ကြောင်း Secret Service အရာရှိများက ပြောသည်။
“ဒီစနစ်က ဘာတွေလုပ်နိုင်တယ်ဆိုတာကို အလေးမထားဘဲ မနေသင့်ဘူး” ဟု Secret Service အဖွဲ့၏ နယူးယောက်ရုံးခွဲမှ အထူးကိုယ်စားလှယ် မက်တ် မက်ကူးလ်က ပြောသည်။ “ဒါက ဆယ်လူလာတာဝါတွေကို ရပ်တန့်ပစ်နိုင်တယ်၊ အဲဒီအခါမှာ လူတွေ ဆက်သွယ်လို့ မရတော့ဘူး။ …စာတိုပို့လို့ မရတော့ဘူး၊ ဖုန်းကို သုံးလို့ မရတော့ဘူး။ ဒါကို ကုလသမဂ္ဂ အထွေထွေညီလာခံနဲ့ ဆက်စပ်တဲ့ အခြားအဖြစ်အပျက် တစ်ခုခုနဲ့ ပေါင်းလိုက်မယ်ဆိုရင်တော့ စဉ်းစားသာကြည့်လိုက်ပါ – မြို့အတွက်တော့ အကြီးအကျယ်ပျ-က်စီးနိုင်ပါတယ်” ဟု သူက ပြောကြားခဲ့သည်။
သို့ရာတွင် ကုလသမဂ္ဂ အထွေထွေညီလာခံကို ဖျ-က်ဆီးမည့် တို-က်ရို-က်လုပ်ကြံမှုတစ်ခုကို ၎င်းတို့ မတွေ့ရှိရသေးကြောင်းနှင့် နယူးယောက်မြို့အပေါ်သိရှိထားသော ယုံကြည်ရသည့် ခြိ-မ်းခြေ-ာက်မှုများ မရှိကြောင်းကိုလည်း Secret Service အရာရှိများက ပြောကြားခဲ့သည်။
