Thursday, December 18, 2025

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁)...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ...

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း...

လယ်ယာလုပ်ငန်းဝန်ဆောင်မှုလုပ်နေသော ကုမ္ပဏီတစ်ခု စတော့ဈေးကွက်သို့ စတင်ဝင်ရောက်လာ

ရန်ကုန်စတော့အိတ်ချိန်းဈေးကွက်တွင် ရှယ်ယာတင်ရောင်းနေသော ကုမ္ပဏီ(၇)ခုခန့်ရှိရာတွင် စွမ်းအင်၊ ဘဏ်၊ ကုန်စည်ပို့​ဆောင်​ရေး၊ နည်းပညာ ကုမ္ပဏီကြီးများ ပါဝင်ပြီး လယ်ယာနှင့် ပတ်သက်သည့် ကုမ္ပဏီက ယနေ့တွင်...
HomeMoviesနစက ဥက္ကဋ္ဌမှ အနောက်ဥရောပနိုင်ငံများအပါအ...

နစက ဥက္ကဋ္ဌမှ အနောက်ဥရောပနိုင်ငံများအပါအ ဝင် အာဆီယံနိုင်ငံများသို့တင်ပို့လျက်ရှိသည့် မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံကိုကြည့်ရှုလေ့လာ

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံ၊ မင့်စ်မြို့သို့ရောက်ရှိနေစဥ် ယနေ့ ဇွန် ၂၇ ရက်နံနက်ပိုင်းက မင့်စ်မြို့ရှိ Minsk Tractor Works ထွန်စက် စက်ရုံအားသွားရောက်လေ့လာကြည့်ရှုရာ ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V. နှင့် စက်ရုံညွှန်ကြားရေးမှူးချုပ် Mr. Avramenko S.A. တို့ကကြိုဆိုခဲ့ကြသည်။

စက်ရုံအတွင်း ဘယ်လာရုစ်နိုင်ငံမှထုတ်လုပ်သည့် စိုက်ပျိုးရေးလုပ်ငန်းသုံး လယ်ယာမြေပြုပြင်ထွန်ယက်ရာတွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရာ တွင်အသုံးပြုသည့်ယာဉ်များ၊ ပြုစုပျိုးထောင်ခြင်းနှင့် သွင်းအားစုများထည့်သွင်းရာတွင် အသုံးပြုသည့်ယာဉ်များ၊ မမျှော်မှန်းနိုင်သည့် သဘာဝဘေးကျရောက်မှုနှင့် မီးငြိမ်းသတ်မှုတို့တွင် အသုံးပြုသည့်ယာဉ်များ၊ စိုက်ပျိုးရေးထွက်ကုန်များအား ဈေးကွက်အတွင်းသို့ ပို့ဆောင်ဖြန့်ချိရာတွင် အသုံးပြုသည့်ယာဉ်များ၊ ယန္တရားများ၊ ထွန်စက်များတပ်ဆင်ထုတ်လုပ်နေမှုအဆင့်ဆင့်နှင့် စက်ရုံပြခန်းတို့ကို နစက ဥက္ကဋ္ဌမှ ကြည့်ရှုလေ့လာပြီး သိရှိလိုသည်များကိုပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌသည် ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနဝန်ကြီး Mr. Efimov A.V နှင့်စက်ရုံအတွင်း၌တွေ့ဆုံ၍ ဘယ်လာရုစ်နိုင်ငံ၊ စက်မှုဝန်ကြီးဌာနအောက်ရှိ အကြီးစားစက်မှုပစ္စည်းထုတ် စက်ရုံ၊ အလုပ်ရုံများမှ စိုက်ပျိုးရေးလုပ်ငန်းသုံးစက်ကိရိယာများ၊ ယာဉ်ယန္တရားများထုတ်လုပ်လျက်ရှိမှုနှင့် ပြည်တွင်း၊ ပြည်ပသို့တင်ပို့ရောင်းချရလျက်ရှိမှု၊ မြန်မာနိုင်ငံ၏ စက်မှုလယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေးလုပ်ငန်းသုံး စက်ကိရိယာများ၊ ယာဉ်ယန္တရားများထုတ်လုပ်ရေးတွင် နည်းပညာပိုင်းဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည်။

အဆိုပါ Minsk Tractor Works ထွန်စက် စက်ရုံအား ၁၉၄၆ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များထုတ်လုပ်သည့်စက်ရုံတစ်ခုဖြစ်ကာ ဝန်ထမ်းပေါင်း(၁၅,၃၇၇)ဦးခန့်ရှိသည့် စက်ရုံတစ်ခုဖြစ်ပြီး ဘယ်လာရုစ်နိုင်ငံရှိ စိုက်ပျိုးရေးလုပ်ငန်းသုံးထွန်စက်များထုတ်လုပ်သည့်စက်ရုံများအနက် အဓိကအရေးပါသောစက်ရုံတစ်ခုဖြစ်ပြီး စက်ရုံမှထုတ်လုပ်သည့်ထွန်စက်များကို အနောက်ဥရောပနိုင်ငံများအပါအဝင် အာဆီယံနိုင်ငံများသို့ တင်ပို့လျက်ရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီပေါမြို့နယ်၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူဖမ်းမိ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင် ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်သူ တရုတ်နိုင်ငံသား(၅)ဦး၊ မြန်မာနိုင်ငံသူ(၁) ဦး၊ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးတို့အား ဆက်စပ်ပစ္စည်းများနှင့်အတူ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက ဖမ်း ဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များမှ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ကိုင်နေကြောင်း သ တင်းအရ ရှာဖွေစစ်ဆေးမှုများပြုလုပ်ရာ လက်နက် ကိုင်(၂)ဦးက လုံခြုံရေးအဖွဲ့ဝင်များအား စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ စတင်ပစ်ခတ်သည့်နေရာအားဝင်ရောက်ရှင်းလင်းခဲ့ရာ SSPP/SSA တပ်ဖွဲ့ဝင်(၃)ဦးအား AK-47 (၁)လက်၊ M-22 (၁)လက်၊ MK-12 (၁)လက်၊ ပွိုင့်-၂၂...

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်

မြန်မာနိုင်ငံအပေါ်အကျိုးသက်ရောက်မှုမရှိသည့် လေဖိအားနည်းရပ်ဝန်းတစ်ခု ဘင်္ဂလားပင်လယ်အော်၌ ဒီဇင်ဘာ ၂၂ ရက်တွင်ဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ယနေ့ ဒီဇင်ဘာ ၁၇ ရက်ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော် (တောင်ပိုင်း) တွင် ဒီဇင်ဘာ ၂၀ ရက်၌ လေဖိအားနည်းဆဲလ်တစ်ခုဖြစ်ပေါ်လာနိုင်ပြီး ယင်းလေဖိအားနည်းဆဲလ်သည် အနောက်ဘက်သို့ရွေ့လျားကာ ဒီဇင်ဘာ ၂၂ ရက်တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်ပိုမိုအားကောင်းလာနိုင်ကြောင်း သိရသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်သည် မြန်မာ့ပင်လယ်ပြင်နှင့် မြန်မာနိုင်ငံအပေါ် အကျိုးသက် ရောက်မှုမရှိနိုင်ဟုလည်း မိုးလေဝသမြန်မာ (ရန်ကုန်ဌာနခွဲ) ၏ ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတော်ယာယီသမ္မတထံ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာပေးအပ်

ကုန်သွယ်ရေး၊ စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရန်ဆွေးနွေး မြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ မြန်မာနိုင်ငံဆိုင်ရာ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးက ၎င်း၏ သံအမတ်ခန့်အပ်လွှာကိုပေးအပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ယာယီသမ္မတမှ အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီး သံအမတ်ခန့်အပ်လွှာအား ယနေ့ ဒီဇင်ဘာ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်ရှိ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး သံတမန်ဆောင်ဧည့်ခန်းမ၌ လက်ခံရယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့နောက် မြန်မာနိုင်ငံတော် ယာယီသမ္မတနှင့် အယ်လ်ဂျီးရီးယားနိုင်ငံသံအမတ်ကြီးတို့သည် နှစ်နိုင်ငံကြား ခိုင်မာပြီးရှည်လျားသည့် သံတမန်ဆက်ဆံရေးရှိမှု၊ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများဆက်လက်တိုးမြှင့်ဆောင်ရွက်မည့်အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ ထို့ပြင် နှစ်နိုင်ငံကြားကုန်သွယ်ရေး၊ စီးပွားရေးနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071