Thursday, August 14, 2025

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့်...

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA)...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည်...

လပေါ်တွင်နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်မည်–ရုရှား

မော်စကို၊ ဩဂုတ် ၁၃ ရုရှားနိုင်ငံပိုင် အာကာသအေဂျင်စီက လပေါ်တွင် နျူကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်မည့် စီမံကိန်းကို ကြာသပတေးနေ့တွင် ကြေညာခဲ့ပြီး ၎င်း၏ လကို စူးစမ်းလေ့လာမည့်...
HomeNewsLocal Newsနစက ဥက္ကဋ္ဌနှင့် ဇနီးတို့ဦးဆောင်သည့်အဖွဲ့အား...

နစက ဥက္ကဋ္ဌနှင့် ဇနီးတို့ဦးဆောင်သည့်အဖွဲ့အား Buryatia ပြည်နယ်အကြီးအကဲက ဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံ

ရုရှားနိုင်ငံ၊ Buryatia ပြည်နယ်သို့ တရားဝင်ချစ် ကြည်ရေးခရီးရောက်ရှိနေသည့် နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် ဇနီးဒေါ်ကြူကြူလှတို့ဦးဆောင်သည့် မြန်မာ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့အား Buryatia ပြည်နယ်၏ ပြည်နယ်အကြီးအကဲ H.E.Mr. Alexey Sambuevich Tsydenov မှဂုဏ်ပြုညစာဖြင့်တည်ခင်းဧည့်ခံခဲ့သည်။

ဂုဏ်ပြုညစာစားပွဲတွင် Buryatia ပြည်နယ်အကြီး အကဲမှ မိမိတို့အနေဖြင့် နေရာဒေသချင်းအလှမ်း ကွာဝေးသော်လည်း ရင်ဘတ်ချင်းနီးကာ ကိုးကွယ်ရာဘာသာတရားချင်းလည်းတူညီမှုရှိပြီး အခြေခံဘာသာတရားတူညီနီးစပ်မှုမှအစပြု၍ လူမှုရေး၊ စီးပွားရေးဆိုင်ရာတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်လျက်ရှိကာ Buryatia ပြည် နယ်သို့ လာရောက်မှုအတွက်များစွာဂုဏ်ယူဝမ်း မြောက်မိသည်ဟု နှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။

ထို့အတူ နစက ဥက္ကဋ္ဌမှလည်း မိမိအနေဖြင့် Buryatia ပြည်နယ်သို့ တတိယအကြိမ်မြောက်ရောက်ရှိခြင်းဖြစ်ပြီး သာယာလှပသည့် Buryatia ပြည်နယ်သို့ရောက်ရှိသည့်အချိန်တိုင်း စိတ်ချမ်းသာမိကာ ဗုဒ္ဓဘာသာကို အများစုကိုးကွယ်သည့်ပြည် နယ်ဖြစ်ပြီး မိမိတို့နိုင်ငံနှင့် စိတ်သဘောထားချင်း ပိုမိုတိုက်ဆိုင်မှုရှိကာ ဘာသာရေးဆိုင်ရာကူးလူး ဆက်ဆံဆောင်ရွက်မှုသည် ၂၀၁၅ ခုနှစ်ကပင် စတင်ခဲ့ခြင်းဖြစ်ပြီး ဆယ်စုနှစ်တစ်ခုနီးပါးရှိပြီဟု ပြောသည်။

ထို့ပြင် ဘာသာရေးဆိုင်ရာဆက်ဆံဆောင်ရွက်မှုများအပြင် သိပ္ပံနှင့် နည်းပညာဆိုင်ရာ၊ စက်မှုနည်းပညာဆိုင်ရာနှင့် အခြားနယ်ပယ်ပေါင်းစုံတွင် ပူး ပေါင်းဆောင်ရွက်မှုများကိုဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များကို တိုးမြှင့်ဆောင်ရွက်သွားနိုင်မည်ကိုလည်းယုံကြည်ကာ Buryatia ပြည်နယ်အပါအဝင် ရုရှားနိုင်ငံနှင့်အတူ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကုန်သွယ်ရေး အစရှိသည့် နယ်ပယ်ကဏ္ဍအသီးသီးတွင် ဆက် လက်ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း နစက ဥက္ကဋ္ဌက ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ အဖွဲ့ဝင်များသည် Buryatia ပြည်နယ်အကြီးအကဲ၊ တာဝန်ရှိသူများနှင့်အတူ ညစာသုံးဆောင်ကာ ညစာသုံးဆောင်နေချိန် ၌ Buryatia ပြည်နယ်၊ အမျိုးသားကဇာတ်ရုံမှ ရိုး ရာအကအလှအဖွဲ့များက တေးသံသာများ၊ အကအ လှများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တိုင်းနှင့်ပြည်နယ်(၄)ခုမှ​ငွေလဲလှယ်​ပေးခွင့်လိုင်စင်ရကုမ္ပဏီများကို ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌတွေ့ဆုံ

ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌဦးဇော်မြင့်နိုင်သည် ယနေ့ သြဂုတ် ၁၃ ရက်နံနက် ၁၀ နာရီက တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ကရင် ပြည်နယ်၊ မြဝတီမြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိ နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ပေးခွင့်လိုင်စင်(Money Changer)ရကုမ္ပဏီများအားတွေ့ဆုံခဲ့သည်။ Money Changer လိုင်စင်ရကုမ္ပဏီများအနေဖြင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံးငွေစီ မံခန့်ခွဲမှုစည်းမျဥ်းနှင့် ထုတ်ပြန်ထားသည့်ညွှန်ကြားချက်များကို တိကျစွာလိုက်နာရန်၊ စည်းကမ်းလိုက် နာမှုမရှိသည့် ကုမ္ပဏီများအနေဖြင့်အရေးယူခံရနိုင်မည်ဖြစ်၍ ထုတ်ပြန်ထားသည့် နိုင်ငံခြားငွေများဝယ်ယူရောင်းချလဲလှယ်ခြင်းဆိုင်ရာညွှန်ကြားချက် ၅/၂၀၂၄ အတိုင်း လိုက်နာဆောင်ရွက်ရန် ပြောသည်။ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာဥပဒေ စည်းမျဥ်းညွှန်ကြားချက်များကိုလိုက်နာရန်၊ နိုင်ငံခြားငွေကြေးစျေးကွက်တည်ငြိမ်မှုရှိစေရေးအတွက်...

၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် ရူပဗေဒ အိုလံပစ်ပြိုင်ပွဲကို မွန်ဘိုင်းတွင် ဖွင့်လှစ်

ဩဂုတ်လ ၁၂ ရက်နေ့ (အင်္ဂါနေ့)က မွန်ဘိုင်း၌ ကျင်းပခဲ့သော ၁၈ ကြိမ်မြောက် နိုင်ငံတကာ နက္ခတ္တဗေဒနှင့် နက္ခတ္တဗေဒရူပဗေဒ အိုလံပစ်ပြိုင်ပွဲ (IOAA) ဖွင့်ပွဲအခမ်းအနားတွင် အိန္ဒိယနိုင်ငံသည် နည်းပညာကို ဦးစားပေးအဖြစ် သတ်မှတ်ထားကြောင်း အိန္ဒိယအစိုးရ၏ အဓိကသိပ္ပံဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ဖြစ်သူ အာဂျေးကူးမားဆွဒ်(Ajay Kumar Sood)က ပြောကြားခဲ့သည်။ “ပြိုင်ပွဲဝင်တွေဟာ အိုင်ဒီယာအသစ်တွေ၊ စိတ်ကူးစိတ်သန်းတွေနဲ့ ကြွယ်ဝတဲ့ အတွေးအမြင်တွေနဲ့ သူတို့နိုင်ငံကို ပြန်သွားသင့်ပါတယ်” ဟု ပါမောက္ခ ဆွဒ်က အိုလံပစ်ပြိုင်ပွဲကို “သိပ္ပံအားကစား” အဖြစ် ရည်ညွှန်းပြောကြားခဲ့သည်။ Tata Institute...

လာမည့် ၂၄ နာရီအတွင်း အားကောင်းသောလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်

ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ် အော်အနောက်မြောက်ပိုင်း၊(အိန္ဒိယနိုင်ငံ၊ အင်ဒရာပရာဒေ့ရှ်မြောက်ပိုင်းကမ်းလွန်နှင့် ဩရိဿပြည်နယ်တောင်ပိုင်းကမ်းခြေ)တို့၌ ဖြစ်ပေါ် နေသော လေဖိ အားနည်းရပ်ဝန်းမှာ ဆက်လက်တည်ရှိနေသည်ဟု မိုးဇလကအသိပေးခဲ့သည်။ ယင်း လေဖိအားနည်းရပ်ဝန်းသည် အနောက်-အ နောက်မြောက်ဘက်သို့ရွေ့လျားနိုင်ကာ လာမည့် ၂၄ နာရီအတွင်းပိုမိုအားကောင်းလာနိုင်ပြီး အား ကောင်းသောလေဖိအားနည်းရပ်ဝန်းအဖြစ် ရောက်ရှိနိုင်သည်ဟုလည်း မိုးဇလကအသိပေးခဲ့သည်။ ထို့ပြင် ရာသီဥတုအခြေအနေ(၂)ရပ်ကြောင့် သြဂုတ် ၁၃ ရက်ညမှ သြဂုတ် ၁၇ ရက်အတွင်း ရန် ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း(အောက်ပိုင်း)၊ ကယားပြည်နယ်၊ နေပြည် တော်၊ ပဲခူးတိုင်း၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071