Tuesday, June 10, 2025

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု...

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ...

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ်...

ပြည်တွင်းရှိ ဘိလပ်မြေစက်ရုံများအနေဖြင့် လိုအပ်သည့်လျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့်...

ပြည်တွင်းရှိ ဘိလပ်မြေထုတ်လုပ်သည့်စက်ရုံများအနေဖြင့် လိုအပ်သောလျှပ်စစ်ဓာတ်အားကို စက်ရုံအစီအစဉ်ဖြင့် ထုတ်လုပ်နိုင်ရေးကြိုးစားဆောင်ရွက်ကြရန် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာချာလီသန်းက မှာကြားသည်။ ၎င်းမှ ဇွန် ၈ ရက်နံနက်ပိုင်းက ရုမ်းရိုးမဘိလပ်မြေစက်ရုံ၌ ဘိလပ်မြေထုတ်လုပ်မှုလုပ်ငန်းစဉ်အဆင့်...
HomeNewsLocal Newsနစက အနေဖြင့်ငြိမ်းချမ်းရေးတံခါးများအမြဲဖွင့်ထားပြီး တပ်မတော်အနေဖြင့်လည်း...

နစက အနေဖြင့်ငြိမ်းချမ်းရေးတံခါးများအမြဲဖွင့်ထားပြီး တပ်မတော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေဟု နစက ဥက္ကဋ္ဌပြော

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခရစ်တော်မွေးနေ့(ခရစ္စမတ်) ကျေးဇူးတော်ချီးမွမ်းခြင်းအခမ်းအနားသို့တက်ရောက်ချီးမြှင့်စဥ် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောကြားခဲ့ခြင်းဖြစ်သည်။

ခရစ်တော်မွေးနေ့(ခရစ္စမတ်)ကျေးဇူးတော်ချီး မွမ်းခြင်းအခမ်းအနားအား ဒီဇင်ဘာ ၂၃ ရက်ညနေပိုင်းက ရန်ကုန်တိုင်း၊ပန်းဘဲတန်းမြို့နယ်၊ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့်ရွှေတိဂုံဘုရားလမ်းထောင့်ရှိ Holy Cathedral Church ၌ကျင်းပခဲ့သည်။

ဘာသာတရားတိုင်းသည် ငြိမ်းချမ်းမှုကိုအခြေပြုထားသဖြင့် လူ့အဖွဲ့အစည်းတိုင်းတွင်လည်း ငြိမ်း ချမ်းမှုလိုအပ်သည်ကိုတွေ့ရှိရ၍ နစက အနေဖြင့် ငြိမ်းချမ်းရေးတံခါးများကိုအမြဲဖွင့်ထားပြီး တပ်မ တော်အနေဖြင့်လည်း ငြိမ်းချမ်းရေးအတွက် အမြဲအသင့်ရှိနေသည်ဟု ဆိုသည်။

“မြန်မာနိုင်ငံရဲ့ သမိုင်းကြောင်းအရ နိုင်ငံတော်ကို တာဝန်ယူအုပ်ချုပ်တဲ့ အစိုးရတိုင်းဟာ ငြိမ်းချမ်း ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါတယ်” ဟု နစက ဥက္ကဋ္ဌကပြောသည်။

မိမိတို့အစိုးရလက်ထက်တွင်လည်း ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များချမှတ်၍ အားသွန်ခွန် စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိ၍ ယနေ့ကြွ ရောက်လာသည့် ခရစ်ယာန်ဘာသာဂိုဏ်းပေါင်းစုံအသီးသီးမှ ဆရာတော်ကြီးများနှင့်ဘာသာပေါင်းစုံမှ အကြီးအကဲများအနေဖြင့်လည်း မြန်မာနိုင်ငံထာဝရငြိမ်းချမ်းရေးရရှိနိုင်ရန် မိမိတို့တတ်နိုင်သည့်ဘက်က တတ်နိုင်သမျှနည်းလမ်းများဖြင့် အုတ်တစ်ချပ်သဲတစ်ပွင့်အဖြစ်ပါဝင်ဆောင်ရွက်ပေးကြပါရန် တိုက်တွန်းပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွက် အမျိုးသားရေးမျှော်မှန်းချက် (၂)ရပ်မှာ တိုင်းပြည်သာယာဝပြောရေး၊စားရေရိ က္ခာဖူလုံပေါများရေးတို့ဖြစ်သည်ဟု ဆိုသည်။

“ဘာသာသာသနာရဲ့ အဓိကအဆုံးအမမှာ “သာယာဝပြောခြင်း” ဖြစ်တဲ့အတွက် တိုင်းပြည်သာ ယာဝပြောဖို့ မိမိဆန္ဒပြုတဲ့ ငြိမ်းချမ်းရေးနဲ့အတူ လူသားအားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြဖို့ထပ်မံတိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

စည်းကမ်းတကျနေထိုင်လုပ်ကိုင်ခြင်းသည် သာ ယာဝပြောမှုကိုရစေမည်ဖြစ်ကာ စားရေရိက္ခာဖူ လုံပေါများခြင်းသည် တိုင်းပြည်သာယာဝပြောခြင်းကို တိုက်ရိုက်အထောက်ကူပြု၍ နိုင်ငံတဝှမ်းရှိ ရဟန်းရှင်လူအားလုံး ကိုယ်စီထိန်းသိမ်းကြိုး စားလုပ်ဆောင်သွားကြရန်လိုသည်ဟု ဆိုသည်။

“၂၀၂၂ ခုနှစ်အတွက်ကျင်းပတဲ့ ခရစ္စမတ်နေ့ထူးနေ့မြတ်အခါသမယကစပြီး မြန်မာနိုင်ငံမှာ အဓိ ကလိုအပ်နေတဲ့ တည်ငြိမ်အေးချမ်းရေး၊လုံခြုံ ရေး၊ငြိမ်းချမ်းရေးတွေ အမြန်ရောက်ရှိနိုင်ဖို့နဲ့ဘာ သာတရားအားလုံး ငြိမ်းချမ်းစွာအတူလက်တွဲ နေထိုင်ရေးဆိုတဲ့ ကောင်းမြတ်သော အခွင့်အရေးတွေကို နိုင်ငံသားအားလုံးရရှိနိုင်အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြပါ”ဟု နစက ဥက္ကဋ္ဌက တိုက်တွန်းပြောကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မောင်မောင်လွင်ပြော

ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အ သင်းကို အနိုင်ရရန်ကြိုးစားသွားမည်ဟု မန်ယူအ သင်းကိုအနိုင်ဂိုးသွင်းယူခဲ့သည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်မှ ယနေ့ ဇွန် ၉ ရက်က သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် မြန်မာ-ပါကစ္စတန် အာရှခြေစစ်ပွဲစဉ်အ တွက် သတင်းစာရှင်းလင်းပွဲတွင်ပြောကြားခဲ့ခြင်းဖြစ်သည်။ မိမိတို့အနေဖြင့် ဇွန် ၉ ရက်(မနက်ဖြန်)ပွဲအတွက်် နည်းပြများညွှန်ကြားသည့်အတိုင်း အကောင်းဆုံး ကြိုးစားပြင်ဆင်ထားကာ အိမ်ကွင်းတွင်ကစားရမည်ဖြစ်၍ ပရိသတ်များ၏အားပေးမှုနှင့်အတူ ပါကစ္စတန်အသင်းအားအနိုင်ရရန်ကြိုးစားသွားမည်ဟု မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းခေါင်းဆောင် မောင်မောင်လွင်က ပြောသည်။ ထို့ပြင် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ဦးမျိုးလှိုင်ဝင်းမှလည်း "ဒီပွဲကိုအဝေးကွင်း အရင်ကစားရမှာဖြစ်ပေမဲ့ အခုတော့ အိမ်ကွင်းမှာ က စားရမှာဖြစ်လို့ အားသာချက်ရှိသွားပါတယ်။ မနက်...

ပြင်ဦးလွင်၌ သောက်သုံးရေဖူလုံရေးအတွက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ (Quick Win Plan)ဖြင့်ဆောင်ရွက်ရန် နစက ဥက္ကဋ္ဌမှာကြား

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်နှင့် ပြင်ဦးလွင်မြို့နယ်တို့၌ သောက်သုံးရေးဖူလုံစွာရရှိရေးနှင့်ပတ်သက်၍ ယနေ့ ဇွန် ၉ ရက်နံနက်ပိုင်းက အမျိုးသားအထိမ်းအမှတ်ဥယျာဉ်တွင်ကျင်းပသည့် ရေရရှိရေး၊ စိုက်ပျိုးရေးနှင့် စိမ်းလန်းစိုပြေရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်မှ မှာကြားခဲ့ခြင်းဖြစ်သည်။ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်အတွင်း သောက်သုံးရေဖူလုံစွာရရှိရေးအတွက် လုပ်ငန်းဖြစ်နိုင်ချေများအနက် ကာလတိုအတွင်းထိရောက်လျင်မြန်သော အစီအမံ(Quick Win Plan)ဖြင့် အောင်မြင်စွာဆောင် ရွက်နိုင်ရေးကို ဦးစားပေးဆောင်ရွက်ရမည်ဟု မှာကြားသည်။ ထို့ပြင် ရေလှောင်တမံများအား အဆင့်မြှင့်တင်ရာတွင် တမံများ၏သက်တမ်းနှင့်ကြံ့ခိုင်မှုတို့ကို စနစ်တကျစစ်ဆေးဆောင်ရွက်ရမည်ဖြစ်ကာ ရေလှောင်တမံများနှင့် ရေလွှဲဆည်များတည်ဆောက်ရန်လျာထားရာ၌ အကျိုးပြုဧရိယာနှင့် ရေသုံးစွဲမည့် လူဦးရေပမာဏ၊...

ကျိုက်ထိုတွင် ကိုဗစ်ပိုးတွေ့ လူနာတစ်ဦးတွေ့ရှိ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ၊ မြို့နယ်ဆေးရုံတွင် ဓါတ်ခွဲစစ်ဆေးမှုအရ ဇွန်လ (၉) ရက်တွင် ကိုဗစ်လူနာတစ်ဦးတွေ့ရှိခဲ့ကြောင်း ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံးမှ သိရသည်။ ကိုဗစ်ပိုးတွေ့ရှိသူသည် အသက်(၂၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ရန်ကုန်မှပြောင်းရွှေ့လာသူဖြစ်ကြောင်း သိရသည်။ ကျိုက်ထိုမြို့ ရပ်ကွက်တစ်ခုတွင် အိမ်ငှားနေထိုင်ပြီးနောက် အလုပ်လုပ်ကိုင်ရန်အတွက် ကျန်းမာရေးစစ်ဆေးချိန်တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူသည် ကိုဗစ်ကာကွယ် ဆေးတစ်ကြိမ်မျှထိုးထားခြင်း မရှိသူဖြစ်ပြီး လက်ရှိအချိန်တွင် ကျန်းမာရေး အခြေအနေကောင်းမွန်သည့် အခြေအနေ၌ရှိပြီး ဆေးရုံ၌ စောင့်ကြည့်ကုသမှုပေးနေကြောင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး အတွင်း၌လည်း ပြီးခဲ့သည် မေလ (၂၅)ရက်မှ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071