Thursday, June 25, 2026

AYA Bank Application Portal...

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို...

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့်...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ...

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့်...

နန့်ယင်ချောင်းနှင့် နန့်ကောင်းချောင်းရေ စိုးရိမ်ရေမှတ်အထက် ၁...

နောက် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက် ပြန်ကျသွားနိုင်ဟု မိုးဇလအသိပေး ကချင်ပြည်နယ် မိုးကောင်းမြို့တွင် နန့်ယင်းချောင်းရေနှင့်နန့်ကောင်းချောင်းရေသည် စိုးရိမ်ရေမှတ်အထက် ၁ လက်မ ကျော်နေကာ ၊...
HomeNewsLocal Newsနစကဥက္ကဋ္ဌ မန္တလေးမြို့ရှိ ရှေးဟောင်း...

နစကဥက္ကဋ္ဌ မန္တလေးမြို့ရှိ ရှေးဟောင်း သာသနိက ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှု

နစက ဥက္ကဋ္ဌသည် မန္တလေးမြို့သို့ ရောက်ရှိနေစဉ် စည်ရှည်တံတားဆောက်လုပ်ရေးဆောင်ရွက်နေမှု၊ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်ကြီး၊ ရွှေနန်းတော်ကျောင်း(ရွှေကျောင်း)၊ မဟာဓမ္မိကာရာမ ရွှေကျင်တိုက်မကြီး၊ မြနန်းစံကျော် ရွှေနန်းတော်ကြီးတို့ကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

စည်ရှည်တံတားပြန်ဆောက်နေမှုနှင့်ပတ်သက်၍ ရှေးမူမပျက်ရန်၊ တံတားနှင့်ဆက်စပ်နေသည့် လမ်း များကိုလည်း စနစ်တကျဆောင်ရွက်ရန်တို့မှာကြားခဲ့သည်ဟု သိရသည်။

ထိုနည်းတူ မဟာအတုလဝေယန် (အတုမရှိ)ကျောင်းတော်ကြီးရှိ စူဠာမုနိရုပ်ရှင်တော်ဘွဲ့ အမည်ခံရုပ်ပွားဆင်းတုတော်ကြီးအား ဖူး မြော်ကြည်ညိုကာ ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေး၊မူလရှေးဟောင်းထိန်းသိမ်းရေးတို့ကိုမှာကြားခဲ့သည်။

ရွှေနန်းတော်ကျောင်း (ရွှေကျောင်း) သို့ ရောက်ရှိကြစဉ်တွင်လည်း နစကဥက္ကဋ္ဌသည် ကျောင်းတော်ကြီးအတွင်းအပြင်ရှိ မြန်မာမှုသစ်သားပန်းပုအခြေခံ ခြူးပန်း၊ ခြူးနွယ် အပြောက်အမွမ်းများ၊ ရုပ်လုံးရုပ်ကြွများ၊ ကျေးငှက်တိရစ္ဆာန်ရုပ်များ၊ နံရံကပ်ရုပ်ကြွများ၊ အတွင်းမာရဘင်အရှေ့ပိုင်းကွန်း စင်တိုင်အခြေတွင် ထုဆစ်ပူဇော်ထားသည့် ဇာတ်ကြီးဆယ်ဘွဲ့၊ တောထွက်ခန်း၊ မဟာပဒုမဇတ်၊ ဥတေနဇာတ်တော် တို့ကို အနုစိတ်ထုဆစ်ပူဇော်ထားရှိမှုများ ကို ကြည့်ရှုပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်လက်ရာများဖြစ်သည့်အတွက် စနစ်တကျဖြင့် လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မဟာဓမ္မိကာရာမ ရွှေကျင်ကျောင်းတိုက်ကြီးတွင်လည်း နစကဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် သက်တမ်း ၁၆၂ နှစ်ကျော်သက်တမ်းရှိ ကျွန်းကျောင်းတော်ကြီးရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုခြင်း၊ကျွန်းကျောင်းတော်ကြီးအတွင်းရှိ ရွှေကျင်သာသနာပိုင် ဆရာတော်ကြီးများ၏ ပုံတူရုပ်တုတော်များကို ဖူးမြော်ကြည့်ရှုပြီး ကျောင်းတော်ကြီး ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် အခြားလိုအပ်သည်များကိုဆွေးနွေးမှာကြားခဲ့သည်။

မြနန်းစံကျော် ရွှေနန်းတော်ကြီး ထိန်းသိမ်းထား ရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးရာသာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ နှင့် တာဝန်ရှိသူများက ယခင်နှစ်က နိုင်ငံတော်ဝန်ကြီးချုပ် လာရောက်စဉ်လမ်းညွှန်မှာကြားချက်များအားဆောင်ရွက်ထားရှိမှုအခြေ အနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ ခရီးစဉ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ဇနီး ဒေါ်ကြူကြူလှ၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦး နှင့်ဇနီး၊ ကောင်စီဝင် ဗိုလ်ချုပ်ကြီးမောင်မောင်အေး နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ဗိုလ်ချုပ်ကြီး ညိုစောနှင့်ဇနီး၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးမင်းနောင်၊ ဦးမျိုးသန့်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်တာဝန်ရှိသူများလိုက်ပါခဲ့ကြောင်းသိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

AYA Bank Application Portal အဟောင်းမှ ငွေကြေးဆိုင်ရာမဟုတ်သော အချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပွား၊

Cyber Security ဆိုင်ရာ လုံခြုံရေးစနစ်များ ထပ်မံမြှင့်တင်နေပြီး သုံးစွဲသူများ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များ ဘေးကင်းလုံခြုံစွာ ရှိနေကြောင်း AYA Bank ထုတ်ပြန် AYA Bank က အသုံးပြုခဲ့သည့် Application Portal အဟောင်းတစ်ခုမှ ငွေကြေးဆိုင်ရာမဟုတ်သော လျှောက်လွှာအချက်အလက်အချို့ ပြင်ပသို့ ပေါက်ကြားခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း AYA Bank က ထုတ်ပြန်ကြေညာခဲ့သည်။ AYA Bank ၏ ထုတ်ပြန်ချက်အရ အဆိုပါ Portal သည် ဘဏ်၏ Core Banking System၊...

ရန်ကုန်မြို့ရှိ ယာဥ်ရပ်နားသည့်နေရာများ၌ အတားအ ဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည်ပင်ဥပဒေ (၂၀၁၈)အတိုင်းအရေးယူမည်ဟု တိုင်းအစိုးရအဖွဲ့ပြော

ရန်ကုန်မြို့ရှိလမ်းများပေါ်နှင့် ယာဥ်ရပ်နားသည့်နေရာများ၌ အတားအဆီးထပ်ချသူများကို ရန်ကုန်မြို့တော်စည် ပင်ဥပဒေ(၂၀၁၈)ပါပြဋ္ဌာန်းချက်များအတိုင်းအ ရေးယူမည်ဟု ရန်ကုန်တိုင်းစည်ပင်ဝန်ကြီးဦးမျိုးမြင့်အောင်က ပြောသည်။ လက်ရှိအချိန်တွင် မြို့နယ်စည်ပင်တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးပြီး အတားအဆီးများကိုဖယ်ရှားရှင်းလင်းလျက်သော်လည်း အချို့နေရာများတွင် ပြန်ချထားသဖြင့် ထပ်မံကျူးလွန်သူများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးဥပဒေ(၂၀၁၈)ပါ ပြဋ္ဌာန်းချက်များအတိုင်း ခြွင်းချက်မရှိထိရောက်စွာဆက်လက်အ ရေးယူသွားမည်ဟု ပြောသည်။ ထို့ကြောင့် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်ရှိ လမ်းမများနှင့် ယာဉ်ရပ်နားနိုင်သည့်နေရာများတွင် အတားအ ဆီးများချထားခြင်းမရှိစေရန် မြို့နယ်၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးများနှင့် ပြည်သူများပူးပေါင်းပါဝင်မှသာပို မိုအောင်မြင်နိုင်မည်ဟု ပြောသည်။ ထို့ပြင် ၂၀၂၁ ခုနှစ်မှစတင်ကာ လုံခြုံရေးလိုအပ်ချက်အရအတားအဆီးများချထားခဲ့သော်လည်း လက်ရှိအ ချိန်တွင် လုံခြုံရေးအရဖြေလျှော့ပေး၍ရသည့်နေရာများကိုစတင်ဖယ်ရှားပေးခဲ့ရာ ထက်ဝက်နီးပါးခန့်ဖယ် ရှားပြီးခဲ့ကာ...

ဘယ်လာရုစ်နှင့် ရုရှားတွင် လွှတ်တော်ဆိုင်ရာ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ ပြန်လည်ရောက်ရှိ

ဘယ်လာရုစ်နိုင်ငံ၊ အောက်လွှတ်တော်ဥက္ကဋ္ဌ H.E.Mr. Igor SERG-EYENKO နှင့် ရုရှားနိုင်ငံ၊ ဒူးမားလွှတ်တော်ဥက္ကဋ္ဌ H.E.Mr.Vyach-eslav Volodin တို့၏ဖိတ်ကြားချက်အရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီသည် ဘယ်လူရုစ်နိုင်ငံတွင်ကျင်းပသည့် 2 nd International Forum of the Union State "Great Heritage- Common Future"တက်ရောက်ပြီးမိန့်ခွန်းပြောကြားခဲ့သည်။ ထို့နောက် ဇွန် ၂၄ ရက်ည ၈ နာရီတွင် ဘယ်လာရုစ်နိုင်ငံမှတစ်ဆင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌဦးဌေးအောင်၊ ဒု-ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ USDP ပါတီမှတာဝန်ရှိသူများကကြိုဆိုခဲ့ကြသည်။ ဘယ်လာရုစ်နိုင်ငံရောက်ရှိနေသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071