Monday, July 6, 2026

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊...

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို...

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ...

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင်...

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅...

မေထက်လူ ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် ဧရာဝတီ...

ဧရာဝတီ FC အမျိုးသမီးအသင်းက ကစားသမား မေထက်လူသည် ပညာရေးနှင့် ကွင်းပြင်ပလုပ်ငန်းတာဝန်များကြောင့် လာမည့် လိဂ်ပွဲစဉ် (၄)၊ (၅) နှင့် (၆)...
HomeNewsLocal Newsဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ...

ဓာတ်အားလေလွင့်ဆုံးရှုံးမှုများပြားသည့် မြောင်းတကာ-မှော်ဘီ ဓာတ်အားလိုင်းရှိ စက်မှုလုပ်ငန်းသုံး မီတာများကို ရှောင်တခင် ကွင်းဆင်းစစ်ဆေး

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌသည် ရုံးချုပ်နှင့် ခရိုင်တို့မှ တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ (၄) ရက်နေ့က ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

မှော်ဘီမြို့နယ်အတွင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမှု၊ မီတာဖတ်ရှုမှုနှင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု လျှော့ချရေး ဆောင်ရွက်မှုအခြေအနေများကို ကွင်းဆင်းစစ်ဆေးခဲ့ခြင်းလည်း ဖြစ်သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အဓိကကဏ္ဍတစ်ခုအနေဖြင့် ဓာတ်အားလေလွင့်ပျေ-ာက်ဆုံးမှု များပြားနေသည့် (၃၃) ကေဗီ မြောင်းတကာ – မှော်ဘီ ဓာတ်အားလိုင်းပေါ်ရှိ ဓာတ်အားသုံးစွဲမှုများသော စက်မှုလုပ်ငန်းများ၏ မီတာများကို ရှောင်တခင် သွားရောက်စစ်ဆေးခြင်းကို ထည့်သွင်းဆောင်ရွက်ခဲ့သည်။

ထို့အပြင် အဆိုပါ ဓာတ်အားလိုင်းတစ်လျှောက် ပျောက်ဆုံးမှုနှုန်းများကို ခွဲခြားသိရှိနိုင်ရန်အတွက် (၃၃) ကေဗီ Check Meter (၂) လုံးကို အမြန်ဆုံး တပ်ဆင်သွားရန်နှင့် တရားမဝင် ဓာတ်အားသုံးစွဲမှုများကို စောင့်ကြပ်ထိန်းချုပ်သွားရန် မှာကြား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရီးစဉ်အတွင်း ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း ဥက္ကဋ္ဌနှင့် အဖွဲ့သည် မှော်ဘီမြို့နယ် လျှပ်စစ်မန်နေဂျာရုံး၊ မြို့နယ်အတွင်းရှိ ဓာတ်အားဖြန့်ဖြူးရေး ထရန်စဖော်မာများနှင့် ရပ်ကွက်များအတွင်း ဓာတ်အားဖြန့်ဖြူးမှု အခြေအနေများကို လှည့်လည်စစ်ဆေးခဲ့သည့်အပြင် (၃၃/၁၁) ကေဗီ (၂၀) အမ်ဗီအေ အုတ်စက်ဓာတ်အားခွဲရုံသို့လည်း သွားရောက်ကာ ဖီဒါအလိုက် ဓာတ်အားဖြန့်ဖြူးမှု၊ လေလွင့်ဆုံးရှုံးမှုနှင့် မီတာဖတ်မှတ်တမ်း ရေးသွင်းမှု အခြေအနေများကိုပါ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၇၉)နှစ်မြောက် အာဇာနည့်နေ့အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်မှုများ အပြီးသတ်အဆင့်ရောက်ရှိ

လာမည့် ဇူလိုင် ၁၉ ရက်တွင်ကျရောက်မည့် (၇၉)နှစ် မြောက် အာဇာနည်နေ့အခမ်းအနားအတွက် ရန်ကုန် တိုင်း၊ ကျောက်တံတားမြို့နယ်ရှိ မြို့တော်ခန်းမ၊  ဗိုလ်တထောင်မြို့နယ်ရှိ အတွင်းဝန်ရုံး(ယခင်ဝန်ကြီးများရုံး)၊ ဗဟန်းမြို့နယ်ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်နှင့် အာဇာနည်ဗိမ္မာန်နေရာများအားကြိုတင်ပြင်ဆင်မှုများပြုလုပ်လျက်ရှိရာ အပြီးသတ်အဆင့်ရောက်ရှိနေပြီဖြစ်သည်။ အဆိုပါ ပြင်ဆင်နေမှုများကို ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမောင်မြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးအောင်နိုင်သူနှင့် တာဝန်ရှိသူများက ယနေ့ ဇူလိုင် ၆ ရက်မွန်းလွဲပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ Photo- ရန်ကုန်တိုင်းအစိုးရ

မန္တလေးငလျင်ကြီးကြောင့်ပျက်စီးခဲ့သော စစ်ကိုင်းတောင်ရိုးပေါ်ရှိ “ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်”များကို ပြန်လည်ပြုပြင်မည်

မန္တလေးငလျင်ကြီးဒဏ်ကြောင့်ပျက်စီးခဲ့သော စစ် ကိုင်းတိုင်း၊ စစ်ကိုင်းတောင်ရိုးပေါ်ရှိ သမိုင်းဝင် "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်တည်ထားသွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပြန်လည်ပြုပြင်တည်ထားနိုင်ရန် "မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုအ သင်း"(AMJSEDC)မှဦးဆောင်၍ မတည်လှူဒါန်းမှုများပြုလုပ်လျက်ရှိရာ ကုသိုလ်ယူလှူဒါန်းလိုသူများအနေဖြင့် အသင်းသို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။ လက်ရှိအချိန်၌ AMJSEDC ၏ မတည်လှူဒါန်းငွေများဖြင့် ပြန်လည်ပြုပြင်တည်ဆောက်မှုလုပ်ငန်းများကိုစ တင်ဆောင်ရွက်လျက်ရှိပြီး စတင်ဆောင်ရွက်သည့်အ ချိန်မှ (၁)နှစ်အတွင်းပြီးစီးအောင်ပြုလုပ်သွားမည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ပျက်စီးမှုများဖြစ်ပေါ်ခဲ့သော "ဂျပန်စေတီတော်ကြီးနှင့် ငြိမ်းချမ်းရေးကျောက်တိုင်"များကို ရှေးမူမပျက်ပြန်လည်ပြုပြင်ခြင်းသည် မြန်မာ-ဂျပန်နှစ်နိုင်ငံချစ်ကြည်ရေးနှင့် သမိုင်းဝင်အမွေအနှစ်များကို ရေ ရှည်ထိန်းသိမ်းရာရောက်ကြောင်း သိရသည်။

Sky Villa ကွန်ဒိုတည်ဆောက်ရေးကုမ္ပဏီပိုင်ရှင် ထောင် ၅ နှစ်ချမှတ်

မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုပြိုကျမှုနှင့်ပတ်သက်၍ တရားစွဲဆိုခံထားရသည့် NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်အား အောင်မြေသာစံမြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၃၀၄(က) ဖြင့် ထောင်ဒ-ဏ် ၅ နှစ် ချမှတ်လိုက်ကြောင်း တရားရုံးနှင့်နီးစပ်သူများထံမှ သိရသည်။ Sky Villa ကွန်ဒိုကို NTL ဆောက်လုပ်ရေးကုမ္ပဏီက တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၂၅ ခုနှစ် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်အတွင်း ကွန်ဒိုအဆောက်အအုံပြိုကျခဲ့ရာ လူ‌ေ-သဆုံးမှုအများဆုံးဖြစ်ပွားခဲ့သည့် နေရာတစ်ခုဖြစ်ခဲ့သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ကုမ္ပဏီပိုင်ရှင်ကို တရားစွဲဆိုထားခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လ ၂၃ ရက်တွင်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071