ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန်အတွက် လိုင်စင်ပြုလုပ်ရန် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ထပ်မံသတိပေးထားသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဌာန သည် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရန်အတွက် ၂၀၂၄ ခုနှစ် အောက်တိုဘာ (၂၅) ရက်တွင် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ်၊ ၀၅၅/၂၀၂၄ နှင့်အညီ လုပ်ငန်းလိုင်စင် လျှောက်ထားရယူရန်နှင့် သတ်မှတ်ထားသည့် စည်းကမ်းချက်များကို လိုက်နာခြင်းမရှိပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅)နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်ကြော င်း ၂၀၂၄ ခုနှစ် အောက်တိုဘာ (၃၀) ရက်တွင် အသိပေးကြေညာခဲ့ပြီးဖြစ်သည်။
ထို့ကြောင့် ဓာတ်သတ္တု(ရွှေ)ရောင်းဝယ်ခြင်း ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင် ဆောင်ရွက်လိုသူများအနေဖြင့် လုပ်ငန်းလိုင်စင် လျှောက်ထားမှုကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ (၁၈) ရက်မှ ၂၀၂၅ ခုနှစ်ဖေဖော်ဝါရီ (၁၇) ရက်ထိ (၃)လအတွင်း နောက်ဆုံးထား လျှောက်ထားရန် အသိပေးထားပြီးဖြစ်သည်။
လျှောက်ထားခြင်း မရှိ(မရှိ) သောသူများသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေ ပုဒ်မ (၅) နှင့်အညီ အရေးယူခြင်းခံရမည်ဖြစ်သည့်အတွက် (၃)လအတွင်း နောက်ဆုံးလျှောက်ထားရမည့်ရက်သည် ပြည့်မြောက်တော့မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း လုပ်ငန်းလိုင်စင်များ လျှောက်ထားရန် ထပ်မံအသိပေးထားခြင်း ဖြစ်သည်။
