အကယ်ဒမီခန့်စည်သူဟာ ဓမ္မ မိတ်ဆွေများနဲ့အတူ တပို့တွဲလပြည့်နေ့အလှူအဖြစ်ဗိုလ်တထောင်ကျိုက်ဒေးအပ်စေတီတော်မှာ ယနေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့မနက်ပိုင်းလောက်မှာ ထမနဲလှူဒါန်းခဲ့တာဖြစ်ပါတယ်။
အဆိုပါလှူဒါန်းမှုနဲ့ပတ်သက်ပြီး ခန့်စည်သူ က
” ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော်မြတ်ကြီးမှာလှူဖြစ်တာက နှစ်တိုင်းလှူလာတာ နှစ် ၂၀ လောက်ရှိပြီ ထမနဲ ဒယ် ၂၀ ထိုးပြီး ရင်ပြင်တော်ပေါ်ရှိ မြတ်စွာဘုရားဆင်းတုတော်များကို ထမနဲများနဲ့ အရုဏ်ဆွမ်း ဆက်ကပ်ပူဇော်တယ် အဲ့နောက်မှာတော့ဘုရားဖူးလာတဲ့ (၇)ရက်သား၊သမီးအပေါင်းတို့ကို ထမနဲထုတ်တွေ ဝေငှ လှူဒါန်းခဲ့တယ်” လို့ပြောပါတယ်။











