Thursday, April 30, 2026

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု...

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး...

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀)...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ်...
HomeMoviesဓနုဖြူမြို့မဈေး မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဈေးသစ်တည်ဆောက်ပေးသွားမည်

ဓနုဖြူမြို့မဈေး မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဈေးသစ်တည်ဆောက်ပေးသွားမည်

လတ်တလောတွင် ယာယီစျေးနေရာသစ် သတ်မှတ်ပေးထား​

ဓနုဖြူမြို့မဈေး မီးလေ-ာင်မှုဖြစ်ပွားခဲ့သည့်နေရာတွင် ဈေးသစ်တည်ဆောက်ပေးသွားမည်ဖြစ်ပြီး လတ်တလောတွင် ယာယီစျေးနေရာသစ် သတ်မှတ်ပေးထားကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ ဓနုဖြူမြို့ရှိ မြို့မဈေးတွင် ဧပြီလ (၂၆)ရက်နေ့ နံနက် (၆)နာရီ ကျော်အချိန်ခန့်က မီးလေ-ာင်မှုဖြစ်ပွားခဲ့ပြီး ယင်းမီးလေ-ာင်မှုဖြစ်ပွားခဲ့သော မြို့မဈေးသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအေးကျော် ၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း နှင့် တိုင်းအဆင့် ဌာနဆိုင်ရာအကြီးအကဲများလာရောက်ခဲ့ကာ မီးလေ-ာင်မှုဖြစ်ပွားခဲ့သောမြို့မဈေးနေရာတွင် ဈေးသစ်ကြီးပြန်လည်တည်ဆောက်ပေးရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။    

“လောလောဆယ် ဈေးကို ဈေးဘေးနားက အဆင်ပြေတဲ့နေရာလေးမှာ သူတို့ဆိုင်လေးတွေပြန်ဖွင့်ဖို့ ချက်ချင်းပေါ့နော်၊ ယာယီရက်ပိုင်းအတွင်ပြန်ဖွင့်လှစ်နိုင်ဖို့ နေရာလေးစီစဉ်ပေးဖို့ရယ်၊ နောက်တစ်ခုက ယာယီဈေး ဖွင့်ဖို့၊ ယာယီဈေးကဘယ်နေရာလဲဆိုတော့ ဓနုဖြူမြို့မှာ မြို့တော်ခန်းမဆောက်ဖို့အတွက် စီစဉ်ထားတဲ့မြေကွက်လပ်ရှိတယ်။အဲ့မြေကွက်လပ်မှာယာယီဈေး ဆောက်ပေးဖို့ ဆိုင်တွေဖွင့်နိုင်ဖို့ အဲ့ဒါလေးတော့ စီစဉ် ပေးခဲ့တယ် ဈေးကြီးအသစ်ပြန်ဆောက်ဖို့လည်း ဒီဇိုင်းဆွဲဖို့ကိုလည်း တိုင်းစည်ပင်ညွှန်မှူးကိုလည်း ဝန်ကြီးချုပ်က မှာခဲ့ပြီ´´ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ပြောသည်။             

“အခုဈေးမီးလေ-ာင်မှုမှာပါရှိသွားတဲ့ ဆိုင်ခန်းပိုင်ရှင်ပြည်သူတွေအတွက်ကတော့ စိတ်တော့မကောင်းဘူးပေါ့ဗျာ၊ ဘာပဲပြောပြော ဘယ်လိုပဲနောက်ပိုင်းမှာကူညီထောက်ပံ့တယ်ပြောပြော လောလောဆယ်တော့သူတို့က လူတွေတော့မထိခို-က်ဘူးဆိုပေမယ့် ပစ္စည်းဥစ္စာတွေတော့ဆုံးရှုံးသွားပြီးပေါ့၊အဲ့အတွက်တော့စိတ်မကောင်းပါဘူး ၊ ဒါပေမယ့် နိုင်ငံတော်အစိုးရရော ကျန်တဲ့အဖွဲ့အစည်းတွေကပါ အတက်နိုင်ဆုံးသူတို့ ပြန်ပြီးထူထောင်နိုင်ဖို့အတွက် ဝိုင်းကူညီကြမှာပါ”ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းက ဆက်လက်ပြောကြားခဲ့သည်။             

ဓနုဖြူမြို့မဈေးကြီးတွင်  ဈေးရုံ (၂၀)ရုံရှိပြီး ဆိုင်ခန်းပေါင်း (၄၁၀)ရှိရာ  အဆိုပါမီးလေ-ာင်မှုဖြစ်စဉ်ကြောင့်  ဈေးရုံ (၁၃)ရုံနှင့် ဆိုင်ခန်းပေါင်း(၂၇၁) ခန်း မီးလေ-ာင်ဆုံးရှုံးခဲ့ကြောင်းသိရ​သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မအူပင်မြို့တွင် ကဆုန်လပြည့်‌နေ့အထိမ်းအမှတ် ညောင်ရေသွန်းလောင်းပူဇော်ပွဲကို စည်ကားသိုက်မြိုက်စွာကျင်းပမှု မြင်ကွင်း။

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့တွင် ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို ဧပြီလ (၃၀) ရက်နေ့ နံနက်ပိုင်းက ရွှေဘုန်းမြင့်ဘုရားရှေ့၌ စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

ရွှေဘိုအကျဉ်းထောင်မှ အကျဉ်းသား (၆) ဦး လွတ်ငြိမ်းခွင့်ပြု

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့၊ အမှတ် (၁၀) ရပ်ကွက်ရှိ ရွှေဘိုအကျဥ်းထောင်တွင် ပြစ်ဒ-ဏ်ကျခံလျက်ရှိသော အကျဉ်းသား (၆) ဦးတို့အား လွတ်ငြိမ်းသက်သာဖြင့် ဧပြီလ (၃၀) ရက် နံနက်ပိုင်းက လွတ်ပေးခဲ့ကြောင်းသိရသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတရုံး၏ ဧပြီလ (၃၀) ရက်ရက်စွဲပါ အမိန့် အမှတ် (၅၁/၂၀၂၆)၊ ပြစ်ဒ-ဏ်လွတ်ငြိမ်းခွင့် အမိန့်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့ခြင်းဖြစ်သည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတသည် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင် ကျရောက်သည့် ဗုဒ္ဓနေ့ အထိမ်းအမှတ်ဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်...

ဝန်းသိုမြို့တွင် ကဆုန်ညောင်ရေသွန်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့၊ စစ်ကဲကြီးရပ်ကွက်၊ မဟာမှန်ကျောင်းကျောင်းတိုက်၊ စတုဗုဒ္ဓမဟာအတုလစေတီတော်မြတ်ကြီးရှိ မဟာဗောဓိညောင်ပင်တွင် ဧပြီလ (၃၀) ရက် ကဆုန်လပြည့်နေ့ နံနက်က ကဆုန်ညောင်ရေသွန်းပွဲ တော်ကျင်းပသည်။ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ ကဆုန်လပြည့် (ဗုဒ္ဓနေ့) တွင် နှစ်စဉ်မပျက် ကျင်းပကြသည့် ကဆုန်ညောင်ရေသွန်းပွဲတော်ကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတို့မှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်သည်။ ကဆုန်ညောင်ရေသွန်းပွဲတော်တွင် ကောလင်းခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး သိန်းဇော်လင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူး ကျော်ဆန်းဝင်းနှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ဝန် ထမ်းများ၊ ဒေသခံပြည်သူများက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071