(Unicode)
ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့အား ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားပြီး မှတ်ချက်များပေးနိုင်သည့် အခွင့်အရေးရှိဟုဆို
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့အား ယခုလ ၆ ရက်နေ့က ပုဒ်မနှစ်ခု ဖြင့် ထောင်ဒဏ် ၄ နှစ်စီ အသီးသီးချမှတ်ခဲ့ပြီး ၂ နှစ်လျှော့ပေါ့ပေးခဲ့ပြီး ကျန်ရှိသည့်အမှုများကို ဆက်လက် စစ်ဆေးနိုင်ရန်အတွက် အကျဉ်းထောင်သို့ ပို့ဆောင်ခြင်း မရှိဘဲ ယခုလက်ရှိနေရာတွင်သာ ဆက်လက်ထားရှိရန် ဆောင်ရွက်ခဲ့သည်ဟု နစကဥက္ကဌက ပြောသည်။
“ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဝင်းမြင့်တို့အား အမှုစစ်ဆေးနေချိန်ကာလမှ စီရင်ချက် ချမှတ်သည့်အချိန်အထိ သတ်မှတ်ချက်များအတိုင်း ၎င်း၏ရှေ့နေများနှင့် လွတ်လပ်စွာ တွေ့ခွင့်ပေးထားကြောင်း၊ အဆိုပါရှေ့နေများမှတစ်ဆင့် လက်ရှိနိုင်ငံရေးဖြစ်စဉ်များ၊ အကြမ်းဖက်ကိစ္စများနှင့် CRPH၊ NUG အဖွဲ့များ ဖွဲ့စည်းသည်ကို သိရှိပြီးဖြစ်မည်ဟု ယူဆပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း ရှေ့နေများမှတဆင့် ၎င်း၏ မှတ်ချက်များပေးနိုင်သည့် အခွင့်အရေးရှိကြောင်း”ပြောသည်။
ယင်းနောက် နစကဥက္ကဌက ၎င်းတို့ စတင်တာဝန် ယူချိန်တွင် ရွေးကောက်ခံကိုယ်စားလှယ်များအား လွတ်လပ်စွာဖြင့်ထားရှိခဲ့ပြီး ၎င်းတို့၏နေရပ်များသို့ ပြန်ပို့ပေးခဲ့ကြောင်း၊ ထိုသို့ပြန်လည်စေလွှတ်ပြီးချိန်တွင် အချို့ပုဂ္ဂိုလ်များမှာဥပဒေအရရင်ဆိုင်ခြင်းမရှိဘဲ တုန့်ပြန်ဆောင်ရွက်လာခြင်းများရှိသည်ဟု လည်းဆက်ပြောသည်။
ဖေဖော်ဝါရီ ၁ရက်နေ့ကတည်းက ထိန်းသိမ်းခံထားရသည့် နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့မှာ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအပါအဝင် အမှုပေါင်းများစွာနှင့် လက်ရှိ ရင်ဆိုင်နေကြရသည်။
ကုလသမဂ္ဂအပါအဝင် နိုင်ငံကြီးများက ဖမ်းဆီးထားသူများအားပြန်လွတ်ပေးရန်နှင့် တောင်းဆိုနေကြသည်။
(Zawgyi)