Tuesday, June 10, 2025

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့်...

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင်...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့်...

မြန်မာ့ ငလျင်ပြန်လည်ထူထောင်ရေးအပိုင်းများတွင် ကိုရီးယားနိုင်ငံ ကြက်ခြေနီအသင်းက...

၂၀၂၅ ခုနှစ် မတ်လ (၂၈) ရက်က လှုပ်ခတ်ခဲ့သည့် ၇.၇ အဆင့်ရှိ အင်အားပြင်း ငလျင်လှုပ်ခတ်ပြီးခဲ့ပြီးနောက် ပြန်လည်ထူထောင်ရေး အပိုင်းများတွင် ကိုရီးယားနိုင်ငံကြက်ခြေနီအသင်းက...
HomeInternationalဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ...

ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ ဖိလစ်ပိုင်လေဆိပ်ပရောဂျက်အား Samsung နောက်ခံပြုအဖွဲ့မှရရှိ

ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ ဖိလစ်ပိုင်လေဆိပ်ပရောဂျက်အား Samsung နောက်ခံပြုအဖွဲ့မှရရှိ

မနီလာ၊စက်တင်ဘာ ၁၅

တရုတ်နိုင်ငံကမျက်စိကျခဲ့ဘူးသော ဒေါ်လာ ၁၁ ဘီလီယံတန်ဖိုးရှိ ဖိလစ်ပိုင်လေဆိပ်စီမံကိန်းကို တောင်ကိုရီးယားနှင့်ဥရောပကုမ္ပဏီများကျောထောက်နောက်ခံပြုထားသည့် လုပ်ငန်းစုတစ်ခုမှရရှိခဲ့ကြောင်း အဆိုပါအဖွဲ့မှကြာသပတေးနေ့ကကြေငြာခဲ့သည်။

မနီလာ၏လူစည်ကားသော Ninoy Aquino အပြည်ပြည်ဆိုင်ရာ လေဆိပ်အပေါ်ဖိအားများ ဖြေလျှော့ရန်ရည်ရွယ်၍ ကြီးမားသောလေဆိပ်ဖြစ်သည့် Sangley Point အပြည်ပြည်ဆိုင်ရာလေဆိပ်ဆောက်လုပ်ရေးကို SPIA ဆောက်လုပ်ရေးလုပ်ငန်းစုသို့ ဗုဒ္ဓဟူးနေ့ကကာဗိတ်ပြည်နယ်အစိုးရကပေးအပ်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

ယခုစီမံကိန်းအားဦးဆောင်မည့် လုပ်ငန်းစုတွင်ပြည်တွင်းကုမ္ပဏီများဖြစ်သော Cavitex Holdings and House of Investments နှင့်တောင်ကိုရီးယား Samsung Group ပိုင်အဖွဲ့တစ်ခုဖြစ်သည့် Samsung C&T တို့က ဦးဆောင်ထားကြောင်းပါရှိသည်။အခြားအဖွဲ့ဝင်များအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည့် မစ္စတာ Lucio Tan ပိုင် MacroAsia လုပ်ငန်းစုနှင့် Munich Airport International နှင့် Ove Arup & Partners Hong Kong တို့ဖြစ်ပြီး လုပ်ငန်းစု၏ဖွဲ့စည်းပုံကိုအတိအကျမသိရသေးကြောင်းဖော်ပြထားသည်။

Macro Asia နှင့်ပူးပေါင်း၍ နိုင်ငံပိုင် China Communications Construction သည် Sangley အတွက်ဒေါ်လာ ၁၀ ဘီလီယံတန်သဘောတူညီချက်ကို ယခင်ကရရှိခဲ့ဖူးသော်လည်း အထောက်အထားခိုင်လုံမှုလိုအပ်ချက်ကြောင့်  ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင်အဆိုပါပရောဂျက်ကိုလက်လွှတ်ခဲ့ရသည်။ဖိလစ်ပိုင်ရေတပ်ဧရိယာနှင့်နီးသော လေယာဥ်ကွင်း၏ မဟာဗျူဟာမြောက်တည်နေရာကြောင့် ဖိလစ်ပိုင်ကာကွယ်ရေးတည်‌ေဆာက်မှုမူကြောင့် တရုတ်နိုင်ငံ၏အကျိုးစီးပွားကြီးမားသည်။နှစ်နိုင်ငံကြားဆက်ဆံရေးပိုမိုကောင်းမွန်လာသော်လည်း မနီလာနှင့်ပေကျင်းတို့သည် တောင်တရုတ်ပင်လယ်အတွင်း ပိုင်နက်အငြင်းပွားမှုများရှိနေဆဲဖြစ်သည်။

မနီလာမြို့တောင်ဘက်တွင်တည်ရှိသော Sangley လေဆိပ်အား ပြေးလမ်းနှစ်ခုဖြင့် နှစ်စဉ်ခရီးသည်ပေါင်း ၇၅ သန်းဆံ့နိုင်သည့်လေဆိပ်တစ်ခုအဖြစ် မျှော်လင့်ထားပြီး နောက်ပိုင်းတွင်ပြေးလမ်းလေးခုဖြင့် နှစ်စဉ်ခရီးသည်ပေါင်း သန်း ၁၃၀ အထိတိုးချဲ့နိုင်ရန်ချဲ့ထွင်သွားမည်ဖြစ်သည်။

အဆိုပါပရောဂျက်တွင် ၄ ကီလိုမီတာ အကွာအဝေးရှိချိတ်ဆက်လမ်းဖောက်လုပ်ခြင်းအပြင် ပေါင်းစပ်ထောက်ပံ့ပို့ဆောင်ရေးနှင့်လေကြောင်းဆိုင်ရာအထောက်အကူပြုအဆောက်အအုံများပါဝင်သည်။ ယခုပရောဂျက်မှတစ်ဆင့် အလုပ်အကိုင်ပေါင်း ၅၀,၀၀၀ ကိုဖန်တီးပေးနိုင်မည်ဟုမျှော်မှန်းထားကြောင်း အဆိုပါလုပ်ငန်းစုကပြောကြားခဲ့သည်။

အဆိုပါလုပ်ငန်းစုမှစီမံကိန်းစတင်လုပ်ဆောင်ရခြင်းအတွက်စိတ်လှုပ်ရှားမိကြောင်းပြောကြားခဲ့သော်လည်း ပရောဂျက်စတင်ဆောက်လုပ်မည့်အချိန်ကို တိတိကျကျမပြောနိုင်သေးကြောင်းပြောကြားခဲ့သည်။ယခုစီမံကိန်းပြီးသည်နှင့်တစ်ပြိုင်နက်  Sangley လေဆိပ်သည် မနီလာမြို့အနောက်မြောက်ဘက်ရှိ Bulacan တွင် San Miguel ကုမ္ပဏီက တာဝန်ယူဆောက်လုပ်နေသည့် ပီဆို ၇၄၀ ဘီလီယံ(ဒေါ်လာ ၁၂ ဒသမ ၉၇ ဘီလီယံ) တန်ကြေးရှိသည့်လေဆိပ်နှင့်အပြိုင်ဖြစ်လာမည်ဖြစ်သည်။

Source –Nikkei Asia

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ထရမ့်က အီလွန်မတ်စ်နဲ့ ဖုန်းပြောဖို့ ကိစ္စမရှိပေမယ့် ဖုန်းခေါ်ဖို့တော့ အစီအစဉ်မရှိဘူးလို့ ပြောကြား

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီလွန်မတ်စ် နဲ့ ဖုန်းပြောဆိုဖို့အတွက်က ကိစ္စမရှိကြောင်း ပြောကြားခဲ့ပေမယ့် သူ့အနေနဲ့ ဖုန်းခေါ်ဆိုဖို့ကတော့ အစီအစဉ်မရှိဘူးလို့ ဆိုပါတယ်။ အိမ်ဖြူတော်မှာ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ် မတ်စ်ကို ဖုန်းခေါ်ဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ရာမှာ “ကျွန်တော် တကယ်တမ်း မစဉ်းစားရသေးပါဘူး။ သူကတော့ ကျွန်တော်နဲ့ စကားပြောချင်လိမ့်မယ်လို့ ထင်ပါတယ်” လို့ ထရမ့်က ပြန်ဖြေခဲ့တာဖြစ်ပါတယ်။ “သူ ဖုန်းခေါ်ထားပြီးပြီလားမသိဘူး။ သူဖုန်းခေါ်ထားပြီးပြီလားဆိုတာကို သူ့ကိုပဲ မေးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော့်အတွက်တော့ ပြဿနာမရှိပါဘူး” လို့လဲ ထရမ့်မ်က ထပ်ပြောပါတယ်။ ဒါပေမယ့် အဲဒီလို ဖုန်းခေါ်ဆိုမှုကို...

အိုကီနာဝါရှိကန်လေတပ်စခန်း၌ပေါ-က်ကွဲ၍ ဂျပန်စစ်သားလေးဦး ဒဏ်ရာရ

ဂျပန်နိုင်ငံတောင်ပိုင်း အိုကီနာဝါကျွန်းရှိ အမေရိကန်စစ်စခန်းတစ်ခုတွင် မပေါ-က်ကွဲသေးသော လက်နက်ခဲယမ်းများ သိုလှောင်ထားရာနေရာတွင် ပေါ-က်ကွဲခဲ့သောကြောင့် ဂျပန်စစ်သားလေးဦး ဒဏ်ရာရခဲ့သော်လည်း အသက်အန္တရာယ်စိုးရိမ်ရသည့် အခြေအနေမရှိကြောင်း တာဝန်ရှိသူများက တနင်္လာနေ့တွင် ပြောကြားခဲ့သည်။ လက်ချောင်းများ၌ ဒဏ်ရာများရရှိခဲ့သော စစ်သားလေးဦးသည် အိုကီနာဝါစီရင်စုရှိကျွန်းပေါ်တွင် တွေ့ရှိခဲ့သော မပေါ-က်ကွဲသေးသည့် လက်နက်ခဲယမ်းအများစုကို ယာယီသိုလှောင်ထားသည့် အဆောက်အအုံတွင် တာဝန်ထမ်းဆောင်နေသူများဖြစ်သည်ဟု ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ ဒုတိယကမ္ဘာစစ်အတွင်း အပြင်းထန်ဆုံးဖြစ်ပွားခဲ့သော တို-က်ပွဲများထဲမှ တစ်ခုသည် အိုကီနာဝါတွင် ဖြစ်ပွားခဲ့သည်။ ရရှိခဲ့သောဒဏ်ရာများသည် အသက်အန္တရာယ်စိုးရိမ်စရာမရှိဟု စီရင်စုအရာရှိများက ပြောဆိုသော်လည်း အခြားအသေးစိတ်အချက်အလက်များကိုမူ လတ်တလောတွင် မသိရသေးဟု ဆိုသည်။ ကာဒီနာလေတပ်စခန်း၏...

ရုရှားရေတပ်ကိုအကြီးစားပြင်ဆင်မွမ်းမံမည့်အစီအစဉ်ပူတင် အတည်ပြု

ရုရှားကို ကမ္ဘာ့ထိပ်တန်းရေကြောင်း အင်အားကြီးနိုင်ငံအဖြစ် ပြန်လည်တည်ဆောက်ရန် ရည်ရွယ်သော ရေရှည် ရေတပ်မဟာဗျူဟာအစီအစဉ်သစ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်က အတည်ပြုလိုက်ကြောင်း ခရမ္မလင် လက်ထောက်အရာရှိ တစ်ဦးဖြစ်သည့် နီကိုလိုင် ပါထရူရှက်ဗ်က ပြောကြားခဲ့သည်။ “၂၀၅၀ ပြည်နှစ်အထိ ရုရှားရေတပ် ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ” ဟု အမည်ပေးထားသည့် အဆိုပါ မဟာဗျူဟာအစီအစဉ်ကို မေလနှောင်းပိုင်းတွင် ပူတင်က လက်မှတ်ရေးထိုးခဲ့သည်ဟု တနင်္လာနေ့က ထုတ်လွှင့်ခဲ့သော ArgumentiI Fakti သတင်းစာနှင့် အင်တာဗျူးတွင် ပါထရူရှက်ဗ်က ထုတ်ဖော်ပြောဆိုခဲ့သည်။ “ကမ္ဘာ့အကြီးကျယ်ဆုံး ရေကြောင်းအင်အားကြီးနိုင်ငံတွေထဲက တစ်ခုဖြစ်တဲ့ ရုရှားနိုင်ငံရဲ့ အနေအထားက...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071