ပြင်ပနိုင်ငံခြားငွေကြေးဈေးကွက်တွင် အမေရိကန်ငွေလဲလှယ်နှုန်း ၄,၀၀၀ အောက်ကျဆင်းလာကြောင်း ပြင်ပဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။
ယခုသီတင်းပတ်အတွင်း နိုင်ငံခြားငွေလဲလှယ်နှုန်း ဆက်တို-က်ကျဆင်းလျက်ရှိပြီး တစ်ဒေါ်လာ ၄,၁၀၅ ကျပ်မှ ၃,၉၅၅ ကျပ်အထိ ကျဆင်းလာကြောင်း၊ထို့ပြင် ဈေးကွက်အတွင်း အရောင်းအဝယ်အေးကြောင်း သိရသည်။
နိုင်ငံခြားငွေလဲလှယ်နှုန်းကျဆင်းနေသော်လည်း ရွှေဈေးနှုန်းသည် ကမ္ဘာ့ဈေးကြောင့် တစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်တွင်ရှိနေကြောင်း သိရသည်။
ထို့ပြင် ဗဟိုဘဏ်အနေဖြင့် CMP ကုမ္ပဏီများထံကဝယ်ယူထားသည့် နိုင်ငံခြားငွေများထဲမှ အမေရိကန်ဒေါ်လာ ၂.၆၀၁ သန်းကို စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများထံသို့ အောက်တိုဘာ ၂ ရက်တွင် ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
