Looking for something?

Explore the website

Looking for something?

Sunday, May 25, 2025

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက...

လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေကအနေ ကဇာတင်

၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးသည့် ရွှေတိဂုံစေတီတော်မြတ်ကြီးအား စေတီတော်မြတ်ကြီး၏ သြဝါဒါစရိယဆရာတော်ကြီး(၁၁)ပါးနှင့်ပင့်သံဃာ့တော်(၁၀၈)ပါးတို့က ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပူဇော်ခဲ့ကြသည်။ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ အထက်ပစ္စယံပတ္တမြားမျက်ရှင်တန်ဆောင်းနှင့် စေတီတော်အာရုံခံမုခ်ဦးလေးဘက်ဧည့်ခံတန်ဆောင်းများ၌...
HomeNewsLocal Newsဒေါ်လာဈေး၊ ရွှေဈေးနှင့် ပတ်သက်သည့်...

ဒေါ်လာဈေး၊ ရွှေဈေးနှင့် ပတ်သက်သည့် ကောလာဟလများ စီးပွားကူးသန်းဝန်ကြီးထွက်ရှင်း၊ လူထုကို ခြောက်တွန်းသည့် လုပ်ရပ်ဟုဆို

ဒေါ်လာဈေး၊ ရွှေဈေးနှင့် ပတ်သက်သည့် ကောလာဟလများ စီးပွားကူးသန်းဝန်ကြီးထွက်ရှင်း၊ လူထုကို ခြောက်တွန်းသည့် လုပ်ရပ်ဟုဆို

ယခုရက်ပိုင်း ထွက်ပေါ်နေသည့် ‌ရွှေဈေးနှင့် ဒေါ်လာဈေး နှုန်းများနှင့် ပတ်သက်သည့် ကောလာဟလများနှင့် ပတ်သက်၍ သတင်းမှားများသာဖြစ်ပြီး လူထုကိုခြောက်တွန်းသည့် သတင်းများသာ ဖြစ်ကြောင်း စီးပွားကူးသန်း ဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

အစိုးရ အစည်းဝေးဆုံးဖြတ်ချက်အရ ဒေါ်လာ ဈေးနှုန်း ၂၅၀၀ ကျပ်နှင့် ရွှေ တစ်ကျပ်သား ၂၅ သိန်းနှုန်း ရောင်း ချရမည်ဟု ထွက်ပေါ်နေသည့် သတင်းများနှင့် ပတ်သက် ၍ ၎င်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။

“မယုံပါနဲ့။ဒီရက်ပိုင်း​တွေမှာ စီးပွား​ရေးနဲ့ ​ငွေ​ကြေး​စျေးကွက်အတွင်း သမားရိုးကျမဟုတ်တဲ့ လုပ်​ဆောင်မှု​တွေ။လူထုကို ထင်​ယောင်ထင်မှားဖြစ်​စေမယ့် သတင်းမှားထုတ်လွှင့်မှု​တွေ ခပ်စိတ်စိတ် ​တွေ့လာရပါတယ်။ ဒီ​နေ့​တွေ့လိုက်ရတဲ့ လုပ်ကြံသတင်း။ သတင်းမှားတစ်ခုကို ပူးတွဲ​ဖော်ပြ​ပေးလိုက်ပါတယ်။ လုံးဝမှားယွင်းပြီး အ​ခြေအမြစ်မရှိဘဲ လူထုကို ​ချောက်တွန်းတဲ့ သတင်းလို့ ​ပြောပြလိုပါတယ်” ဟု ဝန်ကြီး ဦးအောင်နိုင်ဦးက ၎င်းကိုယ်တိုင် အသုံးပြုသည့် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ဈေးကွက်အတွင်း အမေရိကန် တစ်ဒေါ်လာလျှင် မြန်မာငွေ ၃၂၀၀ ကျပ် ပေါက်နေပြီး အကယ်ဒမီ မီးလင်းအခေါက်ရွှေ တစ်ကျပ်သားလျင် ၂၉ သိန်းကျပ်ဝန်း ကျင်ရောင်းဝယ်နေကြခြင်း ဖြစ်သည်။

နစက အစိုးရက ရွှေဈေးနှင့် ဒေါ်လာဈေးနှုန်း သတ်မှတ်ချက်များ မကြာခဏ ပြောင်းလဲလုပ်ဆောင်နေသော် လည်း ဈေးကွက်အတွင်း ဈေးနှုန်းကွာဟမှုကို မထိန်း ချုပ်နိုင်သည့်အခြေအနေရင်ဆိုင်နေချိန်တွင် လူမှုကွန်ရက် အ သုံးပြုသူအချို့၏ စိစစ်ခြင်းကင်းမဲ့စွာ ရေးသားဖြန့်ဝေမှု၊ ထပ်ဆင့် ကူးယူမျှဝေမှုများကြောင့် အသိအမြင်နည်းပါးသည့် အခြေခံပြည်သူများအကြား ကောလာဟလများ မကြာခဏ ပေါ်ပေါက်နေခြင်း ဖြစ်သည်။

ယခုရက်ပိုင်းအတွင်း ပြည်တွင်းမှ ရွှေလုပ်ငန်းရှင်များကို နေပြည်တော်သို့ ခေါ်ယူတွေ့ဆုံမှုများ ပြုလုပ်ကာ ရွှေဈေး နှုန်းနှင့်ပတ်သက်သည့် ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့သော်လည်း နစကအနေဖြင့် ဈေးနှုန်း တရားဝင်သတ်မှတ်သည့် သတင်းထုတ်ပြန်မှု တစ်စုံတရာ လုပ်ဆောင်ခြင်းမရှိသေးပေ။

လက်ရှိထွက်ပေါ်နေသည့် ကောလာဟလသတင်းများနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် မယုံကြည်ကြရန်လည်း စီးပွားကူးသန်းဝန်ကြီး ဦးအောင်‌နိုင်ဦးက ထပ်မံ ပြောကြားထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အားဖွင့်လှစ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ပေါ်နှင့် ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသားများ၏ ကျန်းမာရေးစောင့် ရှောက်ပေးရန်၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)အတွင်း လာရောက်တရားအားထုတ်သူများ၊ ဘုရားဖူးလာ ရဟန်းရှင်လူများအတွက် ခရီးသွားကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန်ရည်ရွယ်၍ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)ဝတ္ထုကံတော်အတွင်း၌ သီလဓမ္မဆေးရုံတော်သစ်အား ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက စတင်ဖွင့်လှစ်ရာ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ အခမ်းအနားတွင် ဝစီပိတ်ဆရာတော်ကြီး၊ နစက ဥက္ကဋ္ဌနှင့် ဇနီးတို့က သီလဓမ္မ ဆေးရုံတော်ကိုဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ မင်္ဂလာမော်ကွန်းကမ္ပည်းတော်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြသည်။ ထို့နောက် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများက သီလဓမ္မဆေးရုံတော်အတွင်းလှည့်လည်ကြည့်ရှု၍ သီလဓမ္မ...

ကျိုင်းတုံမြို့ရှိ လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်(ပန်ကွဲ)၊ ဝတ္ထုကံတော်အတွင်းတည်ထားကိုးကွယ်သည့် လောကသရဖူစေတီတော်မြတ်ကြီးအား ဌာပနာတော်သွင်းလှူပူဇော်ခြင်းမင်္ဂလာ အခမ်းအနားကို ယနေ့ မေ ၂၄ ရက်နံနက်ပိုင်းက ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ကျိုင်းတုံမြို့၊ တူးယားကျောင်းတိုက်ပဓာန နာယက အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ပညာသာမိ အမှူးပြုသည့် ဆရာတော်၊ သံဃာတော်များကြွရောက်တော်မူခဲ့ကြပြီး နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီး၊ တာဝန်ရှိသူများ၊ အလှူရှင်များတက်ရောက်ကြည်ညိုပူဇော်ခဲ့ကြသည်။ အခမ်းအနားတွင် နစက ဥက္ကဋ္ဌနှင့် ဇနီး၊ တက်ရောက်လာကြသူများက တူးယားကျောင်းတိုက်ပဓာန နာယကဆရာတော်ကြီးထံမှ ကိုးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်၊ သံဃာတော်များက...

ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်ပေးသွားမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံဆေးရုံကြီးအား ကုတင်(၃၀၀)ဆံ့ဆေးရုံကြီးအဖြစ် အဆင့်မြှင့်တင်နိုင်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မေ ၂၄ ရက်မွန်းလွဲပိုင်းက ကျိုင်းတုံမြို့ရှိ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများနှင့်တွေ့ဆုံစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံစဉ် တက်ရောက်လာကြသည့် မြို့မိမြို့ဖများက ကျိုင်းတုံမြို့တွင် နေထိုင်သူဦးရေများပြားလာသဖြင့် ပြည်သူများကျန်းမာရေးစောင့်ရှောက်မှုအတွက် ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ပြည်သူ့ဆေးရုံကြီးအား ကုတင်-၃၀၀ ဆံ့ဆေးရုံကြီးအဖြစ်အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှု၊ လွယ်မွေမြို့ရှိ တိုက်နယ်ဆေးရုံအား အဆင့်မြှင့်တင်ဆောင်ရွက်ပေးစေလိုမှုတို့ကို နစက ဥက္ကဋ္ဌအား တင်ပြခဲ့ကြသည်။ တင်ပြမှုများအပေါ် နစက ဥက္ကဋ္ဌက ကျိုင်းတုံမြို့ရှိ ကုတင်-၂၀၀ ဆံ့ဆေးရုံကြီးအား...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071