မန္တလေးတိုင်း၊ ကျောက်ဆည်တွင် ကုန်သေတ္တာများသယ်ယူပို့ဆောင်ရေး အသင်းရုံးခွဲဖွင့်လှသ်ရန် လုပ်ဆောင်နေကြောင်း (၁၂)ကြိမ်မြောက် မြန်မာနိုင်ငံကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်း နှစ်ပတ် လည်အသင်းသားစုံညီအစည်းအဝေးတွင် (၂ဝ၂၂- ၂၀၂၅)ယခင်အလုပ်အမှုဆောင်သက်တမ်း၏ ဥက္ကဋ္ဌဦးစိုးနိုင်က ပြောကြားခဲ့သည်။
ကုန်သေတ္တာတင်မော်တော်ယာဉ်များအသင်းကို ၂၀၀၉ ခုနှစ်ကစတင်ဖွဲ့စည်းခဲ့ရာ အသင်းဝင်ဂိတ်(၂၀)ကျော်နှင့် အသင်းဝင်ကား(၄၀၀)ကျော်သာရှိခဲ့ရာမှ ၂၀၁၂ ခုနှစ်တွင် အသင်းအဖွဲ့မှတ်ပုံတင်ဖြင့်လုပ်ကိုင်ခဲ့ပြီး (၁၆) နှစ်တာကာလအတွင်း၌ ကုမ္ပဏီ(ဂိတ်) ၉၄ ဂိတ်နှင့် အသင်းဝင်ယာဥ်စီးရေ(၂,၀၀၀)ကျော်ဖြင့်ဖွဲ့စည်းထားနိုင်လျှက်ရှိပြီးဒေသတွင်း နိုင်ငံများနှင့်လည်းယှဥ်ပြိုင်နိုင်အောင် လုပ်ဆောင်သွားပါမယ်”ဟုပြောကြားခဲ့သည်။
“ကုန်သေတ္တာတွေသယ်ယူပို့ဆောင်ရာမှာ manifest (ကုန်ပို့လွှာ)နဲ့ E-Lock နဲ့ လုပ်ဆောင်နိုင်ဖို့ကိုကြိုးစားခဲ့ပြီးလက်ရှိတွင် စတင် လုပိဆောင်နေပြီ”ဟု ဦးစိုးနိုင်ကပြောသည်။
ယခင်အလုပ်အမှုဆောင်သက်တမ်းကာလအတွင်း မော်တော်ယာဉ်များ၏ ပြင်ဆင်စရိတ်၊ အပိုပစ္စည်းများ၊ ဒီဇယ်ဈေးများတက်လာသဖြင့် ဈေးနှုန်းပြင်ဆင်ခြင်း ကို (၃)ကြိမ်အထူးအစည်းအဝေးများခေါ်ယူပြင်ဆင်ခဲ့သည့်အပြင် အသင်းဝင်ယာဉ်မောင်းများ စည်းကမ်းတကျနှင့် ဘေးကင်းလုံခြုံစွာမောင်းနှင်စေရန် အသိပညာပေးဟောပြောပွဲများကိုလည်း ယာဉ်ထိန်းတပ်ဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း၊ အသင်းဝင်များ၏စမတ်ကတ်လုပ်ဆောင်ပေးခဲ့ခြင်းများပြုလုပ်ခဲ့ကြောင်းသိရသည်။
အသင်းဝင်ယာဉ်ပိုင်ရှင်များ လုပ်ငန်းတိုးချဲ့ရာ၌ အဆင်ပြေစေရန် Oriental Lessing Co.,Ltd. နှင့် သဘောတူလက်မှတ်ထိုး၍ အသင်းကတာဝန်ယူဆောင်ရွက်ပေးခဲ့ပြီး ဒီဇယ်ဆီ အဆင်ပြေစွာထည့်နိုင်ရေးအတွက် ငွေပေးချေမှုအဆင်ပြေစေရန် MAX Energy နှင့် နှစ်ဖက်သဘောစာချုပ်ချုပ်ဆိုထားသည်ဟုသိရသည်။
ထို့အတူ မန္တလေးငလျင်ကြီးလှုပ်ခတ်ပြီးချိန်တွင် အ သင်းသူ၊ အသင်းသားများထံမှ ကောက်ခံရရှိငွေသိန်း (၄၀၀)ခန့်အနက်မှ သိန်း(၁ဝဝ)အား UMFCCI မှတစ် ဆင့်အကူအညီလိုအပ်သည့်ဒေသများအား ထည့်ဝင်လှူဒါန်းခဲ့ပြီး ကျန်ငွေများကို ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့ရှိလိုအပ်သည့် နေရာများသို့လှူဒါန်းခဲ့သည်ဟု ပြောသည်။
