Friday, July 24, 2026

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka...

သြဂုတ် ၁၀ ရက်နံနက် ၁၀...

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊...

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည်...

DEMU ရထားပေါ်တွင် စည်းကမ်းဖေ-ာက်ဖျ-က်ခဲ့သည့် ခရီးသည်...

နေပြည်တော်၊ ဇူလိုင်-၂၄ ရန်ကုန်-မန္တလေး အမှတ်(၃)အဆန် DEMU ရထားပေါ်တွင် စည်းကမ်းမဲ့ပြုမူခဲ့သည်ဟုဆိုသည့် ခရီးသည်အမျိုးသမီး ၄ ဦးကို ရထားပို့ဆောင်ရေးလုပ်ငန်းဥပဒေပုဒ်မ ၈၈(က)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ အဆိုပါ...
HomeMoviesဒုသမ္မတ ဂျေဒီ ဗန့်စ်​ရဲ့...

ဒုသမ္မတ ဂျေဒီ ဗန့်စ်​ရဲ့ သတင်းပေါက်ကြားမှု စွပ်စွဲချက်နဲ့ လုံခြုံရေးအဖွဲ့ဝင် Secret Service အေးဂျင့်တစ်ဦး စုံစမ်းစစ်ဆေးခံနေရ

​အမေရိကန် ဒုသမ္မတ ဂျေဒီ ဗန့်စ် ရဲ့ အထိခိုက်မခံတဲ့ သတင်းအချက်အလက်တွေကို ပေါက်ကြားစေခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးဟာ တာဝန်ကနေ ခေတ္တဆိုင်းငံ့ခံထားရပြီး စုံစမ်းစစ်ဆေးခံနေရတယ်လို့ အမေရိကန် Secret Service (USSS) က ပြောပါတယ်။

​ဘာအချက်အလက်တွေ ပေါက်ကြားသွားတယ်ဆိုတာကို အသေးစိတ် မထုတ်ပြန်သေးပေမဲ့ အဆိုပါ အေးဂျင့်ဟာ “လုပ်ငန်းဆောင်ရွက်မှုနဲ့ သတင်းအချက်အလက် လုံခြုံရေးကို ထိခိုက်စေခဲ့တယ်” ဆိုတဲ့ စွပ်စွဲချက်တွေ အပါအဝင် “ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု” နဲ့ ရင်ဆိုင်ရနိုင်တယ်လို့ Secret Service က ပြောပါတယ်။

​”စောင့်ရှောက်ရမယ့်သူရဲ့ လုံခြုံရေးကို ထိခိုက်စေနိုင်တဲ့ ဘယ်လိုပြုမူဆောင်ရွက်မှုကိုမဆို လုံးဝ ခွင့်လွှတ်သည်းခံမှာ မဟုတ်ပါဘူး” လို့ Secret Service ရဲ့ ပြောရေးဆိုခွင့်ရှိသူ Anthony Guglielmi က ပြောခဲ့ပါတယ်။

​အိမ်ဖြူတော်ကတော့ ဒီစုံစမ်းစစ်ဆေးမှုနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ငြင်းဆိုထားပါတယ်။

​Guglielmi ဟာ ဘာအချက်အလက်တွေ ပေါက်ကြားခဲ့လဲဆိုတာကိုတော့ ထုတ်ပြောခဲ့ခြင်း မရှိပါဘူး။

​ဒါပေမဲ့ ပြီးခဲ့တဲ့အပတ်က အမေရိကန် ရုပ်သံကွန်ရက် MS NOW က ဗန့်စ်ရဲ့ မိသားစု ခရီးစဉ်တွေနဲ့ ပတ်သက်လို့ လုံခြုံရေးအဖွဲ့ထဲက အချို့က မကျမနပ်ဖြစ်နေကြတယ်ဆိုတဲ့ သတင်းကို အမည်မဖော်လိုတဲ့ သတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။ CNN ရဲ့ အဆိုအရ အေးဂျင့် ရာထူးကနေ ဆိုင်းငံ့ခံရတာဟာ အဲဒီသတင်းဖော်ပြချက်နဲ့ တိုက်ရိုက်ဆက်စပ်နေတာ ဖြစ်ပါတယ်။

​MS NOW ရဲ့ ဖော်ပြချက်အရ ဗန့်စ်ရဲ့ သားငယ်လေး ဂေါက်ရိုက်သင်တန်းသွားတက်ဖို့ စစ်တပ်ဟယ်လီကော်ပတာ စီးနင်းဖို့ စီစဉ်မှုနဲ့ ဗန့်စ်တို့မိသားစု ဝါရှင်တန်ဒီစီ ဧရိယာမှာ အိမ်လိုက်ကြည့်တဲ့ ခရီးစဉ် အပါအဝင် အချို့သော ခရီးစဉ်တွေနဲ့ ပတ်သက်ပြီး အေးဂျင့်တွေက အတွင်းပိုင်းမှာ စိုးရိမ်မကင်းဖြစ်ကြောင်း မကျမနပ် ပြောဆိုခဲ့ကြတာဖြစ်ပါတယ်။

ဗန့်စ်နဲ့ သူ့မိသားစုဟာ ၂၄ နာရီပတ်လုံး Secret Service ရဲ့ လုံခြုံရေး စောင့်ရှောက်မှုကို ယူရတာ ဖြစ်ပါတယ်။

​ဒီသတင်းဖော်ပြချက်ကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

​ဒီဖြစ်စဉ်ဟာ သမ္မတ ဒေါ်နယ်ထရမ့် အပါအဝင် အေဂျင်စီက စောင့်ရှောက်ပေးရသူတွေအပေါ် ခြိမ်းခြောက်မှုတွေ အဆမတန် မြင့်တက်လာနေကြောင်း အရာရှိတွေက သတိပေးနေချိန်မှာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

​ဗုဒ္ဓဟူးနေ့မှာ Secret Service ညွှန်ကြားရေးမှူး Sean Curran က အေဂျင်စီအနေနဲ့ သူ တာဝန်ထမ်းဆောင်ခဲ့တဲ့ ၂၄ နှစ်တာ ကာလအတွင်း အန္တရာယ်အရှိဆုံး ခြိမ်းခြောက်မှု ပတ်ဝန်းကျင်မှာ လှုပ်ရှားနေရတာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။

​ဧပြီလမှာ မူလပြုလုပ်ဖို့ စီစဉ်ထားတဲ့ အိမ်ဖြူတော် သတင်းထောက်များ ညစာစားပွဲဟာ လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းမှု စွပ်စွဲချက်ကြောင့် ရောထွေးရှုပ်ထွေးသွားခဲ့ရပြီး အခုလာမယ့် သောကြာနေ့ကို ပြန်လည်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။ အဆိုပါပွဲ မတိုင်မီ သတင်းထောက်တွေကို ပြောကြားရာမှာ Curran က Secret Service ရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှု ပမာဏဟာ “မတရား မြင့်မားနေတယ်” လို့ ပြောဆိုခဲ့ပါတယ်။

​”အခြေအနေတွေက အရမ်းကို မငြိမ်မသက်ဖြစ်နေပြီး ဒါဟာ နယ်ပယ် အသီးသီးမှာ ဖြစ်ပေါ်နေတာပါ” လို့ Curran က ပြောပါတယ်။ “ခြိမ်းခြောက်မှု အခြေအနေနဲ့ ပတ်ဝန်းကျင်ဟာ ကျွန်တော် မြင်ဖူးသမျှထဲမှာ အကြီးမားဆုံးပါပဲ။”

​အေးဂျင့်တွေဟာ ဇန်နဝါရီလကတည်းကစပြီး ခြိမ်းခြောက်မှုပေါင်း ၁၀,၀၀၀ နီးပါးကို စုံစမ်းစစ်ဆေးမှုတွေ စတင်ပြုလုပ်ခဲ့ရပါတယ်။

​ဒီလို မြင့်တက်လာတာဟာ အွန်လိုင်း ခြိမ်းခြောက်မှု‌တွေ၊ တစ်ဦးတည်း လုပ်ဆောင်သူတွေ၊ သဘောတရားရေးရာ အစွန်းရောက်မှုတွေ၊ ပြည်ပ ရန်သူတွေနဲ့ စိတ်ကျန်းမာရေး ပြဿနာ ရင်ဆိုင်နေရသူတွေ အစရှိတဲ့ အကြောင်းအရင်းများ ပေါင်းစပ်မှုကြောင့် ဖြစ်တယ်လို့ အရာရှိတွေက ပြောပါတယ်။

​မူလ ပင်မ အရင်းအမြစ်ဖြစ်ခဲ့တဲ့ လက်ရေးစာမူတွေနဲ့ အခြား သာမန်ဆက်သွယ်ရေး ပုံစံတွေနေရာမှာ အစားထိုးပြီး အခုအခါ ခြိမ်းခြောက်မှု အများစုဟာ အွန်လိုင်းကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့လည်း သူတို့က ဆက်လက် ပြောကြားခဲ့ပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

(၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ၌ မြန်မာအမျိုးသမီး ဘောလုံးအသင်း အဖွင့်ပွဲအဖြစ် တောင်ကိုရီးယားနှင့် ယှဉ်ပြိုင်ရမည်​ရန်ကုန်၊ ဇူလိုင် ၂၄​ဂျပန်နိုင်ငံ၌ ကျင်းပမည့် (၂၀) ကြိမ်မြောက် အာရှအားကစားပြိုင်ပွဲ (20th Asian Games) အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်ဇယား ထွက်ပေါ်လာခဲ့ရာ မြန်မာအမျိုးသမီး လက်ရွေးစင်ဘောလုံးအသင်းသည် အဖွင့်ပွဲစဉ်အဖြစ်...

မြန်မာအသင်းသည် အုပ်စု (B) တွင် တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် အတူကျရောက်နေပြီး အဖွင့်ပွဲစဉ်ကို စက်တင်ဘာ ၁၄ ရက်၌ Osaka မြို့ရှိ Nagai Stadium တွင် တောင်ကိုရီးယားအသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယင်းနောက် ဒုတိယအုပ်စုပွဲစဉ်အဖြစ် စက်တင်ဘာ ၁၇ ရက်တွင် မြောက်ကိုရီးယားအသင်း၊ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် စက်တင်ဘာ ၂၁ ရက်တွင် ဘင်္ဂလားဒေ့ရှ်အသင်းတို့နှင့် Nagai Stadium ၌ပင် ဆက်လက်ယှဉ်ပြိုင် ကစားသွားရမည်ဖြစ်သည်။ ယခုနှစ် အာရှအားကစားပြိုင်ပွဲ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင် ၁၂...

သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးစတင်ကျင်းပမည်

လာမည့် သြဂုတ် ၁၀ ရက်နံနက် ၁၀ နာရီ၌ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကို ပြည်နယ်လွှတ်တော်ရုံးတွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၁၇၄၊ ၂၀၁၃ ခုနှစ်၊ တိုင်း (သို့) ပြည်နယ်လွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၃၀ နှင့် ၂၀၁၃ ခုနှစ်၊ ကရင်ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ ၃၊ နည်းဥပဒေခွဲ(ခ)တို့အရ တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော် တတိယပုံမှန်အစည်းအဝေးကျင်းပမည့်ရက်ကို အသိပေးကြေညာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမြန်လမ်းတွင် အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်တိမ်းမှောက် (၃)ဦးဒ-ဏ်ရာရ

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးတွင် ယနေ့ ဇူလိူင် ၂၄ ရက်နံနက် ၆ နာရီခွဲကျော်ခန့်က အိမ်စီးကားအရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းပေါ်၌တိမ်းမှောက်ခဲ့မှုဖြစိပွားခဲ့ကြောင်း သိရသည်။ နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့မောင်းနှင်လာသော အမြန်လမ်းမကြီးအတိုင်းမောင်းနှင်လာသော အိမ်စီးကားသည် မိုင်တိုင်အမှတ် ၆၆/၀ နှင့် ၆၆/၁ ကြားအရောက် အရှိန်မထိန်းနိုင်ဘဲလမ်းလယ်ကျွန်းပေါ်သို့ရောက်ရှိကာတိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။ ဖြစ်စဥ်ကြောင့် အမျိုးသား(၂)ဦးနှင့် အမျိုးသမီး(၁)ဦးတို့တွင် ထိခိုက်ဒ-ဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့သဖြင့် ၁၉၂ သူနာတင်ယာဉ်ဖြင့် မြို့ချောင်းတိုက်နယ်ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071