၁၉၇၀ ပြည့်နှစ်ကျော်လောက်က လူတိုင်းအားကျခဲ့ရတဲ့ “The Beast” လို့ခေါ်တဲ့ နာမည်ကျော် ရိုးစ်ရွိုက်စ်ကားဟာ ဒုတိယကမ္ဘာစစ်သုံး လေယာဉ်အင်ဂျင်နဲ့ ဖန်းတီးထားတဲ့ ကားတစ်စီးဖြစ်ပါတယ်။
ရိုးစ်ရွိုက်စ်ကနေ ထုတ်လုပ်ပေးတဲ့ V12 လေယာဉ်အင်ဂျင်ကို တပ်ဆင်ထားတဲ့ “The Beast” ဟာ မြင်းကောင်ရေ ၇၅၀ အားရှိပြီး ဆီစား အလွန်ကြမ်းပါတယ်။ ၂ ဒသမ ၃၅ မိုင်ကို ဆီတစ်ဂါလံလောက် စားတယ်လို့ သိရပါတယ်။
“The Beast “ကို ၁၉၇၂ ခုနှစ်မှာ ကားဂီယာပိုင်းဆိုင်ရာ ကျွမ်းကျင်သူ ဂျွန်ဒေါ့က လေယာဉ်အင်ဂျင်မသုံးမီ တင့်ကားအင်ဂျင်နဲ့ ပထမဆုံး ဖန်းတီးခဲ့တာပါ။ ကားရဲ့ အသွင်အပြင်နဲ့ သုံးထားတဲ့ အင်ဂျင်ကြောင့် လူအတော်များများရဲ့ အာရုံစိုက်တာခံခဲ့ရပြီး ဥရောပတစ်ခွင်က တီဗွီရှိုးတွေမှာတောင် ဖော်ပြခံခဲ့ရပါတယ်။
ဒါပေမဲ့ ၁၉၇၄ ခုနှစ်မှာ ကားပြပွဲတစ်ခုကနေ ပြန်သယ်လာတဲ့ လမ်းခရီးမှာ ရစရာမရှိအောင် မီးလောင်သွားခဲ့ပါတယ်။ ဒါကြောင့် ဒေါ့ဟာ အဲကားနဲ့ တစ်ပုံစံတည်းတူတဲ့ ကားကို ပြန်လည်ဖန်တီးခဲ့ပြီး ဒီတစ်ခါမှာတော့ ဒုတိယကမ္ဘာစစ်လက်ကျန် တိုက်လေယာဉ်တစ်စီးရဲ့ အင်ဂျင်ကို အသုံးပြုခဲ့ပါတယ်။
အဲဒီနောက် “The Beast” ဟာ ၁၉၇၇ ခုနှစ်မှာ ကမ္ဘာ့စွမ်းအားအကြီးဆုံးကား အဖြစ် ဂင်းနစ်စံချိန်တင်နိုင်ခဲ့ပါတယ်။ ဒေါ့ဆုံးသွားပြီးတဲ့နောက် “The Beast” ကို မိသားစုဝင်များက လေလံတင်ခဲ့ပြီး ဒေါ်လာ ၈ သောင်း ၇ ထောင်ကျော်နဲ့ အရောင်းထွက်ခဲ့တယ်လို့ သိရပါတယ်။
Source: Odditycentral


