Wednesday, June 4, 2025

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့်...

ဒုတိယအကြိမ် Speed Boat အသုံးပြု...

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား...

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃ ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာရန် အကြံပြုထားကြောင်းသိရသည်။ ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက်...

ရုရှား-ယူကရိန်းဆွေးနွေးပွဲ ရလဒ်ကောင်းများဖြင့် အဆုံးသ-တ်ခဲ့

အစ္စတန်ဘူလ်၊ဇွန် ၂ တုကီယေး၏ကြားဝင်စေ့စပ်မှုဖြင့် အစ္စတန်ဘူလ်၌တွေ့ဆုံဆွေးနွေးခဲ့ကြသည့် ရုရှားနှင့်ယူကရိန်းတို့ဆွေးနွေးမှုတွင် ရလဒ်ကောင်းများရရှိခဲ့သည်ဟု သက်ဆိုင်ရာ အရာရှိများကပြောကြားခဲ့ပြီး အထူးသဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များတွင် အပြုသဘောဆောင်သည့်ရလဒ်များရခဲ့သည်ဟုလည်း ဆိုခဲ့သည်။ တံခါးပိတ်ဆွေးနွေးခဲ့သည့် ဆွေးနွေးမှု၏ရလဒ်သည် မကောင်းသည့်ရလဒ်ဖြင့်...
HomeNewsLocal Newsဒုဌဝတီမြစ် အတွင်း အသက်...

ဒုဌဝတီမြစ် အတွင်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ရေနစ်သေဆုံး

မန္တလေးတိုင်းရှိ ဒုဌဝတီမြစ်အတွင်း အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦး ယနေ့နေ့လည်က ရေနစ်သေဆုံးသွားကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။

ပုလိပ်မြို့အနီး ဒုဌဝတီမြစ်အတွင်း အသက် (၁၈) နှစ်ခန့်အရွယ်ရှိ လူငယ်တစ်ဦးသည် ယနေ့ ဖေဖော်ဝါရီ ၂၁ ရက် နေ့လည် ၁ နာရီခန့်တွင် ရေနစ်သွားခဲ့ကြောင်း သတင်းရခဲ့သည့်အတွက် ရေငုပ်ရှာဖွေကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရသည်။

ရှာဖွေကယ်ဆယ်ရေးအဖွဲ့များ အခင်းဖြစ်ပွားရာနေရာသို့ နေ့လည် ၁ နာရီ ၁၅ မိနစ်တွင် အခင်းဖြစ်နေရာသို့ ရောက်ရှိခဲ့ပြီး ရေငုပ်သမား (၂) ဦးဖြင့် စတင် ရေငုပ်ရှာဖွေခဲ့ရာ နေ့လည် ၂ နာရီ ၂၇ မိနစ်တွင် အလောင်းအား ရေအောက်ကြမ်းပြင် မှ ဆယ်တင်ပေးခဲ့ခြင်းဖြင့် မိသားစုဝင်တစ်ဦး ရေအောက်၌ ပျောက်ဆုံးနေသော အပူမီးကို မပုပ်ပွခင် တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (မန္တလေးတိုင်းရုံး) ရေငုပ်ကယ်ဆယ်ရေးအဖွဲ့က ဆိုသည်။

ဓာတ်ပုံ – Myanmar Rescue Diver Team

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ အစိုးရပါဠိ ပထမပြန်စာမေးပွဲများပြန်လည်ဖြေဆို

ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် လှိုင်းဘွဲ့မြို့နယ်တို့၌ ယာယီရပ်နားထားခဲ့ရသော သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှကြီးမှူးကျင်းပသည့် အစိုးရပါဠိ ပထမပြန်စာမေးပွဲ၏ ပထမနေ့အား ယနေ့ ဇွန် ၄ ရက်မွန်းတည့် ၁၂ နာရီက စတင်ဖြေဆိုခဲ့ကြကြောင်း သိရသည်။ မြဝတီမြို့၊ ရွှေမြင်းဝန်စေတီတော်အတွင်းရှိ သာသနာ့ဟိတကာရီဗိမာန်တော်စာဖြေဌာန၌ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်းတို့တွင် သံဃာတော်(၉၄)ပါး၊ သီလရှင် (၄၈)ပါး(စုစုပေါင်း ၁၄၂ ပါး)ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြကြောင်း သိရသည်။ ထို့ပြင် လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ကျင်းပသည့် အစိုးရပါဠိပထမပြန်စာမေးပွဲတွင်လည်း ပထမကြီးတန်းတွင် သံဃာတော်(၁)ပါး၊ ပထမလတ်တန်းတွင် သံဃာတော် (၄)ပါး၊ ပထမငယ်တန်းတွင် သံဃာတော်(၁၆)ပါး၊...

ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်း ကယ်ဆယ်သမား(၅၀)ဦး ထပ်မံတက်ရောက်မည်

မန္တလေးတိုင်း၊ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့မှ ကြီးမှူး၍ ဒုတိယအကြိမ် Speed Boat အသုံးပြု ရေပြင်ကယ်ဆယ်ရေးသင်တန်းကို ဇွန်လ (၁၁)ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ကယ်ဆယ်သမား (၅၀)ဦး တက်ရောက်သင် ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ ဇွန်လ (၁၁)ရက်မှ (၁၅) ရက်အထိ (၅) ရက်ကြာ သင်တန်းပို့ချသွားမည်ဖြစ်ကာ ကယ်ဆယ်ရေးသုံး Speed Boat အမျိုးအစားများအကြောင်း၊ တစ်ဦးခြင်း (သို့)အုပ်စုဖွဲ့ မောင်းနှင်ခြင်း စာတွေ့သင်ခန်းစာများ၊ ကယ်ဆယ်ရေးသုံးအင်ဂျင်များအကြောင်း၊ ကယ်ဆယ်ရေးသုံး အင်ဂျင်များပြုပြင်ခြင်း၊ ရေပြင်ကယ်ဆယ်ရေး ဆောင်ရွက်နေစဉ် ဖြစ်ပွားတတ်သော အခက်အခဲများအား ဖြေရှင်းနည်းကို...

ဖိလစ်ပိုင်လူငယ်များ HIV ကူးနှုန်းအဆမတန်မြင့်တက်လာ၍အရေးပေါ်အခြေအနေသတ်မှတ်ထား

မနီလာ၊ဇွန် ၃ ဖိလစ်ပိုင်လူငယ်များအကြား၌ HIV ရောဂါကူးစက်မှုနှုန်းသည် ၅၀၀ ရာခိုင်နှုန်းအထိရှိလာနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါရောဂါကို နိုင်ငံတော်ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေငြာရန် အကြံပြုထားကြောင်းသိရသည်။ ကျန်းမာရေးဌာနအတွင်းဝန်ကမူ ရောဂါကူးစက်မှုသည် အသက် ၁၅ မှ ၂၅ ကြားလူငယ်များအတွင်း၌ ပိုမိုမြန်ဆန်များပြားနေသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။ ယခုနှစ် ဇန်နဝါရီလမှ မတ်လအထိကာလအတွင်း နေ့စဉ် HIV ကူးစက်နှုန်းသည် ၅၇ ဦးအထိဖြစ်ခဲ့ပြီး အနောက်ပစိဖိတ်ဒေသတွင် အမြင့်ဆုံးဖြစ်ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ဖော်ပြခဲ့သည်။ ကျန်းမာရေးဌာန၏ ကိန်းဂဏန်း အချက်အလက်များအရ အသစ်ထပ်မံတွေ့ရှိရသည့် HIV ကူးစက်မှုများသည် ပြီးခဲ့သည့်ဆယ်နှစ်ကထက် နှစ်ဆကျော်မြင့်တက်လာကြောင်းသိရပြီး ၂၀၁၄ ခုနှစ်အထိ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071