Thursday, February 19, 2026

လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲပြုလုပ်ခဲ့သည့် USDP ပါတီ

လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌဦးခင်ရီ ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၉ နာရီမှ ည နေ ၄...

ရွှေတိဂုံစေတီတော်၏ မသိုးရွှေသင်္ကန်းယက်လုပ်ပူဇော်ပွဲမှလွှင့်တင်ခဲ့သည့် အလံရရှိသည့်မိသားစုအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းချီးမြှင့်

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ မသိုးရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် မိုးပျံပူဖောင်းများထဲ၌ ဂုဏ်ပြုဆုငွေထုတ်ယူနိုင်သော ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တံဆိပ်ပါ အလံတစ်ခုအားထည့် သွင်းလွှင့်တင်ခဲ့သည်။ အဆိုပါ အလံအား ပဲခူးတိုင်း၊ ဇောင်းတူကျေးရွာရှိ တောတွင်းတစ်နေရာမှတွေ့ရှိကြောင်း ဖေဖော်ဝါရီ...

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless...

ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေပြည်သူများအထိ ဘဏ္ဍာရေး အခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှုရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless...

ဧရာဝတီတိုင်းအတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးကြရန် တိုင်းဒေသကြီး...

ဧရာဝတီတိုင်းအတွင်း မြေပဲ၊ နှမ်း၊ နေကြာ၊ ပန်းနှမ်း၊ ပဲပုတ် အစရှိသည့် ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးရန် ဖြစ်ထွန်းအောင်မြင်မည့် မြေနေရာများရရှာဖွေဆောင်ရွက်ရန်နှင့် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး...
HomeInternationalဒီယေဂိုဂါးရှားကျွန်း ငှားရမ်းမှုနှင့်ပတ်သက်၍ဗြိတိန်ကိုထရမ့်ပ်ဝေဖန်

ဒီယေဂိုဂါးရှားကျွန်း ငှားရမ်းမှုနှင့်ပတ်သက်၍ဗြိတိန်ကိုထရမ့်ပ်ဝေဖန်

ဝါရှင်တန်၊ ဖေဖော်ဝါရီ ၁၈ ရက်

အိန္ဒိယသမုဒ္ဒရာရှိ ချားဂိုးစ်ကျွန်းစုတွင် တည်ရှိပြီး အမေရိက-ဗြိတိန်တို့အတွက် အဓိကကျသော စစ်အခြေစိုက်စခန်းဖြစ်သည့် ဒီယေဂိုဂါးရှားကျွန်းကို ဗြိတိန်၏ ငှားရမ်းမှုအစီအစဉ်သည် “အမှားကြီးတစ်ခု” ဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။ အီရန်နှင့် တင်းမာမှုများ မြင့်တက်လာပါက အဆိုပါကျွန်းသည် အလွန်အရေးပါလာနိုင်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

၂၀၂၅ ခုနှစ် မေလတွင် ကြေညာခဲ့သည့် သဘောတူညီချက်အရ ဗြိတိန်သည် ချားဂိုးစ်ကျွန်းစု၏ အချုပ်အခြာအာဏာကို မောရစ်ရှနိုင်ငံထံ လွှဲပြောင်းပေးရန် သဘောတူခဲ့ပြီး ဒီယေဂိုဂါးရှားကျွန်းကိုမူ တစ်နှစ်လျှင် ဗြိတိန်ပေါင် ၁၀၁ သန်း (အမေရိကန်ဒေါ်လာ ၁၃၆ သန်း) ဖြင့် ၉၉ နှစ်ကြာ ပြန်လည်ငှားရမ်းရန် သဘောတူညီခဲ့သည်။

၁၉၆၅ ခုနှစ်တွင် ဗြိတိန်သည် ထိုစဉ်က ၎င်း၏ ကိုလိုနီနယ်မြေဖြစ်သော မောရစ်ရှနိုင်ငံထံမှ အဆိုပါကျွန်းစုကို ခွဲထုတ်ကာ ဗြိတိသျှအိန္ဒိယသမုဒ္ဒရာနယ်မြေအဖြစ် သတ်မှတ်ခဲ့သည်။ ၁၉၆၆ ခုနှစ်တွင် ဗြိတိန်သည် ဒီယေဂိုဂါးရှားကျွန်းကို အမေရိကန်-ဗြိတိန် ပူးတွဲစစ်ရေးအဆောက်အအုံအဖြစ် အသုံးပြုရန် အမေရိကသို့ ငှားရမ်းခဲ့သည်။

အီရန်နှင့် နျူကလီးယားဆွေးနွေးပွဲများ ပျက်ပြားသွားပါက အမေရိကအနေဖြင့် “ဒီယေဂိုဂါးရှားကျွန်းကို အသုံးပြုရန် လိုအပ်လာနိုင်သည်” ဟု မှတ်ချက်ပြုရင်း ၎င်းအနေဖြင့် ဗြိတိန်ဝန်ကြီးချုပ် ကီယာ စတာမာ ကို ယခုကဲ့သို့ ငှားရမ်းမှုမျိုး မပြုလုပ်ရန် သတိပေးထားကြောင်း ထရမ့်ပ်က ၎င်း၏ ထရုဆိုရှယ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားခဲ့သည်။

“ဝန်ကြီးချုပ် စတားမားအနေနဲ့ မရေရာတဲ့ နှစ် ၁၀၀ ငှားရမ်းမှုမျိုး လုပ်ဆောင်ပြီး ဒီယေဂိုဂါးရှားအပေါ် ထိန်းချုပ်မှုကို ဘယ်အကြောင်းပြချက်နဲ့မှ အဆုံးရှုံးမခံသင့်ပါဘူး” ဟု ထရမ့်ပ်က ရေးသားခဲ့ပြီး ထိန်းချုပ်မှုမရှိတော့ခြင်းသည် “ကျွန်ုပ်တို့၏ မဟာမိတ်ကြီးအတွက် အမည်းစက်ဖြစ်စေလိမ့်မည်” ဟု သတိပေးခဲ့သည်။

အမေရိကန်အစိုးရက ချားဂိုးစ်ကျွန်းစု၏ အချုပ်အခြာအာဏာကို မောရစ်ရှထံ လွှဲပြောင်းပေးမည့် လန်ဒန်၏ အစီအစဉ်ကို တရားဝင် ထောက်ခံကြောင်း ပြောကြားပြီး တစ်ရက်အကြာတွင် ထရမ့်ပ်၏ ဝေဖန်မှု ထွက်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက “ချားဂိုးစ်ကျွန်းစုနဲ့ ပတ်သက်ပြီး မောရစ်ရှနဲ့ သဘောတူညီချက်ကို ဆက်လက်အကောင်အထည်ဖော်မယ့် ယူကေရဲ့ ဆုံးဖြတ်ချက်ကို ထောက်ခံပါတယ်” ဟု ပြောကြားထားသည်။

ထရမ့်ပ်၏ ဝေဖန်မှုအပေါ် ဗြိတိန်နိုင်ငံခြားရေးရုံးက တုံ့ပြန်ရာတွင် ချားဂိုးစ်ကျွန်းစု သဘောတူညီချက်သည် “ယူကေနှင့် ကျွန်ုပ်တို့၏ အဓိကမဟာမိတ်များ၏ လုံခြုံရေးအတွက်သာမက ဗြိတိန်ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်ပါ အရေးကြီးကြောင်း” ပြောကြားခဲ့သည်။

“အခု ရရှိထားတဲ့ သဘောတူညီချက်ဟာ ဒီအရေးပါတဲ့ စစ်အခြေစိုက်စခန်းရဲ့ ရေရှည်အနာဂတ်ကို အာမခံနိုင်မယ့် တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ်” ဟုသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လစ်ဘရယ်ဒီမိုကရက်ပါတီ ခေါင်းဆောင် အက်ဒ် ဒေဗီ ကမူ ယခုကိစ္စအပေါ် အမေရိကန်၏ “သဘောထား မတည်ငြိမ်မှု” ကို ဝေဖန်ခဲ့ပြီး “ထရမ့်ပ်ကအိမ်ဖြူတော်မှာ ရှိနေသရွေ့” ဗြိတိန်အနေဖြင့် အမေရိကန်အပေါ် အားကိုး၍ မရနိုင်ကြောင်း ပြောကြားခဲ့သည်။

“ဥရောပက ကျွန်ုပ်တို့ရဲ့ အိမ်နီးချင်းတွေကနေ စတင်ပြီး အားကိုးထိုက်တဲ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ခိုင်မာအောင် လုပ်ဆောင်ရမယ့် အချိန်ရောက်ပါပြီ” ဟု ၎င်းက ဆိုသည်။

Ref: ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲပြုလုပ်ခဲ့သည့် USDP ပါတီ

လွှတ်တော်ဆိုင်ရာဆွေးနွေးပွဲတစ်ရပ်ကို ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ(USDP)ဥက္ကဋ္ဌဦးခင်ရီ ဦးဆောင်၍ ယနေ့ ဖေဖော်ဝါရီ ၁၉ ရက်နံနက် ၉ နာရီမှ ည နေ ၄ နာရီအထိ နေပြည်တော်ရှိ USDP ပါတီရုံးချုပ်၌ ကျင်းပခဲ့သည်။ ပါတီဥက္ကဋ္ဌဦးခင်ရီမှ လမ်းညွှန်အမှာစကားပြောကြားပြီး ပါတီအထွေထွေအတွင်းရေးမှူးဦးသောင်းအေးမှ "လွှတ်တော်အတွေ့အကြုံနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ"၊ ​ဗဟိုအလုပ်အမှုဆောင်ဦးမောင်မြင့်မှ "လွှတ်တော်အတွေ့အကြုံနှင့် မေးခွန်းမေးမြန်းခြင်းဆိုင်ရာ ကိစ္စရပ်များ"ကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့ပြင် ​ဗဟိုအလုပ်အမှုဆောင်ဒေါက်တာမောင်သင်းမှ "လွှတ်တော်အတွေ့အကြုံနှင့် အဆိုတင်သွင်းခြင်းဆိုင် ရာကိစ္စရပ်များ"၊ ​ဗဟိုအလုပ်အမှုဆောင်ဦးလှသိန်းမှ "လွှတ်တော်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ"၊ ​ဗဟိုကော် မတီဝင်ဦးသိန်းထွန်းဦးမှ "ဥပဒေကြမ်းပူးပေါင်းကော်မတီဆိုင်ရာကိစ္စရပ်များ"ကိုလည်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြသည်။

ရွှေတိဂုံစေတီတော်၏ မသိုးရွှေသင်္ကန်းယက်လုပ်ပူဇော်ပွဲမှလွှင့်တင်ခဲ့သည့် အလံရရှိသည့်မိသားစုအား ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းချီးမြှင့်

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ မသိုးရွှေသင်္ကန်းကပ်လှူပူဇော်ပွဲအခမ်းအနားဖဲကြိုးဖြတ်ဖွင့်လှစ်ရာတွင် မိုးပျံပူဖောင်းများထဲ၌ ဂုဏ်ပြုဆုငွေထုတ်ယူနိုင်သော ရွှေတိဂုံ စေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့တံဆိပ်ပါ အလံတစ်ခုအားထည့် သွင်းလွှင့်တင်ခဲ့သည်။ အဆိုပါ အလံအား ပဲခူးတိုင်း၊ ဇောင်းတူကျေးရွာရှိ တောတွင်းတစ်နေရာမှတွေ့ရှိကြောင်း ဖေဖော်ဝါရီ ၃ ရက်ကဆက်သွယ်ခဲ့သဖြင့် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အလံတွေ့ရှိသူမိသားစုအား ဖေဖော်ဝါရီ ၈ ရက်၌ တွေ့ဆုံကာ ဂုဏ်ပြုဆုငွေကျပ်(၅)သိန်းအားပေးအပ်ချီးမြှင့်ခဲ့သည်။ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ နှစ်စဉ် တန်ဆောင်မုန်း လပြည့်နေ့မတိုင်မှီ အဖိတ်နေ့မှစတင်၍ မသိုးရွှေသင်္ကန်းယက်လုပ်ပြီး လပြည့်နေ့ အာရုဏ်မတက်မှီတွင် အဆူဆူသောဘုရားရှင်တို့အား မသိုးရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကိုနှစ်စဉ်ကျင်းပခဲ့ရာ၂၀၂၅ ခုနှစ်၊ တန်ဆောင်းမုန်းလပြည့်နေ့တွင် (၃၇)ကြိမ်မြောက်ရှိပြီဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless Payment System) ဆောင်ရွက်လျက်ရှိ

ဘဏ်ဝန်ဆောင်မှု လက်လှမ်းမမီသည့် ကျေးလက်နေပြည်သူများအထိ ဘဏ္ဍာရေး အခွင့်အလမ်းများကို သုံးစွဲလာနိုင်ခြင်း၊ ငွေကြေးလွှဲပြောင်းမှုများတွင် ပွင့်လင်းမြင်သာမှုရှိလာခြင်း စသည့်အကျိုးကျေးဇူးများ ရရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်ရင်ဘောင်တန်းနိုင်ရန် ငွေသားမဲ့ငွေပေးချေမှုစနစ် (Cashless Payment System) ဆောင်ရွက်လျက်ရှိပြီး ယင်းသို့ ငွေသားမဲ့ငွေပေးချေမှုစနစ် Cashless Society ကို စနစ်တကျ အောင်မြင်အောင် ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတကာတွင်ဆောင်ရွက်အောင်မြင်နေသည့် အိန္ဒိယ၊ ထိုင်းနှင့် စင်ကာပူတို့ကို လေ့လာ၍ အားသာချက်များ အားလုံးကို စုစည်းဆောင်ရွက်နိုင်ခဲ့ကြောင်း ဗဟိုဘဏ်က ဖေဖော်ဝါရီ ၁၉ ရက်တွင် ထုတ်ပြန်ထားသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံတကာနှင့်အညီ ရင်ဘောင်တန်းနိုင်ရန်အတွက်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071