Sunday, June 8, 2025

ဧပြီလတွင် ရွေးကောက်ပွဲ ကျင်းပမည်–ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်

ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ပြု-တ်ကျစေခဲ့သည့် ၂၀၂၄ ခုနှစ်က ကျောင်းသားထုဦးဆောင်သော မငြိမ်သက်မှုများဖြစ်ခဲ့ပြီးနောက်ပိုင်း တက်လာသည့် ရွေးကောက်ခံမဟုတ်သော ကြားဖြတ်အစိုးရသက်တမ်းကာလအပြီးတွင် နိုင်ငံတော်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ်...

အမေရိက၏ ခရီးသွားလာခွင့်ပိတ်ပင်မှုသည်လူမျိုးရေးခွဲခြားသည့် သဘောဖြစ်-အီရန်

အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံအများစုမှ နိုင်ငံသားများနှင့် အီရန်နိုင်ငံသားများကို အမေရိကပြည်ဝင်ခွင့် ပိ-တ်ပင်ခဲ့ခြင်းကို အီရန်အစိုးရက စနေနေ့(ဇွန်လ ၇ ရက်နေ့) တွင် ရှု-တ်ချလိုက်ပြီး ဝါရှင်တန်၏...

ပုဒ်မ ၃၃ သည် ပိတ်ဆို့အရေးယူမှု...

ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို မြန်မာနိုင်ငံက ဆက်လက်၍ မလိုက်နာခြင်းကို တုံ့ပြန်ရန်ကော်မတီက ချမှတ်ခဲ့အပေါ် နိုင်ငံများက...

ထိုင်းမှာ မိုးကြီးနေသောကြောင့် ရေလွှမ်းမိုးမည့် အန္တရာယ်ရှိနေ

ထိုင်းနိုင်ငံတစ်ဝန်းတွင် ဇွန်လ ၇ ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးပိုမိုရွာသွန်းနိုင်ပြီး အထူးအားဖြင့် အရှေ့ပိုင်းနှင့် ကပ္ပလီကမ်းရိုးတန်းတလျှောက်တွင် မိုးကြီးနိုင်သည်ဟု ထိုင်းမိုးလေဝသဌာနက စနေနေ့တွင်...
HomeNewsLocal Newsဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက်...

ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စု ဖြစ်ပေါ်လာရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းအား အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်မည်

ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတစ်ခု ဖြစ်ပေါ်လာရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။

ဇန်နဝါရီ ၂၀ ရက်ကပြုလုပ်သည့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ ဗဟိုသန်းခေါင် စာရင်းကော်မရှင်၏ ပထမအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေး၌ ဗဟိုသန်းခေါင်စာရင်းကော်မရှင် နာယက၊ နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အထူးအားဖြင့် စစ်မှန်ပြီးစည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီဖြစ်ပေါ်လာစေဖို့ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုဖြစ်ပေါ်လာစေဖို့အတွက်အခြေခံအကျဆုံးဖြစ်ပြီး တိကျမှန်ကန်တဲ့ လူဦးရေနဲ့လူမှုစီးပွားရေးအခြေအနေတွေကို အုပ်ချုပ်မှုဒေသ အသေးငယ်ဆုံးအဆင့်ထိရရှိနိုင်ဖို့ သန်းခေါင်စာရင်းကို မဖြစ်မနေကောက်ယူရမှာဖြစ်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြော သည်။

ထို့ကြောင့် ၂၀၂၄ ခုနှစ်၊လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနိုင်ရန် နစက က လမ်းညွှန်ခွင့်ပြုခဲ့ပြီး၍ နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးထားဆောင်ရွက်သွားကြရမည်ဟု မှာကြားသည်။

၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရသည့် ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သည့် လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရရှိရန်ဖြစ်ကြောင်း ၎င်းကဆိုသ ည်။

ထို့အပြင် ၂၀၁၄ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်ကြား မြန်မာနိုင်ငံ၏ လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာပြောင်းလဲမှုများကို နှိုင်းယှဉ်လေ့လာ သုတေသနပြုလုပ်ပြီး လိုအပ်သည့်မူဝါဒများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများချမှတ်နိုင်ရန်၊ကဏ္ဍအလိုက် ချမှတ်ဆောင်ရွက်မည့် စီမံကိန်းများကို အထောက်အကူပြုနိုင်ရန်အတွက်လည်း ဖြစ်ကြောင်း ထည့်သွင်းပြောကြားသွားသည်။

“သန်းခေါင်စာရင်းကရရှိလာတဲ့ အချက်အလက်တွေဟာ နိုင်ငံတော်အစိုးရ၊ဝန်ကြီးဌာနအားလုံး၊တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့တွေ ပြည်သူပြည်သားအားလုံးနဲ့သက်ဆိုင်ပါတယ်”ဟု နစက ဒု-ဥက္ကဋ္ဌက ပြောသည်။

၂၀၂၄ ခုနှစ်တွင် ကောက်ယူမည့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရာတွင် နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်နိုင်ရေးကို အလေးထားဆောင်ရွက်ရမည်ဖြစ်ပြီး ရရှိလာသည့် ရလဒ်များသည် နိုင်ငံတော်အဆင့် အရေးကြီးပြီး အသုံးဝင်သည့် အချက်အလက်များဖြစ်၍ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းစဉ်အား နိုင်ငံတော်၏ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူကာ အောင်မြင်အောင်ဆောင်ရွက်သွားရမည်ဟုလည်း မှာကြားခဲ့သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဧပြီလတွင် ရွေးကောက်ပွဲ ကျင်းပမည်–ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်

ယခင်ဝန်ကြီးချုပ် ရှိတ်ဟာစီနာကို ပြု-တ်ကျစေခဲ့သည့် ၂၀၂၄ ခုနှစ်က ကျောင်းသားထုဦးဆောင်သော မငြိမ်သက်မှုများဖြစ်ခဲ့ပြီးနောက်ပိုင်း တက်လာသည့် ရွေးကောက်ခံမဟုတ်သော ကြားဖြတ်အစိုးရသက်တမ်းကာလအပြီးတွင် နိုင်ငံတော်ရွေးကောက်ပွဲကို ၂၀၂၆ ခုနှစ် ဧပြီလ ပထမလဝက်တွင် ကျင်းပသွားမည်ဟု ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရဝန်ကြီးချုပ်က သောကြောနေ့တွင် ပြောကြားခဲ့သည်။ ၎င်း၏ အစိုးရအဖွဲ့ကို ဆန့်ကျင်သော လူများလမ်းပေါ်ထွက်ဆန္ဒပြပွဲများကြောင့် ဟာစီနာသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးခဲ့ရပြီး သြဂုတ်လမှစတင်ကာ လူဦးရေ ၁၇၃ သန်းခန့်နေထိုင်သော တောင်အာရှနိုင်ငံကို နို့ဘဲလ်ငြိမ်းချမ်းရေးဆုရှင် မိုဟာမက်ယူနွတ်စ်ဦးဆောင်သည့် အစိုးရအဖွဲ့က အုပ်ချုပ်နေသည်။ သို့သော်လည်း ယူနွတ်အစိုးရကိုယ်တိုင်သည်လည်း မကြာသေးမီရက်သတ္တပတ်များအတွင်း ပြင်းထန်သော မကျေနပ်ချက်များနှင့် ရင်ဆိုင်ခဲ့ရပြီး...

အမေရိက၏ ခရီးသွားလာခွင့်ပိတ်ပင်မှုသည်လူမျိုးရေးခွဲခြားသည့် သဘောဖြစ်-အီရန်

အရှေ့အလယ်ပိုင်းနှင့် အာဖရိကနိုင်ငံအများစုမှ နိုင်ငံသားများနှင့် အီရန်နိုင်ငံသားများကို အမေရိကပြည်ဝင်ခွင့် ပိ-တ်ပင်ခဲ့ခြင်းကို အီရန်အစိုးရက စနေနေ့(ဇွန်လ ၇ ရက်နေ့) တွင် ရှု-တ်ချလိုက်ပြီး ဝါရှင်တန်၏ အဆိုပါ ဆုံးဖြတ်ချက်သည် လူမျိုးရေးခွဲခြားသည့် သဘောထားလက္ခဏာတစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ကော်လိုရာဒိုပြည်နယ်တွင် အစ္စရေးထောက်ခံသည့် လူထုစုဝေးပွဲတစ်ခုကို မီးလေ-ာင်ဗုံးဖြင့် တို-က်ခို-က်ခံခဲ့ရပြီးနောက် နိုင်ငံတော်လုံခြုံရေးဆိုင်ရာ လိုအပ်ချက်အရဆိုသော ၎င်း၏ ပထမသက်တမ်းအတွင်းက ခရီးသွားလာခွင့် ပိ-တ်ပင်ချက်ကို ပြန်လည်အသက်သွင်းသည့် သမ္မတအမိန့်ကို ဗုဒ္ဓဟူးနေ့တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က လက်မှတ်ရေးထိုးခဲ့သည်။ ဇွန်လ ၉ ရက် နေ့တွင် အသက်ဝင်မည့် အဆိုပါစီမံချက်သည်...

ပုဒ်မ ၃၃ သည် ပိတ်ဆို့အရေးယူမှု ယန္တရားမဟုတ်သည်ကို သတိပြုရန် အရေးကြီးကြောင်းဂျက်ကလင်းပြောကြား

ILO ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၃ အရ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို မြန်မာနိုင်ငံက ဆက်လက်၍ မလိုက်နာခြင်းကို တုံ့ပြန်ရန်ကော်မတီက ချမှတ်ခဲ့အပေါ် နိုင်ငံများက ပြည်သူ့ဘဝ မထိခို-က်စေသည့်နည်းများကိုအကြံပြုခဲ့ကြသည်။ ပုဒ်မ ၃၃ ကို ကျင့်သုံးခြင်းသည် အဖွဲ့အစည်း၏သမိုင်းတွင် ယခုအကြိမ်သည် တတိယအကြိမ်ဖြစ်သည်။ အလုပ်ရှင်များအဖွဲ့သည် ILO ၏ ကြီးကြပ်မှုစနစ်အတွက် ပံ့ပိုးသွားမည်ဟုထပ်‌လေ-ာင်း ကတိပြုကြောင်း ဒုဥက္ကဋ္ဌ ဂျက်ကလင်းက ဇွန် ၅ရက်နေ့ မနက်ပိုင်းက စုံညီဆွေးနွေးငြင်းခုန်ပွဲတွင်ပြောကြားခဲ့သည်။ သို့သော် သတိထားရန်လည်း တိုက်တွန်းထားသည်။ ချမှတ်လိုက်သော အစီအမံများသည် အခြေခံမူ နှင့်ကိုက်ညီရမည်၊ ကျူးလွန်သောပြစ်မှုနှင့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071