Saturday, December 13, 2025

အနုပညာဗဟိုဌာနအား အနုပညာရပ်များပိုမိုဖွံ့ဖြိုးတိုးတက်စေရန် နိုင်ငံတော်မှအလေးထားဆောင်ရွက်နေဟု နိုင်ငံတော်...

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၌ နိုင်ငံတကာအဆင့်မီအနုပညာဗဟိုဌာန(ရန်ကုန်)(Myanmar Art Center- Yangon)အဆောက်အအုံတည်ဆောက်လျက်ရှိရာ နိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ ဒီဇင်ဘာ...

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂)သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲတက်ရောက်

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(မှော်ဘီ)၏ ဘွဲ့ရအမျိုးသမီး ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂) သင်တန်းဆင်းဂုဏ်ပြုညစာစားပွဲကို ယနေ့ ဒီဇင်ဘာ ၁၂ ရက်ညနေပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(မှော်ဘီ) ပြည်ထောင်စုခန်းမ၌ ကျင်းပရာ...

လပွတ္တာမြို့နယ်နေသူများအား ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် သန်းခေါင်စာရင်း၊...

ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်းနေထိုင်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများမှ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် သန်းခေါင်စာရင်း၊ မှတ်ပုံ တင်နှင့် UID များကို...

အင်ဒိုနီးရှားအသင်းကို (၃)ဂိုး (၁)ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့်...

ယနေ့ ဒီဇင်ဘာ (၁၂)ရက် ညနေ (၅)နာရီခွဲအချိန်၌ မြန်မာ့လက်ရွေးစင်ယူ-၂၃ အ မျိုးသားအသင်းနှင့်အင်ဒိုနီးရှား ယူ- ၂၃ အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ပွဲပြီး...
HomeMoviesဒါရိုက်တာသားညီရိုက်ကူးတဲ့ သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထူးခြားတိုက်ဆိုင်မှုများ

ဒါရိုက်တာသားညီရိုက်ကူးတဲ့ သတ်ကွင်းရုပ်ရှင်ဇာတ်ကားကြီးရဲ့ ထူးခြားတိုက်ဆိုင်မှုများ

ကွယ်လွယ်သူ အဆိုတော်၊ သရုပ်ဆောင် မင်းသွေး၊ စည်ဖြိုး၊ နေ ရဲတို့ ခေါင်းဆောင်မင်းသားသုံး ယောက်အနေဖြင့် ရိုက်ကူးခဲ့တဲ့ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကားကြီးရဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲအခမ်းအနား ကို ဒီဇင်ဘာလ ၃ ရက်နေ့က Story Book မှာ ပြုလုပ်ခဲ့ပါတယ်။ စာနယ် ဇင်းရှင်းလင်းပွဲလုပ်ခဲ့တဲ့ ဒီဇင်ဘာ ၃ ရက်နေ့မှာ မင်းသွေးဆုံးပါးတာ ၂ လပြည့်နေ့လည်း ဖြစ်ခဲ့ပါတယ်။ ‘သတ်ကွင်း’ ရုပ်ရှင်ဇာတ်ကား စာနယ်ဇင်း မိတ်ဆက်ပွဲ အခမ်းအနားမှာ ကွယ်လွန်သူမင်းသွေးအတွက် ထိုင်ခုံ တစ်ခုံနေရာလွတ်အဖြစ်ထားကာ ပွဲ ကိုပြုလုပ်ခဲ့ပါတယ်။ ” ‘သတ်ကွင်း’ရုပ် ရှင်ဇာတ်ကားကို ဒါရိုက်တာသားညီ ရိုက်ကူးပြီး အကယ်ဒမီနေတိုး၊ သက်မွန်မြင့်၊ ပိုင်ဖြိုးသုတို့ ဧည့်သည် သရုပ်ဆောင်အနေနဲ့ ပါဝင်ကူညီထားတယ်လို့လည်း သိရပါတယ်။ ညီဖြစ်သူ မင်းသွေးပါဝင်သရုပ်ဆောင် ရိုက်ကူးထားတဲ့ သတ်ကွင်းဇာတ်ကားမှာ ဘာတွေကူညီ ဖြစ်ခဲ့လဲလို့ မေးကြည့်တဲ့ အခါမှာတော့ ကိုနေတိုးက ”ကျွန်တော် ဒီကားထဲမှာ မျိုးနွယ်စုတစ်စုရဲ့ နတ်ဆရာအနေနဲ့ သရုပ်ဆောင်ရမယ်ဆိုတော့ ဒါကိုယ်ကိုယ်တိုင်လည်း မိတ်ကပ်ခြယ်ပြီးတော့ ဒီကာရိုက်တာကို ပါဝင်အားဖြည့် သရုပ်ဆောင် ပေးခဲ့ပါတယ်။ ဒီကားထဲမှာ ပါဝင်တဲ့ မျိုးနွယ်စုတစ်ခုရဲ့ မိတ်ကပ်တွေ အကုန်လုံးကို ကျွန်တော်ပါဝင်ကူညီပြီး လိမ်းချယ်ပေးခွင့်ရခဲ့တယ်ပေါ့။ နောက်တစ်ခုက ဒီဇာတ်ကားကို မရိုက်ခင်အချိန်နဲ့ ရိုက်ကူးပြီးအချိန်ထိ မင်းသွေးကျွန်တော့်ကို အများကြီး ဒီကားနဲ့ပတ်သက်ပြီး အကူအညီ တောင်းခဲ့တာတွေ ရှိပါတယ်” လို့ ပြောပါတယ်။

သတ်ကွင်းဇာတ်ကားကို မင်းသွေး၊ စည်ဖြိုး၊ နေရဲတို့ သုံးယောက်နဲ့ စတင်ရိုက်ကူး ဖြစ်ပုံကိုလည်း စည် ဖြိုးက ”အခုကျွန်တော်တို့ စလုပ်ခဲ့တာက ကိုသားညီရယ် စတင်တိုင်ပင်တော့ ညီလေးနေရဲပါတယ်။ ကျွန် တော်ပါတယ်။ ဦးမော့စ်သား ထိုက်စံမော့စ်ပါခဲ့ပါတယ်။ ထိုက်စံမော့စ် က သူဟာ ဟာသကားပဲ ရိုက်ချင်တယ်ဆိုတဲ့ တခြားအဆင်မပြေတာလေးတွေကြောင့် မပါဖြစ်ခဲ့ဘူး။ အဲဒီအချိန်မှာ ကိုမင်းသွေးနဲ့ တိုက်တိုက်ဆိုင်ဆိုင် ရိုက်ဖြစ်ခဲ့ပါတယ်”လို့ ပြောပါတယ်။

သတ်ကွင်းရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာ ၁၄ ရက်မှ စတင်ပြီး JCGV ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာ ဖြစ်ပါတယ်။

သဲစုလှိုင်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071