ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အကြီးဆုံးလေဆိပ်တွင် ကုန်တင်ကုန်ချအဆောက်အအုံ မီးလေ-ာင်မှုဖြစ်ပွားခဲ့သောကြောင့် ပို့ကုန်အများဆုံးကာလအတွင်း အထည်ချုပ်တင်ပို့သူများသည် ဆိုးဆိုးရွားရွား ဆုံးရှုံးခဲ့သည်။
စနေနေ့ မွန်းလွဲပိုင်းက ဒါကာမြို့တော် Hazrat Shahjalal နိုင်ငံတကာလေဆိပ်၏ ကုန်ချဧရိယာအတွင်း မီးလေ-ာင်သဖြင့်တင်ပို့သူများ ပိုင်ဆိုင်သည့် ကုန်ကြမ်းများ၊ အဝတ်အထည်များနှင့် ကုန်ပစ္စည်းနမူနာများ အများအပြားကို လက်ခံထားရှိရာ သိုလှောင်နေရာများ လေ-ာင်ကျွမ်းခဲ့သည်။
“အထဲမှာ တော်တော်ဆိုးတဲ့ မြင်ကွင်းကို ကျွန်တော်တို့ မြင်ခဲ့ရတယ်” ဟု ဘင်္ဂလားဒေ့ရှ် အထည်ချုပ် လုပ်ငန်းရှင်များနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း(BGMEA) ဒါရိုက်တာ ဖိုင်ဆယ် ဆာမက်က ပြောကြားခဲ့သည်။
“သွင်းကုန်ကဏ္ဍတစ်ခုလုံးကို ပြာအတိဖြစ်သွားစေခဲ့ပါတယ်” ဟု ၎င်းက ပြောခဲ့ကာ ခန့်မှန်းခြေဆုံးရှုံးမှု သည် အမေရိကန်ဒေါ်လာ ၁ ဘီလျံအထိ ရှိနိုင်ကြောင်း ဆိုခဲ့သည်။
တနင်္ဂနွေနေ့တွင် မီးလေ-ာင်သွားသောအဆောက်အအုံ အကြွင်းအကျန်များမှ မီးခိုးများဆက်ထွက်နေဆဲဖြစ်ပြီး မီးသ-တ်သမားများနှင့် လေဆိပ်တာဝန်ရှိသူများက ပျ-က်ဆီးဆုံးရှုံးမှုတန်ဖိုးကို အကဲဖြတ်လျက်ရှိသည်။ ပျ-က်စီးဆုံးရှုံးခဲ့သော ကုန်ပစ္စည်းများတွင် အထည်အလိပ်များ၊ ကုန်ကြမ်းများနှင့် ထုတ်ကုန်နမူနာများအပါအဝင် အရေးပေါ်လေကြောင်းကုန်စည်များဖြစ်ကြောင်း BGME အကြီးတန်း ဒုတိယဥက္ကဌ အီနာမူလ်ဟက်ခန်းက ပြောကြားခဲ့သည်။
နမူနာများ ဆုံးရှုံးခြင်းသည် တစ်နှစ်လျှင် ဒေါ်လာ ၄၇ ဘီလျံရှိသော နိုင်ငံ၏ အရေးကြီး အထည်ချုပ်လုပ်ငန်း၏ အနာဂတ်စီးပွားရေးကို ထိခိုက်စေနိုင်ကြောင်း ၎င်းက သတိပေးခဲ့သည်။ ထို နမူနာများသည် ဝယ်လက်အသစ်များရရှိရေးနှင့် ကုန်အမှာစာများ တိုးချဲ့ရန်အတွက် မရှိမဖြစ်လိုအပ်ကြောင်းနှင့် ထိုအရာများဆုံးရှုံးခဲ့ခြင်းကြောင့် မိမိတို့ အဖွဲ့ဝင်များသည် အနာဂတ်အခွင့်အလမ်းများကို လက်လွတ်ဆုံးရှုံးသွားနိုင်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
Ref: အယ်ဂျာဇီးယား
