မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားစီမံကိန်းလုပ်ငန်းများအားလုံးဒီဇင်ဘာလကုန်တွင်ပြီးစီးနိုင်ရေး ရည်မှန်းချက်ထားကာဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး(ဒလ)တံတားကိုရေယာဉ်များနေ့၊ ညဖြတ်သန်းရာတွင်ရေလမ်းကြောင်းဆိုင်ရာဘေးအန္တရာယ်ကင်းရှင်းရေးကြိုတင်ပြင်ဆင်စီမံမှုများဆောင်ရွက်ထားနိုင်ရန်အလုပ်ရုံဆွေးနွေးပွဲကို မြန်မာဆိပ်ကမ်းအာဏာပိုင်၊သီရိအဏ္ဏဝါခန်းမ၌ကျင်းပရာပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းခန့်လည်းတက်ရောက်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ရန်ကုန်မြစ်ရေလမ်းကြောင်းအတွင်းဖြတ်သန်းသွားလာကြမည့်နိုင်ငံတကာကုန်သွယ် သင်္ဘောကြီးများ၊ကမ်းရိုးတန်းသွားနှင့်မြစ်တွင်းသွားရေယာဉ်များဘေးအန္တရာယ်ကင်းရှင်းစွာဖြတ်သန်းသွားလာနိုင်ရန်စံပြု လုပ်ငန်းစဉ်များနှင့်လုပ်ငန်းလမ်းညွှန်များရေးဆွဲသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
အဆိုပါ စံပြုလုပ်ငန်းစဉ်များနှင့်လမ်းညွှန်ချက်၊စည်းကမ်းချက်များကိုသက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများသို့တင်ပြ၍ ခွင့်ပြုချက်ရယူ၍ Stakeholderများအားလုံးသို့ကျယ်ကျယ်ပြန့်ပြန့် ချပြရှင်းလင်း ဆွေးနွေးပေးခြင်းနှင့် ပညာပေးခြင်း၊တိကျစွာလိုက်နာကျင့်သုံးနိုင်ရေးကြီးကြပ်စီမံခန့်ခွဲခြင်းနှင့်လိုအပ်သည့်အရေးယူမှုများကိုဆောင်ရွက်ခြင်းဖြင့ ရန်ကုန်မြစ်ရေလမ်းကြောင်းတလျှောက်နိုင်ငံတကာကုန်သွယ်သင်္ဘောကြီးများနှင့်ကမ်းရိုးတန်းသွားနှင့် မြစ်တွင်းသွားရေယာဉ်များမြန်မာ-ကိုရီးယားနှစ်နိုင်ငံချစ်ကြည်ရေး(ဒလ)တံတားကိုနေ့၊ ညဖြတ်သန်း သွားလာကြရာတွင်ဘေးအန္တရာယ်ကင်းရှင်းစွာ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။