ရန်ကုန်တိုင်း ဒလမြို့နယ် နှင့် ရန်ကုန်မြို့ကို ဆက်သွယ်ထားသည့် ဒလ တံတားတည်ဆောက်မှု ပြီးစီးခါးနီးချိန် ယခု ဩဂုတ်ထဲတွင် ဒလမြို့နယ် အိမ်ခြံမြေ ဈေးကွက်မှာ သိန်းထောင်သောင်းချီ ဈေးခေါ်မှုများလုပ်ဆောင်နေကြောင်း ဒေသခံများ ထံ က သိရသည်။






သို့သော် အမှန်တကယ်ရောင်းဝယ်မှုများ ဖြစ်ပေါ်နေခြင်း မရှိသော်လည်း ဈေးခေါ်မှုများသာ ရှိနေကြောင်း ဒေသခံများ က ပြောသည်။
“ တံတား အဆင်းဖက်နားတွေဆို သိန်းသောင်းနဲ့ချီခေါ်နေတာ ဝယ်တာရောင်းတာတော့မကြားဘူး အရင်က သိန်းရာဂဏန်းမြေကွက်တွေလည်း အခု ထောင်နဲ့ချီဘဲ ခေါ်နေကြတယ် “ ဟု ဒေသခံအမျိုးသမီးတစ်ဦး ကပြောသည်။
လက်ရှိ လူမှုကွန်ယက်စာမျက်နှာက်တဆင့် ဒလအိမ်ခြံမြေ ဝယ်ရောင်းစျေးခေါ်မှုများတွင်လည်း ပေ ၂၀ ပေ၆၀ ဂန် မြေကွက်ကို ကျပ်သိန်းငါးထောင် ကနေ တစ်သောင်းဝန်းကျင်အထိ ဈေးခေါ်မှုများလုပ်ဆောင်နေသလို ရွာမြေကွက်များကို ကျပ်သိန်းထောင်ဂဏန်းထိ ဈေးခေါ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။
မြန်မာ-ကိုရီးယား ချစ်ကြည်ရေး (ဒလ)တံတားစီမံကိန်းလုပ်ငန်းများအားလုံးကို ယခုနှစ် ဒီဇင်ဘာလကုန်တွင်ပြီးစီးနိုင်ဆောင်ရွက်နေကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ပြောကြားထားသည်။
အဆိုပါ တံတား ပြီးစီးသွားပါက ရန်ကုန်မြို့မှ ဒလ၊ တွံ့တေး၊ကော့မှုး နှင့် ကွမ်းခြံကုန်းမြို့နယ် များ သို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်သည်။
